Tuesday, September 20, 2011

သန်း​ရွှေ အလွန် (၄)

မင်းလွင်

ကာကွယ်​ရေး ​ဦး​စီး​ ချုပ်​ဟောင်း​ ဦးသန်း ရွှေဟာ မြန်မာ့ တပ်မ​တော် ကို တရား မဝင် ​နောက်ကွယ် က​နေပြီး​ ဆက်လက်ပြီး​ ကွပ်ကဲ​နေ တာ​တွေကို ပြီး​ခဲ့​တဲ့​ အပတ်က တင်ပြ ခဲ့​ပြီး ​ဖြစ်ပါ တယ်။ ဒီတပတ် မှာ​တော့​ ဗိုလ်ချုပ် မှူး​ကြီး​ ဟောင်း​ ဦးသန်း​ ရွှေဟာ ဦး​စီး​ချုပ် ရာထူး​ကို ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ကို လွှဲ​ပြောင်း​ပေး​ရတာနဲ့​ ပတ်သက်ပြီး​ သုံး​သပ် တင်ပြသွား​ ပါမယ်။

ဗိုလ်ချုပ် မှူး​ကြီး​ ဟောင်း​ ဦး​သန်း​ ရွှေဟာ သူအာဏာ စရပြီး​ နောက်ပိုင်း​ ၁၉၉၂ ကတည်း​က တပ်မ​တော် အင်း​အား​ရှိမှ တိုင်း​ပြည်အင်း​အား​ ရှိမယ် ဆိုပြီး​တော့​ ​ကြွေး​ကြော်ပြီး​ တပ်မ​တော် အင်အား​ကို တိုး​ချဲ့​ခဲ့​ ပါတယ်။ ဗိုလ်ချုပ် မှုး​ကြီး​ သန်း​ရွှေဟာ မာစတာ ဘရိမ်း​ သမား​လို့​တပ်ထဲမှာ လူသိများ ​ပြီး​တော့​ စစ်တပ်​ နောက်​နောက် ခံပြု မြန်မာ နိုင်ငံဖြစ် ဖို့​အတွက် သူအာဏာ ရပြီး​ ကတည်း​က စီမံချက်​ ရေး​ဆွဲပြီး​ လုပ်​ဆောင် ခဲ့​ပါတယ်။ တပ်မ​တော်ဟာ တဖြည်း​ဖြည်း​ နဲ့​ပဲ သူအဖွဲ့​ အစည်း​ ဆိုင်ရာ စည်း​မျဉ်း​ နည်း​ဥပ​ဒေ​ တွေနဲ့​ မသွား​ တော့​ဘဲ ဦး​သန်း​ရွှေ အလိုကျ ရာထူး​ တိုး​မြင့်​ တာ​တွေ၊​ ဖယ်ရှာ တာ​တွေ ပြုလုပ် ခဲ့​ပြီး​တော့​ ​နောက်ဆုံး​မှာ စီနီယာ ဗိုလ်ချုပ်​ တွေကို ဖယ်ရှား​ ပြီး​တော့​ သူစိတ်ကြိုက် ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ကို ဦး​စီး​ချုပ် ရာထူး​ လွှဲ​ပြောင်း​ ပေး​ခဲ့​ ပါတယ်။

တကယ်​တော့​ သက္ကရာဇ် ၂၀၀၀ ​ကျော် အ​နှောင်း​ပိုင်း​ကာလာမှာ မြန်မာတပ်မ​တော် စစ်ရုံး​က စစ်ဗိုလ်ချုပ်အများ​စုဟာ ဗိုလ်ချုပ်မှူး​ကြီး​ သန်း​ရွှေ ​နောက်ပိုင်း​ ကာကွယ်​ရေး​ဦး​စီး​ချုပ် အသစ် ဘယ်သူဖြစ်မလဲဆိုတာ စိတ်ဝင်တစား​ သုံး​သပ်မှု​တွေ ရှိခဲ့​ပါတယ်။ ဗိုလ်ချုပ်ကြီး​သန်း​ရွှေ​နောက်ပိုင်း​ ကာကွယ်​ရေး​ဦး​စီး​ချုပ် ဖြစ်လာ​ရေး​နဲ့​ပတ်သက်ပြီး​ စစ်ဗိုလ်ချုပ်​တွေကြား​ထဲမှာ စာတမ်း​တ​စောင် ​ပေါ်ထွက်လာခဲ့​ပါတယ်။

အဲဒီစာတမ်း​မှာ​တော့​ ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေသာလျှင် တပ်ကို ထိန်း​သိမ်း​နိုင်မယ်။ ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေဟာ ဦး​နေဝင်း​နောက်ပိုင်း​ မြန်မာ့​တပ်မ​တော်ကို အဆင့်​မြင့်​အောင် လုပ်​ဆောင်နိုင်ခဲ့​တယ်။ တပ်မ​တော် အကျိုး​စီး​ပွား​အတွက် ပြုပြင်​ပြောင်း​လဲတာ​တွေကို လုပ်ခဲ့​တယ်လို့​ စစ်ဗိုလ်ချုပ် အ​တော်များ​များ​က ယုံကြည်​နေတယ်လို့​ သိရပါတယ်။

အဲဒီလို ယုံကြည်​အောင် လုပ်ထား​နိုင်ခဲ့​ပြီး​တော့​ ဦး​သန်း​ရွှေဟာ တပ်မ​တော်ကို အုပ်ချုပ်နိုင်သ​လောက် အုပ်ချုပ်​စေတာ အ​ကောင်း​ဆုံး​ပဲ၊​ ဦး​သန်း​ရွှေ မရှိတဲ့​ ​နောက်ပိုင်း​မှာလည်း​ ဦး​သန်း​ရွှေရဲ့​ စိတ်အချအရဆုံး​ ဘယ်သူကိုပဲ ဦး​စီး​ချုပ်ရာထူး​လွှဲလွှဲ တပ်မ​တော်ဟာ အလား​အလာ ​ကောင်း​နိုင်တယ်။ စစ်တပ် မပျိုကွဲနိုင်ဘူး​၊ စစ်တပ်ရဲ့​ အကျိုး​စီး​ပွား​ မထိခိုက်ဘူး​ဆိုတာကို တပ်မ​တော်က ထိပ်ပိုင်း​စစ်ဗိုလ်ချုပ်​တွေဟာ နား​လည်း​သ​ဘော​ပေါက် လက်ခံခဲ့​ကြပါတယ်။

ဒါ​ပေမယ့်​ မြန်မာတပ်မ​တော်ဟာ သူ့​အဖွဲ့​စည်း​နဲ့​ဆိုင်တဲ့​ စည်း​မျဉ်း​ စည်း​ကမ်း​အတိုင်း​ လုပ်​ဆောင်တာ ဦး​သန်း​ရွှေလက်ထက်မှာ မဖြစ်ခဲ့​ဆုံး​ဖြစ်ပြီး​တော့​ ကာကွယ်​ရေး​ဦး​စီး​ချုပ်အဖြစ် သူမရှိ​တော့​တဲ့​နောက်ပိုင်း​မှာ စစ်ရာထူး​ ပရိုဆီဂျာအဖြစ် စစ်တပ်အ​ခေါ် ကြီး​စဉ်အတိုင်း​ သွား​ရမှာဖြစ်​ပေမယ့်​ လက်​တွေမှာ​တော့​ စီနီယာ ဗိုလ်ချုပ်ကြီး​တွေကို အရပ်ဝတ် ​ပြောင်း​စေခဲ့​တယ်။ သူ့​အောက်က ဗိုလ်ချုပ်ကြီး​ သူရ​ရွှေမန်း​ကို အရပ်ဘက်ကို ​ပြောင်း​စေတယ်။ ကာကွယ်​ရေး​ဦး​စီး​ချုပ်အဖြစ် ဖြစ်လာနိုင်မယ်လို့​ ထင်​ကြေး​ပေး​တဲ့​ ဒုတိယဗိုလ်ချုပ်ကြီး​မြင့်​ဆွေ ကိုလည်း​ အရပ်ဝတ်အဖြစ် ​ပြောင်း​စေခဲ့​ပါတယ်။ တခြား​ စီနီယာ​တွေဖြစ်တဲ့​ စစ်ဗိုလ်ချုပ်​တွေကို အဆင့်​လိုက်တိုး​ပေး​ရမှာကို မလုပ်​တော့​ဘဲ ဦး​သန်း​ရွှေတ​ယောက်တည်း​က​နေပြီး​ တပ်ကို ကိုယ်ပိုင်ပစ္စည်း​လို လုပ်ချင်သလို လုပ်​ဆောင်ခဲ့​ပါတယ်။

မြန်မာ့​တပ်မ​တော်ဟာ ​ပေါ်လစီဂိုက်လိုင်း​နဲ့​ ဦး​တည်သွား​နေတာမျိုး​ မဟုတ်ဘဲ ဦး​သန်း​ရွှေရဲ့​ သ​ဘောထား​ပေါ် မူတည်ပြီး​ သွား​နေသလို ဖြစ်ခဲ့​ပါတယ်။ ​နောက်ဆုံး​တော့​ မတ်လ ၃၀ ရက်​နေ့​မှာ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ကို တပ်ချုပ်ကြီး​ရာထူး​ကို လွှဲ​ပေး​ခဲ့​ပါတယ်။

ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ဟာ ဘယ်လိုလူမျိုး​လဲ။ ဦး​သန်း​ရွှေလက်ထက်က အဘက်ဘက်က ကျဆင်း​နေတဲ့​ မြန်မာ့​တပ်မ​တော်ကို ပြန်လည်ပြီး​တော့​ ​ကောင်း​မွန်​အောင် လုပ်နိုင်ပါ့​မလား​ဆိုတာ စစ်တက္ကသိုလ်​ကျောင်း​ဆင်း​ တပ်မ​တော်အရာရှိ​ဟောင်း​ ဗိုလ်ရဲထက်က​တော့​ သူ​တွေ့​ကြုံခဲ့​ဖူး​တဲ့​ ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ကို အခုလို သုံး​သပ်​ပြောဆိုပါတယ်။

“ကာကွယ်​ရေး​ ဦး​စီး​ချုပ်ဖြစ်တာ စစ်တပ် ဘယ်လို အ​နေအထား​ ရှိလဲဆို​တော့​ စစ်တက္ကသိုလ်​ကျောင်း​အုပ်ကြီး​ လုပ်သွား​တဲ့​ အ​နေအထား​တိုင်း​ဆိုရင်​တော့​ ​ကောင်း​တယ်လို့​ ​ပြောလို့​ရပါတယ်။ ဒါ​ပေမယ့်​ သူက နည်း​နည်း​ စာအုပ်သမား​ ဆန်တယ်။ ကျ​နော်တို့​ ဗိုလ်​လောင်း​ဘဝမှာ ​ပြောဖူး​တယ်။ အထက်က ဘာလုပ်လုပ် ဘာမှ ပြန်မ​ပြောနဲ့​၊​ ဒါ​ပေမယ့်​ ကိုယ့်​အလှည့်​ကျရင် ကိုယ်မကြိုက်တာကို မလုပ်နဲ့​။ အဲလိုပုံစံမျိုး​။ သူကလည်း​ သူတိုင်း​မှူး​ ဖြစ်တဲ့​အချိန်မှာ တခြား​တိုင်း​မှူး​တွေ ဘာဖြစ်ဖြစ် သူ သိပ်ဂရုမစိုက်ဘူး​။ ဒါ​ပေမယ့်​ သူအုပ်ချုပ်တဲ့​ ​နေရာကလူ​တွေက​တော့​ သူမကြိုက်တာ သူမလုပ်ဘူး​။ သူ့​ရဲ့​ rule system (စည်း​စနစ်) နဲ့​ သူသွား​တယ်။ အဲဒီပုံစံမျိုး​ပေါ့​။ အဲ​တော့​ သူက အခု တပ်ချုပ်ကြီး​ ဖြစ်သွား​တဲ့​ အခါကျ​တော့​လည်း​ ဒီတပ်မ​တော် တရပ်လုံး​ကို သူအခု လုပ်​နေတဲ့​ ပုံစံအတိုင်း​ဆိုရင် အဲဒီ rule(စည်း​မျဉ်း​) အတိုင်း​ သွား​နေတာပဲ​လေ။ ကျ​နော်အမြင်​ပေါ့​နော်။”

ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ဟာ တပ်မ ၄၄ တပ်မမှူး​၊​ စစ်တက္ကသိုလ်​ကျောင်း​အုပ်ကြီး​၊​ ​ရွှေတြိဂံတိုင်း​ တိုင်း​မှူး​၊​ ကစထမှူး​နဲ့​ တပ်မ​တော်ညှိနှိုင်း​ကွပ်ကဲ​ရေး​မှူး​ရာထူး​တွေကို ၁၀ နှစ် အ​တောအတွင်း​မှာ ရာထူး​အဆင့်​ဆင့်​ ရရှိခဲ့​ပြီး​တော့​ ကာကွယ်​ရေး​ဦး​စီး​ချုပ်ရာထူး​ကို ရရှိခဲ့​တာပါ။

ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ဟာ အမိန့်​နာခံသူတဦး​ဖြစ်တယ်၊​ ​စေ့​စပ် ​သေချာတယ်၊​ အစဉ်အလာအတိုင်း​ လုပ်တတ်တယ်လို့​ မြန်မာတပ်မ​တော်က အရာရှိ​ဟောင်း​တွေက ​ပြောကြပါတယ်။

ဒါ​ပေမယ့်​ ယခင်က တပ်မ​တော်ဆိုတာ ပ​ရော်ဖက်ရှင်နယ်ဖြစ်တာ​တွေ၊​ ရဲ​ဘော်ရဲဘက်စိတ်၊​ တိုက်​ရေး​ခိုက်​ရေး​ စိတ်​တွေဟာ အများ​ကြီး​ရှိခဲ့​ပေမယ် ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေလက်ထက်နဲ့​ သူ့​နောက်ပိုင်း​မှာ အရင်ကလိုမျိုး​ ရဲ​ဘော်ရဲဘက်စိတ်ဓာတ်​တွေ ကျဆင်း​နေတယ်၊​ စစ်ဆင်​ရေး​တွေမှာလည်း​ ရှုံး​နိမ့်​တယ်လို့​ သုံး​သပ်ကြပါတယ်။

ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင် ကာကွယ်​ရေး​ဦး​စီး​ချုပ် ဖြစ်ပြီး​တဲ့​နောက်မှာ မြန်မာတပ်မ​တော်ဟာ စစ်ဆင်​ရေး​တွေမှာ မ​အောင်မြင်ဖြစ်​နေရပြီး​တော့​ တပ်တွင်း​မှာလည်း​ ပြဿနာ​တွေ အများ​အပြား​ ရှိ​နေတယ်လို့​လည်း​ မြန်မာတပ်မ​တော်က အရာရှိ​ဟောင်း​ ဗိုလ်မှူး​အောင်လင်း​ထွဋ်က သုံး​သပ် ​ပြောဆိုပါတယ်။

“ဒီတပ်မှာလည်း​ အခုအချိန်မှာ​လေ ပြဿနာ​တွေ အများ​ကြီး​ ရှိပါတယ်။ ဆင်း​ရဲ မွဲ​တေမှု​ရော၊​ ရဲ​ဘော်ရဲ​မေ ပြဿနာ​တွေ​ရော၊​ တပ်ထဲမှာ ကလန်ကဆန် ဖြစ်တာ​တွေ​ရော၊​ စစ်ဆင်​ရေး​မှာလည်း​ ဒီ​ကေဘီ​အေ တိုက်လည်း​မ​အောင်မြင်ဘူး​။ ​ကေအိုင်​အေနဲ့​ တိုက်လည်း​ မ​အောင်မြင်ဘူး​။ ရှမ်း​နဲ့​ တိုက်တာ​တောင် သူတို့​ ရှုံး​နေတာ​တွေက သူတို့​ high level ​တွေမှာ ဘာ​ကြောင့်​လဲဆိုတာကို သူတို့​ deal (အ​ပေး​အယူ) လုပ်ကြတာပဲ။ မင်း​အောင်လှိုင်နဲ့​ ရှင်း​ရှင်း​ပြောရရင် သူတို့​က level (အဆင့်​) တန်း​ညှိရင် သိပ်မကွာတဲ့​ သူ​တွေ​ပေါ့​။ မကွာတဲ့​အခါမှာ rank (ရာထူး​အဆင့်​အတန်း​) အရ​တော့​ မင်း​အောင်လှိုင်က ဦး​စီး​ချုပ် ဖြစ်သွား​တဲ့​ အခါကျ​တော့​ သူက ငါဆိုတာမျိုး​ ဖြစ်သွား​တာကိုး​။ ​တော်​တော်များ​များ​က အပြိုင်အဆိုင် ဖြစ်တဲ့​အ​ပေါ်မှာ အာခံတာမျိုး​တွေက​တော့​ ပြဿနာမျိုး​တွေ ​ပေါ်တယ်လို့​ ကျ​နော်တို့​ သိရတယ်ဗျ။ အကြမ်း​ဖျင်း​ပေါ့​နော်။”

လော​လောဆယ်မှာ​တော့​ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်လက်ထဲမှာ မြန်မာ့​တပ်မ​တော်ကို လုပ်ပိုင်ခွင့်​အာဏာ ဘယ်​လောက် အထိလုပ်နိုင်သလဲ ဆိုတာ​တော့​ သံသယရှိတဲ့​ ​မေး​ခွန်း​ဖြစ်ပါတယ်။ ဦး​သန်း​ရွှေ ​နောက်ပိုင်း​ နိုင်ငံ​ရေး​အရနဲ့​ တပ်မ​တော်ထဲမှာပါ ​ပြောင်း​လဲတာ​တွေကို ​တွေ့​ရတယ်။

၂၀၀၈ ခုနှစ် ဖွဲ့​စည်း​ပုံအုပ်ချုပ်ပုံအ​ခြေခံဥပ​ဒေမှာ​တော့​ နိုင်ငံ​တော် ကာကွယ်​ရေး​နှင့်​ လုံခြုံ​ရေး​ကောင်စီကို ဖွဲ့​စည်း​ခဲ့​တဲ့​အတွက် ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ရဲ့​ လုပ်ပိုင်း​ခွင့်​ကိုလည်း​ တဖန် ကန့်​သတ်ထား​တယ်လို့​လည်း​ ပြည်တွင်း​ပြည်ပ ပညာရှင်​တွေ တပ်မ​တော်သား​ဟောင်း​တွေက သုံး​သပ်တာ​တွေ ရှိပါတယ်။

ဒါ​ပေမယ့်​ နိုင်ငံ​တော်ကာကွယ်​ရေး​နှင့်​ လုံခြုံ​ရေး​ကောင်စီဟာ နိုင်ငံ​တော်အဆင့်​ အမြင့်​ဆုံး​လုပ်ပိုင်ခွင့်​ရ အဖွဲ့​အစည်း​ဖြစ်​ပေမယ့်​ တိုင်း​ရင်း​သား​ အ​ရေး​ကိစ္စနဲ့​ စစ်တပ်ရဲ့​ အကျိုး​စီး​ပွား​ထိခိုက်တဲ့​ အခါကျရင်လည်း​ ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်အ​နေနဲ့​ တိုင်း​ပြည်အာဏာကို အချိန်မ​ရွေး​ သိမ်း​ယူပြီး​တဲ့​နောက် ဗိုလ်ချုပ်မှူး​ကြီး​ သန်း​ရွှေလိုမျိုး​ပဲ မြန်မာတပ်မ​တော်ကို တဦး​တ​ယောက်ရဲ့​ လက်ထက်မှာ ထိန်း​ချုပ်ထား​နိုင်တာမျိုး​ကို ​ရောက်နိုင်တယ်လို့​လည်း​ အ​မေရိကန်နိုင်ငံ ဘာကာ​လေ တက္ကသိုလ်မှာ နိုင်ငံ​ရေး​သိပ္ပံပါရဂူဘွဲ့​ ​လေ့​လာသင်ယူ​နေတဲ့​ ကိုမင်း​ဇင်က သုံး​သပ်​ပြောဆိုပါတယ်။

“ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ကို သူတ​ယောက်တည်း​ ကွက်​ပြောရတာ​တော့​ ခက်ပါတယ်။ ဒါ​ပေမယ့်​ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင် ကိုယ်တိုင်ပဲ ကာကွယ်​ရေး​ ဦး​စီး​ချုပ်ရာထူး​မှာ ဘာ​လောက်ကြာကြာ ရှိမလဲဆိုတာကလည်း​ ​မေး​ခွန်း​ ထုတ်စရာပါ။ လက်ရှိ အမျိုး​သား​ ကာကွယ်​ရေး​နဲ့​ လုံခြုံ​ရေး​ကောင်စီက ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ကို ဘယ်​လောက်အထိ ကာကွယ်​ရေး​ဦး​စီး​ချုပ်ရာထူး​မှာ ဆက်ထား​မှာလဲ။ သူ့​ကို ကာလတခု ​ရောက်ရင် ကြံ့​ဖွံ့​ပါတီထဲကို ​ပြောင်း​လိုက်မှာလား​။ ဒါက ဦး​နေဝင်း​တုန်း​က လုပ်ခဲ့​တဲ့​ ပုံစံမျိုး​ပေါ့​။ ဒါ​တွေအား​လုံး​က ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင် တ​ယောက်တည်း​အ​ပေါ်မှာ မူမတည်ပါဘူး​။ ချုပ်​ပြောမယ် ဆိုရင်​တော့​ လက်ရှိစနစ်နဲ့​ လက်ရှိအာဏာခွဲ​ဝေထား​ပုံက တစုံတရာ​တော့​ စစ်​ခေါင်း​ဆောင်​တွေကို (အကာအကွယ်) ​ပေး​ထား​တာ ​တွေ့​ရတယ်။ ဒီအာဏာချိန်ခွင် ပျက်သွား​မယ်။ ဒါမှမဟုတ် ပြုပြင်​ပြောင်း​လဲမှု​တွေကို အလွန်အကျွံ လုပ်လာလို့​ တ​နေရာမှာ တချိန်မှာ စစ်တပ်ရဲ့​ အကျိုး​စီး​ပွား​ကို ပျက်စီး​လာနိုင်တဲ့​ တိုင်း​ရင်း​သား​ကိစ္စ​တွေမှာ အလွန်အကျွံ အ​လျှော့​အတင်း​တွေ လုပ်လာရင် စစ်တပ်က မ​ကျေမနပ် ဖြစ်လာမယ်ဆိုရင်​တော့​ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်မှ မဟုတ်ပါဘူး​ အခြား​ စစ်​ခေါင်း​ဆောင်​တွေကလည်း​ အရပ်သား​တွေကို မဲပြီး​တင်း​တာ​တွေ၊​ အ​ခြေခံဥပ​ဒေပါ အခွင့်​အ​ရေး​တွေကို ပြန်သုံး​ပြီး​တော့​ စစ်တပ်ရဲ့​ ဦး​ဆောင်မှုကို ပြန်ပြီး​တော့​ ​ရောက်လာတာမျိုး​ ဖြစ်လာနိုင်ပါတယ်။”

ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်အ​နေနဲ့​ ဘယ်လိုလမ်း​ကြောင်း​မျိုး​ကို သွား​မလဲ၊​ ဘယ်လို စိတ်​နေသ​ဘောထား​မျိုး​ ရှိတယ်ဆိုတာ​တွေကို တပ်မ​တော်သား​ အရာရှိ​ဟောင်း​တွေနဲ့​ ပညာရှင်​တွေရဲ့​ ခန့်​မှန်း​ပြောဆိုချက်​တွေကို တင်ပြလိုက်ရပါတယ်။

No comments: