Saturday, October 1, 2011

လူ့​အခွင့်​အ​ရေး​တိုက်ပွဲဝင်ပုဂ္ဂိုလ်​ကျော်များ​ အပိုင်း​ ၃

ခင်​မောင်စိုး

လူ့​အခွင့်​ အ​ရေး​ ဆိုတဲ့​ စကား​ လုံး​ဟာ သည်​နေ့​မှာဖြင့်​ လူတိုင်း​ သုံး​တဲ့​ စကား​လုံး​ တလုံး​ ဖြစ်​နေ ပါပြီ။ ဒါ​ပေမယ့်​ သည်စကား​လုံး​ ​ပေါ်လာ တာဟာ ကာလ အား​ဖြင့်​ သိပ်မကြာ​ သေး​ပါဘူး​။ လူ့​အခွင့်​ အ​ရေး​နဲ့​ တူတဲ့​ အခွင့်​ အ​ရေး​တွေ နှစ်​ပေါင်း​ ​ထောင်နဲ့​ ချီပြီး​ ရှိခဲ့​ ပေမယ့်​ လူ့​အခွင့်​ အ​ရေး​ ဆိုတဲ့​ ​ဝေါဟာရကို စတင်သုံး​စွဲတာ က​တော့​ လွန်ခဲ့​တဲ့​ နှစ်​ပေါင်း​ နှစ်ရာ​ လောက်ကမှ ဖြစ်ပါတယ်။ သည်စကား​ လုံး​ကို စတင်သုံး ​စွဲခဲ့​ သူအဖြစ် အသတ်မှတ် ခံရတဲ့​ သူက​တော့​ အ​မေရိကန်​ တွေး​ခေါ် ရှင်ကြီး​ ဟင်နရီ​ ဒေး​ဗစ်​ သောရိုး​ပါ။ ဆရာကြီး​ သောရိုး​ရဲ့​ အ​တွေး​ အ​ခေါ်​ တွေဟာ အ​မေရိကန်ပြည်​ထောင်စုမှာ သာမက ကမ္ဘာမှာပါ ယခုထက်တိုင် ဩဇာလွှမ်း ​နေဆဲဖြစ် သလို နိုင်ငံ​ရေး​ လှုပ်ရှား ​နေသူ​ တွေအ​နေ နဲ့​လည်း​ ​လေ့​လာ​နေရ ဆဲဖြစ် ပါတယ်။

မြန်မာ့​နိုင်ငံ​ရေး​ ​လောကမှာဆိုရင်လည်း​ ဆရာကြီး​သောရိုး​ရဲ့​ အယူအဆတရပ်​ကြောင့်​ စစ်အစိုး​ရနဲ့​ အတိုက်အခံ ​ခေါင်း​ဆောင်​တွေအကြား​ တင်း​မာမှု​တွေ ဖြစ်ပွား​ခဲ့​ရပါတယ်။ ၁၉၈၉ ဝန်း​ကျင်မှာ အတိုက်အခံ နိုင်ငံ​ရေး​ခေါင်း​ဆောင်များ​ဖြစ်ကြတဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ဦး​ဝင်း​တင် စသူများ​က နိုင်ငံ​ရေး​ဆောင်ပုဒ်တခုကို ကိုင်စွဲပြီး​ စစ်အစိုး​ရကို စိန်​ခေါ်ခဲ့​တဲ့​ ဖြစ်ရပ်မှာ ဆရာကြီး​သောရိုး​ရဲ့​ ကမ္ဘာ​ကျော် အယူအဆကို အသုံး​ပြုခဲ့​တာ ဖြစ်ပါတယ်။ ဒါက​တော့​ “မတရား​တဲ့​ အမိန့်​အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့​ ​ဆောင်ပုဒ် ဖြစ်ပါတယ်။ ဒီ​ဆောင်ပုဒ်ကို ကြား​ရတဲ့​အခါမှာ စစ်အစိုး​ရဟာ အလွန်​ကြောက်ရွံ့​တုန်လှုပ်သွား​ပြီး​ အတိုက်အခံ​ခေါင်း​ဆောင်များ​ကို ​ထောင်သွင်း​ အကျဉ်း​ချခဲ့​ပါတယ်။ ဒီလိုနဲ့​ပဲ လူထု​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ​နေအိမ်အကျယ်ချုပ် အကြိမ်ကြိမ်ကျခဲ့​ရသလို သတင်း​စာဆရာကြီး​ ဦး​ဝင်း​တင်ဟာလည်း​ အကျဉ်း​ထောင်အတွင်း​မှာ အနှစ်နှစ်ဆယ် ​နေထိုင်ခဲ့​ရပါတယ်။

မတရား​တဲ့​အမိန့်​အာဏာ​တွေကို မလိုက်နာဘဲ အာခံဆန့်​ကျင်​ရေး​ဟာ နိုင်ငံသား​တိုင်း​ရဲ့​တာဝန်ဖြစ်တယ်လို့​ ​ရေး​သား​ဟော​ပြောခဲ့​သူ ဆရာကြီး​ ဟင်နရီ​ဒေး​ဗစ်​သောရိုး​ကို ၁၈၁၇ ခုနှစ် ဇူလိုင် ၁၂ ရက်မှာ ​မွေး​ပါတယ်။ အ​မေရိကန် ပြည်​ထောင်စု နယူး​အင်္ဂလန်​ဒေသ မက်ဆာချူး​ဆက်ပြည်နယ်အတွင်း​က ကွန်​ကော့​မြို့​မှာ ​မွေး​ဖွား​ပါတယ်။ သူ့​မိဘများ​က သာမန်လူတန်း​စား​ဖြစ်ပါတယ်။ ​သောရိုး​ဟာ ဟား​ဗဒ်တက္ကသိုလ်မှာ အသက် ၂၀ အရွယ်အထိ ပညာသင်ကြား​ခဲ့​ပါတယ်။ ​နောက်​တော့​ ​မွေး​ရာဇာတိကို ပြန်လာပြီး​ အစ်ကိုဖြစ်သူနဲ့​ စာသင်​ကျောင်း​ထောင်ပါတယ်။ သူတို့​ကျောင်း​မှာ တခြား​ကျောင်း​တွေနဲ့​ မတူတဲ့​ သင်ရိုး​တွေ ပါရှိခဲ့​တယ်လို့​ ဆိုတယ်။ ဥပမာ ​တောအုပ်အတွင်း​မှာ လမ်း​လျှောက်တာမျိုး​၊​ ​ဈေး​ဆိုင်​တွေကို သွား​ရောက်တာမျိုး​တွေ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ အစ်ကိုဖြစ်သူ ​သေဆုံး​သွား​တဲ့​အတွက် စာသင်​ကျောင်း​ဟာ ခဏနဲ့​ပဲ ရပ်ဆိုင်း​သွား​ခဲ့​ပါတယ်။

နောက်​တော့​ ​သောရိုး​ဟာ ​တွေး​ခေါ်ပညာရှင်စာ​ရေး​ဆရာကြီး​ အီမာဆင်နဲ့​ သိကျွမ်း​ပြီး​ စာ​ပေများ​ စတင်​ရေး​သား​ခဲ့​ပါတယ်။ ​သေဆုံး​သွား​တဲ့​အထိ ​သောရိုး​ဟာ စာ​ရေး​ခဲ့​တာဖြစ်တဲ့​အတွက် အခုဆိုရင် ​သောရိုး​လက်​ရွေး​စင်​ပေါင်း​ချုပ်စာ​ပေဟာ အတွဲ ၂၀ ​ကျော်ရှိပါတယ်။

သောရိုး​ဟာ အီမာဆင်နဲ့​ ခင်မင်သိကျွမ်း​ရင်း​ အကျင့်​သီလစိတ်ကို ဦး​စား​ပေး​တဲ့​ အ​တွေး​အ​ခေါ်ကို လက်ခံခဲ့​ပါတယ်။ သူကိုယ်တိုင်ကလည်း​ အလွန်ရိုး​စင်း​ပြီး​ သဘာဝ​လောကကြီး​နဲ့​လိုက်​လျောညီ​ထွေ ​နေထိုင်တတ်ပါတယ်။ သူ့​ဘဝဟာ များ​သောအား​ဖြင့်​ ​တောရပ်​ဒေသမှာ တကိုယ်တည်း​ ​နေထိုင်ရင်း​ ကုန်လွန်ခဲ့​တာ ဖြစ်ပါတယ်။ သူက ရိုး​စင်း​စွာ ​နေထိုင်ခြင်း​သည်ပင် သဘာဝကျကျ ​နေထိုင်ခြင်း​၊​ ငြိမ်း​ချမ်း​စွာ ​နေထိုင်ခြင်း​လို့​ ခံယူထား​သူ ဖြစ်ပါတယ်။

သောရိုး​ဆိုတဲ့​လူဟာ ဘာ စီး​ပွား​ရေး​အလုပ်ကိုမှ လုပ်တဲ့​သူ မဟုတ်ဘူး​။ အိမ်​ထောင်လည်း​မပြု၊​ ဘုရား​ကျောင်း​လည်း​မသွား​၊​ မဲလည်း​မထည့်​၊​ အခွန်လည်း​မ​ဆောင်၊​ ​နောက်ပြီး​ အသား​လည်း​ မစား​သလို အရက်တို့​ ​ဆေး​လိပ်တို့​လည်း​ မသုံး​စွဲ၊​ အမဲလိုက်တဲ့​ အလုပ်မျိုး​လည်း​ မလုပ်၊​ သဘာဝကို ချစ်မြတ်နိုး​တယ်၊​ ရိုး​စင်း​တဲ့​အ​တွေး​အ​ခေါ်ကို လက်ခံကျင့်​သုံး​သူဖြစ်တယ် စသဖြင့်​ သူ့​မိတ်​ဆွေကြီး​ အီမာဆင်က သုံး​သပ်​ပြောဆိုပါတယ်။

ဒါ​ပေမယ့်​ ​သောရိုး​ဟာ အ​တွေး​အ​ခေါ်ထဲမှာ နစ်​မျော​နေတဲ့​ သူမျိုး​ မဟုတ်ပါဘူး​။ ​လေး​နက်တဲ့​ အ​တွေး​အ​ခေါ်ထဲမှာ နစ်မွန်း​ပြီး​ ပတ်ဝန်း​ကျင်ကို လျစ်လျူရှုတတ်တဲ့​ ​တောမှီရ​သေ့​မျိုး​ မဟုတ်ပါဘူး​။ ​တွေး​ခေါ်ရှင် စစ်စစ်ဖြစ်ဖို့​အတွက် ကိုယ့်​အ​တွေး​အ​ခေါ်အတိုင်း​ ကျင့်​ကြံ​နေထိုင်ပြရမှာ ဖြစ်သလို ဘဝပြဿနာ​တွေကိုလည်း​ လက်​တွေ့​ဖြေရှင်း​ပေး​ရမယ်လို့​ ဆရာကြီး​သောရိုး​က ဆိုပါတယ်။

သည်လို လက်​တွေ့​ကျတဲ့​ အ​တွေး​အ​ခေါ်​တွေကတဆင့်​ နိုင်ငံ​ရေး​အာခံမှု (Civil Disobedience) ဆိုတဲ့​ ကမ္ဘာ​ကျော် နိုင်ငံ​ရေး​စာတမ်း​ကြီး​ ​ပေါ်​ပေါက်လာတာ ဖြစ်ပါတယ်။ သည်စာတမ်း​ကြီး​ ဖြစ်​ပေါ်လာပုံက​တော့​ သည်လိုပါ။

ဆရာကြီး​သောရိုး​ဟာ အသက် ၂၅ နှစ်အရွယ်​ရောက်​တော့​ သူ့​ဇာတိမြို့​ရဲ့​ အစွန်အဖျား​ ​တောအုပ်က​လေး​ထဲမှာ တကိုယ်တည်း​ ​နေထိုင်​နေပါတယ်။ သဘာဝကို ချစ်မြတ်နိုး​သူဖြစ်တဲ့​အတိုင်း​ ​တောအုပ်က​လေး​ထဲမှာ ​နေရတာကို ​ပျော်​မွေ့​တဲ့​သူပါ။ ဒီလို ​အေး​အေး​လူလူ​နေထိုင်ရင်း​ ​နောက်တနှစ်အကြာမှာ သူ့​ဆီကို အစိုး​ရရဲ့​ အ​ကောက်ခွန် အရာရှိတ​ယောက် ​ရောက်လာပါတယ်။ ဒီအ​ကောက်ခွန်အရာရှိက ​သောရိုး​ထံက​နေပြီး​ ​ခြောက်နှစ်စာ အခွန်အတုပ်ကို ​တောင်း​ပါတယ်။ ဆရာကြီး​သောရိုး​ဟာ စီး​ပွား​ရေး​သမား​လည်း​ မဟုတ်သလို ပိုင်ဆိုင်မှုလည်း​ ဘာမှ မရှိတဲ့​အတွက် အမြတ်ခွန်ရယ်လို့​ ​ပေး​ဆောင်စရာ မရှိ​ပေမယ့်​ အဲဒီတုန်း​က ​ပေး​ရတဲ့​ လူခွန်တမျိုး​ကို​တော့​ ​ပေး​စရာ ရှိ​နေပါတယ်။ ဒီလူခွန်ကို Poll Tax လို့​ ​ခေါ်ပါတယ်။ မဲထည့်​ခွင့်​အတွက် ​ပေး​ရတဲ့​ အခွန် ဖြစ်ပါတယ်။ ဒီအခွန်ကို ​ပေး​တဲ့​သူမှ မဲထည့်​ခွင့်​ရပြီး​ သည်အခွန်မ​ပေး​ရင် မဲထည့်​ခွင့်​ မရပါဘူး​။

ဆရာကြီး​ ​သောရိုး​က အုပ်ချုပ်​နေတဲ့​ အစိုး​ရကို သ​ဘောမကျတဲ့​သူ ဖြစ်ပါတယ်။ အဲဒီအချိန်က အ​မေရိကန်အစိုး​ရဟာ မက္ကဆီကိုနဲ့​ စစ်ဖြစ်​နေသလို ကျွန်​ရောင်း​ကျွန်ဝယ် စနစ်ကိုလည်း​ လက်ခံ​နေတဲ့​ အစိုး​ရပါ။ ဒါကို ​သောရိုး​က လုံး​ဝ ဆန့်​ကျင်ပါတယ်။ ဒါ​ကြောင့်​ ဒီလိုအစိုး​ရအသက်ရှည်​ရေး​ကို အ​ထောက်အပံ့​ဖြစ်​စေမယ့်​ အ​ကောက်ခွန်ကို လုံး​ဝ မ​ပေး​ချင်ပါဘူး​။ ​ပေး​ရမယ့်​ အ​ကောက်ခွန်က ​ပြောပ​လောက်တာ မဟုတ်​ပေမယ့်​ သူက မ​ပေး​ဘူး​လို့​ အ​ကောက်ခွန်အရာရှိကို ​ပြောလိုက်ပါတယ်။ အ​ကောက်ခွန်အရာရှိက ဒါဆိုရင် ​ထောင်ထဲမှာ ​နေရလိမ့်​မယ်ဆို​တော့​ ဆရာကြီး​သောရိုး​က မဆိုင်း​မတွဘဲ ​ထောင်ထဲကို ပို့​ဖို့​ ​ပြောပါတယ်။ ဒီလိုနဲ့​ ဆရာကြီး​သောရိုး​ဟာ အစိုး​ရကို အာခံမှုနဲ့​ ​ထောင်ထဲ ​ရောက်သွား​တာပါ။

ဒါ​ပေမယ့်​ သူ့​ရဲ့​ အ​ဒေါ်တ​ယောက်က သူ​ပေး​ဆောင်စရာရှိတဲ့​ အခွန်ကို ​ပေး​လိုက်တဲ့​အတွက် ​ထောင်ထဲမှာ တညပဲ အိပ်လိုက်ရပြီး​ ပြန်ထွက်လာရပါတယ်။ ဒီဖြစ်ရပ်အ​ပေါ်မှာ သူ့​မိတ်​ဆွေ အီမာဆင်နဲ့​ သူဟာ သ​ဘောထား​ချင်း​ ကွဲလွဲခဲ့​ပါတယ်။ ဒီ​လောက် ​ငွေက​လေး​နဲ့​ ​ထောင်ထဲဝင်တာကို အီမာဆင်က သ​ဘောမကျပါဘူး​။ တကယ့်​ပြဿနာကိုလည်း​ မ​ပြေလည်​စေနိုင်ဘူး​လို့​ အီမာဆင်က ယူဆပါတယ်။ ဒါ​ပေမယ့်​ ​သောရိုး​က​တော့​ အစိုး​ရရဲ့​ မတရား​မှု​တွေနဲ့​ မှား​ယွင်း​မှု​တွေကို ရဲရဲဝံ့​ဝံ့​အာခံဆန့်​ကျင်ဖို့​ အ​ရေး​ဟာ နိုင်ငံသား​ကောင်း​ တ​ယောက်ရဲ့​ တာဝန်ပဲလို့​ ခံယူပါတယ်။ ဒါ​ကြောင့်​ အီမာဆင်က သူ​ထောင်ကျတဲ့​နေရာကိုလာပြီး​ ​သောရိုး​ရယ် မင်း​ဘာ​ကြောင့်​ ​ထောင်ထဲဝင်ရတာတုန်း​လို့​ ​မေး​တော့​ ​သောရိုး​ကလည်း​ အီမာဆင် ခင်ဗျား​က​ရော ဘာ​ကြောင့်​ ​ထောင်ပြင်မှာ ​နေ​နေရတာတုန်း​လို့​ ပြန်​ပြောခဲ့​ပါတယ်။

ထောင်ထဲမှာ တညတာ ​နေလိုက်ရတာဟာ ​သောရိုး​အတွက် နိုင်ငံ​ရေး​အယူအဆတရပ်ကို ​ဖော်ထုတ်ဖို့​ တွန်း​အား​ပေး​လိုက်တာပါပဲ။ ​နောက် တနှစ်​ကျော် နှစ်နှစ်နီး​ပါး​အကြာမှာ အစိုး​ရနဲ့​ ဆက်နွှယ်​နေတဲ့​ နိုင်ငံသား​တို့​ရဲ့​ ရပိုင်ခွင့်​နဲ့​ တာဝန်ဆိုတဲ့​ ​ခေါင်း​စဉ်နဲ့​ ​ဟော​ပြောပွဲကို လုပ်ပါတယ်။ ဒီ​ဟော​ပြောပွဲမှာ ​ပြောခဲ့​တာ​တွေကို ပြင်ဆင်မွမ်း​မံပြီး​ နိုင်ငံ​ရေး​အာခံမှု စာတမ်း​ကြီး​ကို ၁၈၄၉ ခုနှစ်မှာ ​ရေး​သား​ ထုတ်​ဝေခဲ့​ပါတယ်။

ဒီစာတမ်း​မှာ အစိုး​ရနဲ့​ နိုင်ငံသား​အကြား​က ဆက်ဆံ​ရေး​အ​ကြောင်း​ ​ရေး​သား​ထား​ပါတယ်။ အ​ကောင်း​ဆုံး​အစိုး​ရဆိုသည်မှာ ထိန်း​ချုပ် ကွပ်ညှပ်မှု အနည်း​ဆုံး​ အစိုး​ရ ဖြစ်သည်လို့​ ​သောရိုး​က ဆိုပါတယ်။ အစိုး​ရက ထုတ်ပြန်တဲ့​ အမိန့်​တွေ ပြဋ္ဌာန်း​တဲ့​ ဥပ​ဒေ​တွေဟာ အမှန်တရား​ကို ကိုယ်စား​ပြုတာ မဟုတ်ဘဲ အုပ်စိုး​သူ​တွေရဲ့​ အကျိုး​စီး​ပွား​ကို ကာကွယ်​စောင့်​ရှောက်ဖို့​သာ အဓိက ဖြစ်တယ်။ ဒါ​ကြောင့်​ အုပ်ချုပ်ခံ တိုင်း​သူပြည်သား​များ​အ​နေနဲ့​ အစိုး​ရထုတ်ပြန်တဲ့​ အမိန့်​တိုင်း​ ဥပ​ဒေတိုင်း​ကို လိုက်နာစရာမလိုဘူး​။ လိုက်နာခြင်း​ဟာ ကိုယ့်​ရဲ့​ အကျင့်​သီလစိတ်ကို အဆုံး​ရှုံး​ခံလိုက်ခြင်း​ဖြစ်တယ်။ အကျင့်​သီလစိတ်ကို ဆုံး​ရှုံး​သွား​တာဟာ လူသား​ တ​ယောက်အဖြစ်က ဆုံး​ရှုံး​သွား​ခြင်း​ဖြစ်တယ်လို့​ ​သောရိုး​က ​ပြောပါတယ်။ ဒါ​ကြောင့်​ အကျင့်​သီလစိတ်ရှိတဲ့​ လူသား​တ​ယောက်ဟာ မတရား​တဲ့​ ဥပ​ဒေ​တွေကို ထုတ်ပြန်ပြီး​ သက်ဆိုး​ရှည်​နေတဲ့​ အစိုး​ရကို ရပ်တန့်​သွား​အောင် လုပ်ရမယ်။ အစိုး​ရဟာ စက်ယန္တရား​တခုနဲ့​ တူတယ်။ ဒီစက်ယန္တရား​ကို ရပ်တန့်​အောင်လုပ်ဖို့​ နိုင်ငံသား​တိုင်း​မှာ တာဝန်ရှိတယ်။ ဒီတာဝန်ဆိုတာက အစိုး​ရဆိုး​များ​ ထုတ်ပြန်တဲ့​ ဥပ​ဒေ​တွေကို အာခံချိုး​ဖောက်ဖို့​ပဲလို့​ ​ပြောပါတယ်။

သောရိုး​ဟာ သူ့​ဆီက အခွန်လာ​ကောက်တဲ့​ အစိုး​ရဝန်ထမ်း​ကိုလည်း​ အစိုး​ရ​ကောင်း​တရပ် ဖန်တီး​ဖို့​ ဝန်ထမ်း​များ​မှာ တာဝန်ရှိ​ကြောင်း​ ရှင်း​ပြခဲ့​ပါတယ်။ သူ့​ဆီမှာ အခွန်လာ​ကောက်တဲ့​သူက ​သောရိုး​ဆီက အခွန်ကို မရတဲ့​အခါ သူ ဘာဆက်လုပ်ရမလဲလို့​ ​မေး​ပါတယ်။ ​သောရိုး​က နိုင်ငံသား​ကောင်း​တ​ယောက်အ​နေနဲ့​ အစိုး​ရဝန်ထမ်း​အဖြစ်က နုတ်ထွက်ပစ်လိုက်ပါလို့​ အကြံ​ပေး​လိုက်ပါတယ်။ အစိုး​ရ ဝန်ထမ်း​အဖြစ်နဲ့​ မတရား​တဲ့​ ဥပ​ဒေ​တွေကို ပြည်သူ​တွေလိုက်နာ​အောင် လုပ်​နေမယ့်​အစား​ ဝန်ထမ်း​ဘဝက နုတ်ထွက် ပစ်လိုက်တာက လူသား​ရဲ့​ ဂုဏ်သိက္ခာနဲ့​ ပိုပြီး​ညီညွတ်တယ်လို့​ ယူဆပါတယ်။

သောရိုး​ကိုယ်တိုင် ​ထောင်ကျခံရဲခဲ့​တာဟာ ဒီလို လူ့​ဂုဏ်သိက္ခာကို ပဓာနထား​တဲ့​ အယူအဆကို ကိုင်စွဲပြီး​ ​ထောင်ကျခံခဲ့​တာ ဖြစ်ပါတယ်။ သူ့​ရဲ့​ အယူအဆက သည်လိုပါ။ အစိုး​ရ​တွေဟာ ဘယ်​လောက်အင်အား​ရှိတယ်​ပြော​ပြော လူတ​ယောက်ရဲ့​ စိတ်ဓာတ်အင်အား​ကို​တော့​ မယှဉ်နိုင်ဘူး​တဲ့​။ အစိုး​ရရဲ့​ အင်အား​ဟာ ရုပ်ပိုင်း​ဆိုင်ရာ အင်အား​သာဖြစ်ပြီး​ လူသား​ရဲ့​ ကြီး​ကျယ်မြင့်​မြတ်တဲ့​ စိတ်ဓာတ်အင်အား​ကို မထိပါး​နိုင်ပါဘူး​တဲ့​။ လူသား​တ​ယောက်အ​နေနဲ့​ အမှန်တရား​ကို ဦး​စား​ပေး​ခြင်း​အား​ဖြင့်​သာ လွတ်လပ်မှုကို ရရှိမှာဖြစ်ပြီး​ အစိုး​ရကို ​ကြောက်လန့်​တဲ့​အတွက် မှား​ယွင်း​တဲ့​ ဥပ​ဒေ​တွေကို လိုက်နာ​နေရင် လွတ်လပ်မှုက ဆုံး​ရှုံး​သွား​ပြီး​ ​ကျေး​ကျွန်ဘဝသို့​ ကျ​ရောက်သွား​ပါ တယ်တဲ့​။

No comments: