Saturday, March 12, 2011

ကြံ့ဖွံ့ငွေချေး တရပ်ကွက် ကျပ် ၆ သိန်း

မဇ္ဈိမသတင်းဌာန

ရန်ကုန်တိုင်း ၄၅ မြို့နယ်ရှိ ၎င်းတို့၏ ပါတီဝင်များအတွက် တရပ်ကွက်လျှင် ကျပ် ၆ သိန်းနှုန်းဖြင့် ငွေချေးနေကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်များက ပြောသည်။

တလလျှင် ၂ ရာခိုင်နှုန်း အတိုးဖြင့် ၆ လအကြာတွင် ပြန်ဆပ်ရမည့်ချေးငွေများ လက်ခံရယူရန် ရန်ကုန်တိုင်း ပါတီရုံးက မြို့နယ်များသို့ မတ်လဆန်းကတည်းက ပေးပို့ထားသည်။

"ကျနော်တို့ရပ်ကွက်က ယူတဲ့သူတွေ တယောက် ၃ သောင်းလောက် ရတယ်။ ရယက အဖွဲ့ဝင်တွေပဲ ယူတာ များပါတယ်။ တချို့လည်း မယူတော့ဘူး။ အတိုးက ၂ ကျပ်တိုး။ တတိုင်းလုံး ချပေးမယ်လို့ ပြောတယ်" ဟု လှိုင်မြို့နယ်မှ ပါတီဝင်တဦးက မဇ္ဈိမကို ပြောသည်။

"တချို့ရပ်ကွက်ကျတော့ ယူမယ့်သူ မရှိလို့ ဥက္ကဋ္ဌကပဲ ယူထားလိုက်တယ်" ဟု သူက ပြောသည်။

No comments: