Thursday, June 24, 2010

၄၅ မိနစ်ကြာ ၀န်ကြီးချုပ် သိန်းစိန် မောင်တော ခရီးစဉ် ရေဘေး ဒုက္ခသည်များ အတွက် ထူးခြားမူ မရှိ

Narinjara News

နအဖ ၀န်ကြီးချုပ် ဦးသိန်းစိန်သည် ယနေ့ နံနက်က မောင်တော မြို့သို့ ရဟတ်ယာဉ်နှစ်စီးဖြင့် ရောက်ရှိလာပြီး ၄၅ မိနစ်ခန့် အကြာတွင် မောင်တောမှ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

မြို့ခံ တဦးက � ၉ နာရီ ၄၅ မိနစ်မှာ ရောက်ပါတယ်။ ၁၀ နာရီခွဲမှာ မောင်တောက ပြန်ထွက်ခွာ သွားပါတယ်။ မောင်တော အစည်းအဝေးခန်းမမှာ ဌာနဆိုင်ရာ အရာရှိကြီးတွေကို စကားနည်းနည်းပါးပါး ပြောပြီး ပြန်ထွက်ခွာသွားပါတယ်� ဟု ပြောသည်။

အစည်းအဝေးတွင် ရေးဘေး အကူအညီများ ပေးအပ်သွားမည် ဖြစ်ကြောင်းနှင့် စပါးစိုက်ပျိုးရာသီ အမှီ စပါး စိုက်ပျိုးနိုင်ရန် ရေဘေးသင့် လယ်သမားများကို နိုင်ငံတော်မှ ကူညီရန်လည်း ပြောကြားသွားသည်ဟု သူက ပြောသည်။

�နိုင်ငံတော်က ကူညီပေးမယ့် အပိုင်းတွေနဲ့ ရွှေးကောက်ပွဲ ကိစ္စအတွက်လည်း အစည်းအဝေးမှာ ပြောသွားပါတယ်။ အဓိကတော့ နိုင်ငံတော် တည်ငြိမ်ရေးဟာ မရှိမဖြစ် လိုအပ်တဲ့အတွက် ဒို့တာဝန် အရေးသုံးပါးကို အလေးထားပြီး ရွှေးကောက်ပွဲမှာ နိုင်ငံတော် အစိုးရ ထောက်ခံတဲ့ ပါတီကို မဲပေးဖို့နဲ့ အနိုင်ရရှိရေး အတွက် ပြုလုပ်ကြဖို့ အရိပ်အမြွက် ပြောဆိုသွားခဲ့ပါတယ်။�

မောင်တော ဘော်လုံးကွင်းတွင် ရပ်နားထားသည့် ရဟတ်ယာဉ်သို့ မပြန်မှီ မောင်တောမြို့ကို နည်းနည်းပါပါး လှည့်လည် ကြည့်ရှု့သွားခဲ့သည်ဟု သိရသည်။

သူပြန်သွားပြီးနောက် သူနှင့် အတူပါလာသော ရေဘေး အကူအညီများကို ကျေးရွာ ရယကများမှ ရေဘေးသင့်သူ မိသားစုများသို့ လှူဒါန်းကြသည်ဟု သိရသည်။

လက်ခံရရှိသူ တဦးက � ပါကင်ထုပ် တထုတ်စီ မိသားစု တစုစီကို ဝေပေးပါတယ်။ စောင်ကြမ်း တထည်နဲ့ လုံချည် အကြမ်း၊ ထဘီ အကြမ်း တထည်စီ ပါဝင်ပါတယ်။ မက်မန်း ခေါက်ဆွဲ ထုပ်တွေလည်း ပါဝင်တယ်။ နိုင်ငံတော် ၀န်ကြီးချုပ် အလှူဆိုပီး စာကပ်ထားပါတယ်။ လက်ခံ ရရှိသူတိုင်းကို ရယက စာရေးက ဓါတ်ပုံ ရိုက်ပါတယ်� ဟု ပြောသည်။

ရေဘေးကြောင့် လူပေါင်း သောင်းချီ အိုးမဲ့ အိမ်မဲ့ ဖြစ်သွားခဲ့ကြရပြီး ယခုအချိန်ထိ သောက်သုံးရေ၊ ဆေးဝါး၊ အစားအစာနှင့် အိမ်များ ပြန်လည် ဆောက်လုပ်ရန် အကူအညီများ လိုအပ်နေဆဲ ဖြစ်ကြောင်း သိရသည်။


No comments: