Monday, May 24, 2010

မင်္ဂလာဈေး မီးလောင်

ခိုင်စု | တနင်္လာနေ့၊ မေလ ၂၄ ရက် ၂၀၁၀



ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာဈေးကြီး၌ ယနေ့ နံနက် ၈ နာရီ ၂၀ မိနစ်မှ စတင်ကာ မီးလောင်လျက် ရှိသည်။

မင်္ဂလာဈေး၏ အပေါ်ဆုံးထပ် ဆေးဝါးနှင့် ပရိဘောဂဆိုင်များတွင် စတင်လောင်ကျွမ်းလျက်ရှိပြီး အောက်ထပ်သို့ပါ ဆက်လက် ကူးစက်နေသည်ဟု မီးသတ်ဝန်ထမ်းများက တယ်လီဖုန်းမှတဆင့် ပြောသည်။

မျက်မြင်သက်သေတဦး အဆိုအရ မီးစတင်လောင်ကျွမ်းမှုဖြစ်ပြီး နာရီဝက်တွင် မီးသတ်ကားများ ရောက်လာသော်လည်း ရေပက်လောင်းနိုင်မှု မစတင်နိုင်သေးဟု ပြောသည်။



ရာပေါင်းများစွာသော လူအုပ်ကြီးက ကြည့်ရှု့နေပြီး ”အကြီးအကျယ် လောင်နေတာ” ဟု သူက ပြောသည်။

မင်္ဂလာဈေးရှိ မီးဖိုချောင်သုံးပစ္စည်း ရောင်းချသည့် ဆိုင်ရှင်တဦးက “ကျမတို့ဆိုင်က လူတွေက ၉ နာရီလောက်မှာ ဖုန်းဆက်ပြီး ပြောလို့သိတာ။ လေးထပ်က စလောင်တယ်၊ ၃ ထပ်ရောက်နေပြီလို့တော့ နောက်ဆုံးသိရတယ်။ တော်တော် ကြီးကြီး လောင်တာလို့ ပြောတယ်” ဟု ပြောသည်။

ယခု သတင်းပေးပို့ချိန် မြန်မာစံတော်ချိန် နံနက် ၁၀ နာရီခွဲအထိ ဆက်လက် လောင်ကျွမ်းလျက်ရှိကြောင်း သိရသည်။


No comments: