Monday, October 24, 2011

မန်မော်-လွယ်ဂျေလမ်းတွင် တိုက်ပွဲဖြစ်

KNG


ကချင်ပြည်နယ် မန်မော်(ဗန်းမော်)-လွယ်ဂျေလမ်းပိုင်း နှစ်နေရာတွင် အောက်တိုဘာ ၂၃ ရက် တနင်္ဂနွေ နံနက် အာရုံတက်ချိန်မှ ညနေ ၅ နာရီအထိ မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။


မြန်မာအစိုးရတပ် အင်အား ရာချီ တက်လာစဉ် ခ၀န်ဘန်(ကျောက်စခန်း)နှင့် ကျရီကရုန်တွင် ဖြစ်သည်ဟု ဒေသခံများပြောသည်။

ချီတက်လာသောစစ်ကြောင်းမှာ နယ်မြေခံတပ်ရင်းတံဆိပ်ပြောင်းလဲထားသည့် မိတ္ထီလာ အခြေစိုက် တပ်မ (၉၉) လက်အောက်ခံတပ်များ ဖြစ်သည်ဟု တပ်မဟာ (၃) KIA အရာရှိများပြောသည်။

KIA က စောင့်ကြိုတိုက်ခိုက်သဖြင့် မြန်မာအစိုးရတပ်ဘက် သေကြေဒဏ်ရာရမှု များသည်ဟု KIA အရာရှိများ ပြောသည်။

No comments: