Monday, June 21, 2010

ရွေးကောက်ပွဲ နှိုင်းယှဉ် လေ့လာချက်များ (၁၉၉၀ – ၂၀၁၀)

မောင်ကိုး

၁၉၈၈ ခုနှစ် လူထုဒီမိုကရေစီ လှုပ်ရှားမှုကြီးကို စစ်တပ်က ဖြိုခွင်းခဲ့ပြီး စက်တင်ဘာလ ၁၈ ရက် နေ့တွင် အာဏာသိမ်းခဲ့သည်။ ထိုအချိန်မှစ၍ စစ်တပ်က ၂၂ နှစ်တိုင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မရှိဘဲ တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည်။

၁၉၉၀ ခုနှစ်တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က စစ်တပ်ထောက်ခံသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) ကို ထောက်ခံမဲ အများစုဖြင့် အပြတ်အသတ် အနိုင်ရခဲ့သည်။ သို့သော်စစ်အစိုးရက အာဏာလွှဲပေးရန် ငြင်းဆန်ခဲ့သည်။ စစ်တပ်က နိုင်ငံရေးကို လွှမ်းမိုးချုပ်ကိုင်နိုင်ခွင့် ပေးထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၅ နှစ်ကြာခန့် ရေးဆွဲခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် လူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သည်။

စစ်အစိုးရက ထုတ်ပြန်ထားသော ၂၀၀၈ ရွေးကောက်ပွဲ ဥပဒေများက ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးဖြစ်စဉ်မှ ဖယ်ထုတ်ထားသည့်အတွက် လာမည့် ၂၀၁၀ ရွေးကောက်ပွဲကို NLD က သပိတ်မှောက်ခဲ့သည်။

ထို့နောက် စစ်အစိုးရသည် အစဉ်အဆက်ကျင့်သုံးခဲ့သော စစ်တပ်သည် ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဆိုသည့် စည်းကမ်းချက်ကို စွန့်လွှတ်လိုက်သည်။ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်များသည် နေ့ချင်းညချင်း စစ်ယူနီဖောင်းချွတ်ကာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ထူထောင်လိုက်ပြီး ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်လာကြသည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီမှ လူဟောင်းများဖြင့် ဖွဲ့စည်းထားသော တစည နှင့် ယခု စစ်အစိုးရက ကြိုးကိုင်ထားသည့် USDP တို့ကို နှိုင်းယှဉ် လေ့လာ၍ တင်ပြထားပါသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (၁၉၉၀) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (၂၀၁၀)
၁။ ဗိုလ်ချုပ်ကြီး နေ၀င်း လောင်းရိပ်အောက်တွင် တိုက် ရိုက်မရှိပါ။ ဗိုလ်ချုပ်ကြီး နေ၀င်းကို ကြည်ညိုလေးစားမှု မပျက်ပါ။

၂။ အာဏာရပါတီ မဟုတ်ဘဲ စစ်တပ်၏ ကျော ထောက်နောက်ခံဖြင့် ယှဉ်ပြိုင်သည်။

၃။ ရွေးကောက်ပွဲကို ကိုယ်တိုင် ဒိုင်လူကြီး လုပ်ခွင့်မရ ခဲ့ပါ။

၎။ ပါတီရန်ပုံငွေ အခက်အခဲ မရှိ၊ သို့သော် စီးပွားရေး အခွင့်အလမ်းများလည်း ရရှိမထား။

၅။ ခေါင်းဆောင်ပိုင်းတွင် နိုင်ငံရေးခံယူချက် ရှိသည်။

၆။ ခေါင်းဆောင်တချို့ သမိုင်းကြောင်းနှင့် ဂုဏ်သတင်း အတိုင်းအတာတခုထိ ကောင်းမွန်သည်။

၇။ ရွေးကောက်ပွဲတွင် နိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။

၈။ ပါတီဝင်များ နိုင်ငံရေးခံယူချက် ရှိသည်။

၉။ ပါတီတခု၏ အင်္ဂါရပ်ဖြစ်သော နိုင်ငံရေးလမ်းစဉ် ရှိသည်။

၁၁။ ဥပဒေနှင့် မညီသော ပေါ်ပေါ်တင်တင် လုပ်ဆောင်ချက် မရှိ။

၁၂။ ပြိုင်ဖက် ပါတီကြီး တခုရှိနေသည်။ ၁။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လောင်းရိပ်အောက်မှ တိုက်ရိုက် ၀င်ရောက်ယှဉ်ပြိုင်သည်။ ဗိုလ်ချုပ်မှူးကြီးကို ကြည်ညိုလေးစားမှု မရှိပါ။

၂။ စစ်တပ်မှ ဖွဲ့စည်းထူထောင်၍ အာဏာရ ပါတီသဖွယ် ၀င်ရောက် ယှဉ်ပြိုင်သည်။

၃။ ၀န်ကြီးရာထူးများ မစွန့်လွှတ်ဘဲ ရွေးကောက်ပွဲကို ကိုယ်တိုင် ဒိုင်လူကြီးလုပ်၊ ကိုယ်တိုင် ၀င်ပြိုင်ခွင့် ရထားသည်။

၎။ ပါတီရန်ပုံငွေ အကန့်အသတ်မရှိ။ စီးပွားရေးအခွင့်ထူး များလည်း ရရှိထား။

၅။ ခေါင်းဆောင်ပိုင်းတွင် နိုင်ငံရေးခံယူချက်ထက် ကိုယ်ကျိုးစီးပွား ရည်ရွယ်ချက်များသာ ရှိနေသည်။

၆။ ခေါင်းဆောင်များ သမိုင်းကြောင်းနှင့် ဂုဏ်သတင်း မကောင်းပါ။

၇။ ရွေးကောက်ပွဲတွင် အနိုင်ရမည်ဟု ယုံကြည်နေသည်။

၈။ ပါတီဝင်များ နိုင်ငံရေးခံယူချက် မရှိပါ။

၉။ ပါတီတခုနှင့် မတူဘဲ ဌာနဆိုင်ရာ တခုနှင့် တူသည်။

၁၁။ ဥပဒေ ချိုးဖောက်မှုများနှင့် တိုက်ရိုက် ပတ်သက်နေသည်။

၁၂။ ပြိုင်ဖက် ပါတီကြီး တခုမှ မရှိပါ။

ပြည်သူနှင့် အတိုက်အခံ အင်အားစုများ အခြေအနေ (၁၉၉၀) ပြည်သူနှင့် အတိုက်အခံ အင်အားစုများ အခြေအနေ (၂၀၁၀)
၁။ မြန်မာ့ လူ့အဖွဲ့အစည်းတွင် စီးပွားရေး မညီမျှမှုများ မြင်သာထင်သာ မရှိပါ။

၂။ ပြည်သူလူထုဘက်တွင် ငွေကြေး ရှားပါးသည်။

၃။ ပြိုင်ဘက် ဒီမိုကရေစီ အင်အားစုတွင် ငွေကြေးမရှိပါ။

၎။ ပြိုင်ဘက် ဒီမိုကရေစီအင်အားစုများ ညီညွတ်သည်။

၅။ ရွေးကောက်ပွဲသတင်းများ ဖော်ပြရန် အစိုးရ သတင်းစာ၊ ရေဒီယိုနှင့် တီဗီတို့သာ ရှိသည်။

၆။ ရွေးကောက်ပွဲကို သံသယဖြင့် စောင့်ကြည့်သူများ ရှိသော်လည်း ဆန့်ကျင်မှုများမှာ မပြင်းထန်ပါ။

၇။ ပြိုင်ဘက် ဒီမိုကရေစီ အင်အားစုများကို အချင်းချင်း နှိပ်ကွပ်မည့် အင်အားစုမရှိပါ။

၈။ ရွေးကောက်ပွဲအပြီး နိုင်ငံရေး ဖွဲ့စည်းပုံကို မမြင်နိုင် ခဲ့ပါ။

၉။ ရွေးကောက်ပွဲ ၀င်မည့် အင်အားစုများကို နိုင်ငံ တကာက အားပေးသည်။

၁၀။ ပြည်သူလူထုထဲတွင် အကြောက်တရား ရှိသော် လည်း နိုင်ငံရေးဖိနှိပ်မှုကို ကြောက်ရွံ့ခြင်းမရှိ၊ ထို့ ကြောင့် ပြည်သူဘက်တွင် တက်ကြွမှုရှိ သည်။

၁၁။ ပြည်သူများအကြား မျိုးဆက်သစ်နှင့် မျိုးဆက်ဟောင်း သဘောထား ကွာဟမှုမရှိပါ။

၁၂။ မဲတပြားသာ ထည့်ရခြင်းဖြစ်၍ ပြည်သူ နားလည် လွယ်သည်။

၁၃။ အုပ်ချုပ်ရေးယန္တရားတွင် ခြစားနေမှု ယနေ့လောက် မဆိုးပါ။

၁၄။ ပြည်သူများအကြား ဆင်းရဲချမ်းသာ ကွာဟမှုမရှိပါ။

၁၅။ ပုဂ္ဂလိကကဏ္ဍ မကြီးထွားသေးပါ။ နိုင်ငံရေးတွင် လည်း အရေးမပါသေးပါ။

၁၆။ ပြိုင်ဘက်များကို လုံလောက်သော ပြင်ဆင်ချိန် ပေးထားသည်။

၁၇။ စစ်တပ် လိုလားသောအစိုးရ ဖွဲ့ခွင့်မရလျှင် မည်သို့ ဆောင်ရွက်မည်ကို ပြင်ဆင် မထား။

၁၈။ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲကို လက်ခံ သည်။ ၁။ ယခုမြန်မာ့ လူ့အဖွဲ့အစည်းတွင် စီးပွားရေးမညီမျှမှု များ မြင်သာထင်သာရှိနေသည်။

၂။ ပြည်သူလူထုထံတွင် ငွေကြေး အတိုင်းအတာတစ်ခု အထိရှိနေသည်။ သို့သော် အစိုးရနှင့် တနည်းနည်း ပတ် သက်နေသည်။

၃။ အသစ်ပေါ်လာသော ပြိုင်ဘက် ဒီမိုကရေစီ အင်အား စုများဘက်တွင် ငွေကြေးမရှိ။

၎။ ပြိုင်ဘက် ဒီမိုကရေစီ အင်အားစုများတွင် ရွေး ကောက်ပွဲ ဝင်ရေး မဝင်ရေး နှစ်ခြမ်းကွဲနေသည်။

၅။ ရွေးကောက်ပွဲသတင်းများ ဖော်ပြရန် အင်တာနက်၊ ပုဂ္ဂလိကဂျာနယ် နှင့် လူမှုရေးအဖွဲ့အစည်းမျိုးစုံ ရှိနေ သည်။

၆။ ရွေးကောက်ပွဲကို သံသယဖြင့် စောင့်ကြည့်သူ များလွန်းပြီး ပြည်တွင်း၊ ပြည်ပ အင်အားစုများ အကြား သဘောထား ကွဲလွဲမှု ကြီးမားလွန်းသည်။

၇။ ပြိုင်ဘက် ဒီမိုကရေစီ အင်အားစုများကို အချင်းချင်း နှိပ်ကွပ်မည့်သူ များစွာ ရှိနေသည်။

၈။ ရွေးကောက်ပွဲအပြီး နိုင်ငံရေးဖွဲ့စည်းပုံ အသစ် ပေါ် ပေါက်ရန် သေချာသည်။

၉။ ရွေးကောက်ပွဲဝင်ရေး မ၀င်ရေးအပေါ် နိုင်ငံတကာက ခြံစည်းရိုး ခွထိုင်ထားသည်။

၁၀။ ပြည်သူလူထု၏ အကြောက်တရား ပိုရှိနေသည်။ တက်ကြွမှု အားနည်းသည်။

၁၁။ ပြည်သူများအကြား မျိုးဆက်သစ်နှင့် မျိုးဆက် ဟောင်း သဘောထားခြင်း မတူကြပါ။

၁၂။ မဲသုံးပြား ထည့်ရမည်ဖြစ်၍ ပြည်သူ နားလည် လွယ်သည့် အခြေအနေမဟုတ်ပါ။

၁၃။ အုပ်ချုပ်ရေးယန္တရား တခုလုံး ခြစားနေသည်။

၁၄။ ပြည်သူများအကြား ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားလွန်းနေသည်။

၁၅။ ပုဂ္ဂလိကကဏ္ဍ အတိုင်းအတာတစ်ခုထိ ကြီးထွား လာသည်။

၁၆။ ပြိုင်ဖက်များကို လုံလောက်သော ပြင်ဆင်ချိန် ပေးမထား။

၁၇။ စစ်တပ်က စိတ်ကြိုက် ခြယ်လှယ်ခွင့်မရလျှင် မည်သို့ ဆောင်ရွက်မည်ကို ပြင်ဆင်ထားပြီး။

၁၈။ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲကို လက် မခံပါ။

မောင်ကိုးသည် ရန်ကုန်မြို့တွင်နေထိုင်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသူတဦး ဖြစ်ပါသည်။

No comments: