Friday, May 7, 2010

ငရဲပန်းကို ရွှေပန်းထင်တဲ့ ဦးခင်မောင်ဆွေသို့ အိတ်ဖွင့်ပေးစာ

မောင်သြ

ဦးဆွေလို့ပဲ ခေါ်ခွင့်ပြုပါခင်ဗျား …

၂၆-၄-၂၀၁၀ နေ့ထုတ် အလင်းတန်းဂျာနယ်မှာ ဦးဆွေရဲ့ အင်တာဗျူးနဲ့ ဦးအုန်းကြိုင်ရဲ့ အင်တာဗျူးနှစ်ခုကို ဖတ်ရပါတယ်။ ဦးအုန်းကြိုင်ရဲ့ အင်တာဗျူးကတော့ လိုရင်းတိုးရှင်းနဲ့ တိတိကျကျ ရေးထားတာမို့ အကျယ်မချဲ့တော့ဘူး။ အဲ … ဦးဆွေရဲ့ အင်တာဗျူးကတော့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ မရေရာ မသေချာ၊ ဝေေ၀၀ါးဝါး မပြတ်မသား၊ ဘူးလုံးနားမထွင်းဖြစ်နေတာတွေ များနေတာမို့ ဒီပေးစာနဲ့ တုံ့ပြန်ရေးလိုက်ရတာပါ။

ကျနော်ကတော့ သာမန်အန်အယ်လ်ဒီ အဖွဲ့ဝင်တဦးပါ။ တိုင်းအဆင့်၊ ဗဟိုဦးစီးအဆင့်ရှိသူ မဟုတ်သော်လည်း အန်အယ်လ်ဒီအပေါ် စိတ်ဝင်စားသူ၊ အန်အယ်လ်ဒီခေါင်းဆောင်များအပေါ် လေးစားယုံကြည်သူတဦး ဖြစ်ပါတယ်။ မြင့်မိုရ်တောင်ကြီးကို လှမ်းပြီး ဆီးစေ့နဲ့ ပေါက်တယ်လို့ မယူဆစေချင်ပါ။

ကျနော်ပြောချင်တာကတော့ ဦးဆွေတို့ အန်အယ်လ်ဒီက ထုတ်ပြန်ထားတဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းနဲ့ နအဖစစ်အစိုးရက ထုတ်ပြန်လိုက်တဲ့ (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမိန့်ကြေညာစာအမှတ် ၁/၂၀၁၀၊ ၂/၂၀၁၀၊ ၃/၂၀၁၀၊ ၄/၂၀၁၀ စတဲ့) နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများ၊ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများ မတူညီမှု၊ ၀ိရောဓိဖြစ်မှုများအပေါ် ပြောချင်တာပါ။

ရှေးဦးစွာ ဦးဆွေတို့ အန်အယ်လ်ဒီက ထုတ်ပြန်လိုက်တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကိစ္စ။ ယနေ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ် ဖြတ်သန်းမှုတခုအပေါ်မှာ အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းဟာ နအဖစစ်အစိုးရဘက်ကရော၊ ပြည်တွင်းပြည်ပ အတိုက်အခံ ဒီမိုကရေစီအင်အားစု အဖွဲ့အစည်းအားလုံးကပါ အလေးအနက်ထား စဉ်းစားစရာတခု ဖြစ်သလို အတိုက်အခံ အဖွဲ့အစည်းအားလုံးက ထောက်ခံခဲ့ကြတဲ့ ကြေညာစာတမ်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရေးလောကကြီးတခုလုံးကို တုန်လှုပ်ချောက်ချားသွားအောင် ကိုင်လှုပ်နိုင်စွမ်းရှိခဲ့ပါတယ်။ အဲဒီအထင်ကရ ကြီးကျယ်လှတဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကြီးကို ပြုစုရေးသားခဲ့သူ ဦးဆွေနှင့် ဒေါက်တာသန်းငြိမ်းတို့ကိုလည်းကောင်း၊ ၀ိုင်းဝန်းဖြည့်စွက်အကြံပေးခဲ့သူ ဦးစိန်လှဦးကိုလည်းကောင်း၊ အထူးကျေးဇူးတင်ရှိရုံတင်မက ပို၍ပင် လေးစားယုံကြည်မိပါတယ်။

ဦးဆွေရဲ့ အင်တာဗျူးထဲက “နိုင်ငံရေးတာဝန်တွေကို ကျနော်တို့ ဆက်ပြီးယူသွားမှာပါ” ဆိုတဲ့ စကားကို အရင်သုံးသပ်ကြည့်ရအောင်။ ဦးဆွေရဲ့ “မေလ (၆) ရက် ကျော်တဲ့အထိ အန်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် သစ္စာခံတဲ့အတွက် ဘာကိုမှ ပြောဦးမှာမဟုတ်ပါဘူး” ဆိုတဲ့ စကားဟာ အချိန်အတိုင်းအတာတခုကို ရောက်ရင် သစ္စာမခံတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ကို သက်ရောက်စေပါတယ်။ စိတ်မကောင်းပါ။ ဒါဟာ ပရိယာယ်ပါတဲ့၊ စကားလုံးကုလားဖန်ထိုးပြီး အန်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် တချိန်ကျရင် သစ္စာဖောက်မယ်၊ လမ်းခွဲမယ်ဆိုတဲ့ အယူအဆတခုကို ဖော်ထုတ်လိုက်တာပါပဲ။

နောက် ဦးဆွေက အခြေခံဥပဒေကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ပြတ်သားကြရမှာပဲ။ ဘာကို ပြတ်သားရမှာလဲ။ အခြေခံဥပဒေကြီးကို မချစ်သော်လည်း အောင့်ကာနမ်းနေရမှာလား။ မကြိုက်သော်လည်း သည်းခံခေါင်းညိတ်လိုက်နေရမှာလား။ ဒါဟာေ၀၀ါးတွေဝေစေတဲ့ မပြတ်သားတဲ့ ဆင်ခြေတွေပဲ။ နောက် လွှတ်တော်ထဲမှာ ပြင်ဆင်လို့ရမှာ … တဲ့။ တော်တော် ဟာသပြက်လုံး ပြောတတ်တဲ့သူပါလား။

ပါတီမှတ်ပုံတင်/ရွေးကောက်ပွဲဝင်ကတည်းက အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမယ်ဆိုတဲ့ ၀န်ခံကတိတွေနဲ့ လက်မှတ်ထိုးဝင်လာကြရတာ။ လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ပဲရှိတယ်။ ပြင်ဆင်ဖြည့်စွက်ဖို့ တာဝန်မရှိဘူးဆိုပြီး ပါးစပ်ပိတ်ထားရမှာ။

နောက် အခြေခံဥပဒေကို ပြင်ဆင်ချင်တယ်ဆိုရင်တောင် (၇၅) ရာခိုင်နှုန်းကျော်မှတဲ့။ (၇၆) ရာခိုင်နှုန်းဖြစ်ဖို့ဆိုတာ အက္ခရာသင်္ချာနည်းနဲ့ပဲ တွက်တွက်၊ ဟူးရားဗေဒင်နက္ခတ်နည်းနဲ့ပဲ တွက်တွက် ဝေးသထက်ဝေးပါသေးတယ် ဦးဆွေ။ တပ်မတော်ရဲ့ ရာသက်ပန် စစ်အုပ်ချုပ်ရေး ဦးစားပေးအလေးထား ရေးဆွဲထားတဲ့ ဥပဒေ။ ဘယ်တော့မှ ပြင်ခွင့်ပေးမှာမဟုတ်၊ ပေးလိုက်တာနဲ့ သူတို့ဘ၀ပျက်မယ်၊ ဒါကို သိထားတဲ့အတွက် ပြင်မရအောင် အပိုင်ချုပ်ထားတာ။ လွှတ်တော်တွေမှာ စစ်တပ်က (၂၅) ရာခိုင်နှုန်းယူထားပြီးတဲ့အပြင် စစ်တပ်ရဲ့ လက်ရုန်းတပ်သား အရံကိုယ်စားလှယ်တွေ၊ ကျွေးမွေးထောက်ပံ့ထားတဲ့ ဒူးမနာသား ကိုယ်စားလှယ်တွေက အနည်းဆုံး (၁၀) ကနေ (၂၀) ရာခိုင်နှုန်းအထိ ရှိနေဦးမယ်ဆိုတာ ဦးဆွေ သိထားဖို့ ကောင်းပါတယ်။

ဦးဆွေတို့ နှလုံးသားထဲက သွေးနဲ့ရေးခဲ့ရတဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းပါ အချက်တွေဖြစ်တဲ့ …



No comments: