သျှမ်းသံတော်ဆင့်
နအဖ စစ်ယာဉ်တန်းက မိမိဖာသာ ပေါ့လျော့မှုကြောင့် မိမိကျည်လွတ်ထွက်မှုကို အပစ်ရပ်သျှမ်းပြည် တပ်မတော်ခြုံ ခိုတိုက်ခိုက်သည်ဟု လားရှိုးဒုတိုင်းမှူးက SSA ရုံးတာဝန်ခံအားခေါ်ပြော စွပ်စွဲခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။
မနေ့ကဖြစ် တဲ့ခြုံခို တိုက်ခိုက်မှု ဆိုတာ မဟုတ်ဘူး၊ ကျနော်တို့ အတိအကျ စုံစမ်း ပြီးပြီ။ စစ်ယာဉ် တန်းက နအဖ စစ်သား တွေပေါ့ လျော့ မှုကြောင့် သူတို့အော်တို သေနတ် MA 79 ကျည်လွတ် ထွက်ပြီး သူတို့ အချင်းချင်းပြန် ထိမိတာ၊ တယောက် သေတယ်၊ ၄ ယောက် ဒဏ်ရာ ရတယ်။ အဲဒါကို လားရှိုး ဒုတိုင်းမှူးက အသေအချာ မစစ်ဆေး ဘဲနဲ့ ကျနော်တို့ လားရှိုး ရုံး တာဝန်ခံကို ဆင့်ခေါ် ပြီး ‘တပ်မဟာ ၁ က ခြုံ ခိုတိုက် ခိုက်တာ၊ ဒီကိစ္စ တာဝန် မယူရင် စစ်ရေးနဲ့ ပြန်အရေး ယူမယ်’ ပြောတယ်၊ အကြောင်းမရှိ အကြောင်း ရှာပြီး စွပ်စွဲတာဘဲ” - ဟု တပ်မဟာ ၁ တပ်မှူး တဦးက ပြောပါသည်။
ဧပြီ ၂၉ ရက် ခမယ ၃၂၆ တန့်ယန်း စစ်ယာဉ်တန်း ၃ စီး တန့်ယန်းဘက်မှ လားရှိုးဘက်သို့ ခရီးထွက်စဉ် မိုင်း ရယ်မြ့နယ် ဟိုယကျေးရွာအုပ်စု - ဟိုယ နှင့် လွိုင်ငင်း အကြား ၎င်းတို့ပေါ့လျော့မှုကြောင့် မတော်တဆ ဖြစ်ရသည့် ကိစ္စအပေါ် ရမခ (အရှေ့မြောက် ပိုင်းတိုင်း စစ်ဌာနချုပ်) ဒုတိုင်းမှူးက မြောက်ပိုင်း အပစ်ရပ် သျှမ်းပြည် တပ်မတော် လက်ချက်အဖြစ် စွပ်စွဲသည်ဟု ဆိုသည်။
နအဖအာဏာပိုင်များ ပြဿနာအရင်းအမြစ် အတိအကျ စုံစမ်းသင့်ကြောင်း ၊ အပစ်ရပ် SSA ကို ယခုကဲ့ သို့ လက်လွတ် စပယ် လက်ညှိုးမထိုးသင့်ကြောင်း - ဤကဲ့သို့ ဆက်ပြော၏။
“(အပစ်ရပ်)သျှမ်းပြည်တပ်မတော် အနေနဲ့ စပစ်ဖို့ အမိန့်အာဏာမရှိ၊ နအဖ စစ်တပ်ကျူးကျော်လာမှ မိမိ ကိုယ်မိမိ ခုခံကာကွယ်ဖို့ဘဲရှိတယ်။ နအဖ နဲ့ ဗိုလ်မွန်းပေါင်းပြီး အကြံအဖန်ထုတ်တာလဲ ဖြစ်နိုင်တယ်။ တကယ်မတော်တဆဖြစ် တဲ့ကိစ္စ ဖြစ်ချင်ဖြစ်မယ်၊ တမင်ကြံဖန် လံကြိုပ် ဇာတ်လမ်းဆင်တာလဲဖြစ်နိုင်တယ်” - ဟုသျှမ်းသံ တော်ဆင့်သို့ပြန်လည် ပြောပြပါသည်။
၁၉၆၄ က စတင်တည်ထောင်ခဲ့သော သျှမ်းပြည်တပ်မတော်သည် ၁၉၈၉ တွင် (ထောင် ၁၀၆ နှစ် ကျခံနေ ရသည့် ) ဗိုလ်ချုပ်ဆေထဲန် ဦးဆောင် အပစ်ရပ်ခဲ့သည်။ အထူးဒေသ ၃ အပစ်ရပ် သျှမ်းပြည်တပ်မတော်အမည် ဖြင့် ရပ်တည် ခဲ့သော်လည်း ထိုစဉ် န၀တ က အထူးရဲ တပ်ဖွဲ့အနေဖြင့်သာ သဘောထားဆက်ဆံခဲ့သည်။
ယခုအသွင်ပြောင်းမည့်ကိစ္စတွင် CF - SSA အနေဖြင့် မူအားဖြင့်သာလက္ခံထားပြီး ‘လူသူလက်နက်စာရင်း တချို့ပေး ထားခဲ့သော်လည်း ရာနှုန်းပြည့်အသွင်ပြောင်းခြင်းမဟုတ်၊ သျှမ်းပြည်တပ်မတော် အမှတ်တံဆိပ် ဖြုတ်ပြီး ဌာနေ ပြည်သူ့ စစ်တံဆိပ်အစားထိုးတပ်ရမည်ဆိုပါက’ လုံးဝလက်ခံမည်မဟုတ်၊ ယခုအသွင်ပြောင်းစာရင်းပေးထားသည်မှာ လည်း ၁၀% လောက်သာရှိပြီး ၉၀% က လုံးဝ လက်မခံသေးကြောင်း အဆိုပါတပ်မှူး ကပြောပါသည်။
No comments:
Post a Comment