Friday, December 23, 2011

အဖွားအရွယ် အမျိုးသမီးကြီးကို အစိုးရစစ်သား ၃ ဦးက မုဒိန်းကျင့်ရန် ကြံစည်ဟု ဆို

သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မုံးဝီးမြို့ နယ်ခွဲ အတွင်းရှိ မန့်လုံ ရွာသူ အမျိုး သမီးကြီး တစ်ဦးကို အစိုးရ စစ် သား ၃ ဦးက အဓမ္မပြု ကျင့်ရန် ကြံစည် အားထုတ်မှု တစ်ခု ယခုလ ၁၉ ရက်နေ့ ညနေ ၂ နာရီခန့်က ဖြစ်ပွား ခဲ့ကြောင်း ဒေသခံများ အဆိုအရ သိရ သည်။

အသက် ၅၈ နှစ်အရွယ် ဒေါ်လှိုင်းခမ်းလျံယုံ ဆိုသူ အမျိုးသမီးက တောတွင်းဟင်းရှာထွက်စဉ် ရုပ်ဖျက်ထားသော အစိုးရ စစ်သားဟု ယူဆရသူ ၃ ဦးရောက်ရှိလာကာ အဓ္ဓမပြုကျင့်ရန် ကြံစည်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ဘောင်းဘီတို ဝတ်ထားတဲ့ လူ ၃ ယောက် မျက်နှာမှာ အိုးမဲသုတ် ထားတာပေါ့ သူတို့အထဲက တစ်ယောက်က အမျိုး သမီးကြီး ကို လက်လာ ဆွဲတယ် အမျိုး သမီးကြီးက သွားနဲ့ ကိုက်ပြီး အော်ဟစ် အကူအညီ တောင်းတော့ သူတို့ ထွက်ပြေး သွားတယ် ” ဟု ဆိုသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ နောက်တစ်နေ့တွင် ၎င်းအမျိုးသမီးက မုံးဝီးတပ်စခန်းမှူးထံ သွားရောက် တိုင်ကြားခဲ့ သော်လည်း အမှုမပေါ်ပေါက်ခဲ့ဟု ဆိုသည်။

“မုံးဝီးတပ်စခန်းမှာ သွားတိုင်တော့ ဗျူဟာမှူးက ဖြေရှင်းပေးပါတယ် သူတို့တပ်သားတွေအားလုံးကို တန်းစီစေပြီး ရွေးခိုင်း တာပေါ့ အမျိုးသမီးက လက်ကိုကိုက်လိုက်တော့ လက်မှာဒဏ်ရာရှိတဲ့သူကို ရှာတာမတွေ့လို့ အမှုမမြောက် ခဲ့ဘူး ” ဟု ဆက်ပြောသည်။

အဆိုပါ မုံးဝီးဒေသတစ်ဝိုက်တွင် အမျိုးသမီးများအပေါ် အစိုးရစစ်တပ်မှ ကျူးလွန်သည့် မုဒိန်းမှုများစွာ ရှိနေသော်လည်း အရေးယူမှု တစ်စုံတစ်ရာ မရှိခဲ့ဘူးကြောင်း သိရသည်။

No comments: