Friday, October 21, 2011

တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ဗုံးပေါက်ကွဲ

သျှမ်းသံတော်ဆင့်


သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် ကြူကုတ် (ပန်ဆိုင်း) မြို့နယ်နှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အကြား ရှိ နမ့်တောင်း တံတားတွင် အောက်တို ဘာလ ၂၁ ရက်နေ့ နံနက် ၃ နာရီခန့်က ဗုံးတစ် လုံးပေါက်ကွဲ ခဲ့ကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် အရှည်ပေ ၂၀ ခန့်ရှိ ၎င်းတံတားအနည်းငယ် ထိခိုက်ပျက်စီးသွားပြီး မပေါက်ကွဲသေးသော ဗုံး ၃ လုံး ဆက်လက်ကျန်ရှိကာ နေ့လည်ပိုင်းတွင် ကျန်နေသော ဗုံးများအား ရှင်းလင်းနေကြောင်းဒေသခံတစ်ဦး က သျှမ်းသံ တော်ဆင့်သို့ပြောသည်။

အားလုံး ဗုံး ၄ လုံး ထောင်ထား တယ် မနက် ၃ နာရီ လောက်က တစ်လုံး ကွဲသွားတယ် ကွန်ကရစ် တံတားပေါ့ ထိခိုက်မှု နည်းနည်း တော့ရှိတယ် ဘာမှတော့ဖြစ်မသွားဘူး အခုကျန်နေတဲ့ ဗုံး ၃ လုံးကို ရှင်းနေ တယ်ဘယ် အဖွဲ့ ထောင်တဲ့ ဗုံး လည်းတော့ မသိဘူး” ဟု သူက ဆိုသည်။

တရုတ် - မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သော မန္တလေး - မူစယ်လမ်းအတိုင်း မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်တွင်လမ်းခွဲကာ တရုတ်နယ်စပ် ဝမ်တိန်မြို့သို့ သွားရောက်သောလမ်းကြောင်းဖြစ်ကြောင်း သိရသည်။

No comments: