ကိုရီးယားနိုင်ငံတွင် ရောက်ရှိနေသော ရခိုင်လူငယ်များနှင့် ကိုရီးယားပြန် ရခိုင်လူငယ်များ စုပေါင်းပြီး လေဘေးဒဏ်ကို ခံခဲ့ရသော ကျောက်ဖြူမှ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း အတွက် အမိုးသွပ်ပြား ပေးပို့ လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။ကျောက်ဖြူမှ လူငယ် တစ်ဦးက “ ကျောက်ဖြူမြို့ အရာရှိ ရပ်ကွက်မှာ ရှိတဲ့ ဇေယျာသီရိကျောင်းကို လှူဒါန်းတာ ဖြစ်ပါတယ်။ ဆရာတော် အရှင်ဝံရသာမိက လက်ခံယူခဲ့ပါတယ်” ဟု ပြောသည်။
စုပေါင်း အမိုးသွပ်ပြား အတွက် လှူဒါန်းငွေမှာ ကျပ် ၇ သိန်း ရှိပြီး မတ်လ ၅ ရက်နေ့က လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဂီရိသင့် ရခိုင်ပြည်သူများ အတွက် နိုင်ငံတကာမှ အကူအညီများ ကောက်ခံ ပေးပို့ လှူဒါန်း လျက်ရှိရာ တောင်ကိုးရီးယားရောက် ရခိုင်လူငယ်များကလည်း တတတ်တအား အနေဖြင့် ယခုကဲ့သို့ အကူအညီများ ကောက်ခံ ပေးပို့ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
ဂီရိမုန်းတိုင်း အတွင်း ကျောက်ဖြူ အရာရှိ ရပ်ကွက်တွင် တည်ရှိသော ဇေယျာသီရိကျောင်းလည်း ခေါင်းမိုးများကွာကျကာ ကျောင်းတော်၏ တချို့ အစိတ်အပိုင်းများ ပြိုပျက်သွားခဲ့ကြောင်း သိရသည်။
No comments:
Post a Comment