ကိုထွေး
မြန်မာ နိုင်ငံအပေါ် ပိတ်ဆို့ ဒဏ်ခတ် အရေးယူမှုတွေ စတင်ဖြေလျှော့ ပေးတဲ့ ပထမဆုံး ခြေလှမ်း အဖြစ် မြန်မာ အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ မိသားစု တွေကို ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ထားတာကို ဒီက နေ့ကစပြီး ရပ်တန့် လိုက်တယ်လို့ အီးယူက ပြောပါတယ်။
ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ်မှာ အီးယူနိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံပြီးတော့ ပထမ အဆင့် အနေနဲ့ သဘောတူ ခဲ့တာလို့ အီးယူပြောရေး ဆိုခွင့် ရှိသူ Maja Kocijancic က ပြောပါတယ်။
“ဒီနေ့ ဆွေးနွေးပွဲမှာ သမ္မတရယ်၊ ဒုတိယ သမ္မတရယ်၊ အစိုးရ အဖွဲ့ဝင်တွေအပါ အဝင် အီးယူ ကနေ ပိတ်ပင် ထားတဲ့ ခရီး သွားခွင့် ပိတ် ထားမှု တွေကို ဒီနေ့ ရုပ်သိမ်း လိုက်ပါပြီ။ အီးယူ ၂၇ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေ သဘောတူ ခဲ့တာပါ။ တခြား အဆင့် တွေကိုတော့ နောက်ထပ် ဆက်လက် ဆွေးနွေး မှာပါ။”
ပြီးခဲ့တဲ့နှစ် ဧပြီလက မူဝါဒ ပြန်လည် သုံးသပ် တုန်းက မြန်မာ အပေါ် အီးယူရဲ့ ဒဏ်ခတ် အရေးယူ မှုကို တနှစ် ထပ်မံ သက်တမ်း တိုးခဲ့ပါ တယ်။
ပိတ်ဆို့ အရေး ယူတာ အဆုံးသတ် စေဖို့ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေး ဖို့နဲ့ အတိုက်အခံ တွေနဲ့ စကား ပြောဖို့ အီးယူက မြန်မာ အစိုးရကို တောင်းဆို ခဲ့ပါတယ်။
ဒါဟာ မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲမှုတွေကို တွန်းအားပေးတဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်ပေမယ့် ကန့်သတ်ပိတ်ပင်ထားမှုတွေအားလုံး အဆုံးသတ်ဖို့ကတော့ နောက်ထပ် အကောင်းဘက်ကို ဦးတည်တဲ့ အပြောင်း အလဲတွေ အစိုးရက လုပ် မလုပ်ကို စောင့်ကြည့်ရဦးမယ်လို့ အီးယူသံတမန်တွေက မီဒီယာတွေကို ပြောပါတယ်။
အီးယူ နိုင်ငံခြားရေးရာ မူဝါဒအကြီးအကဲ ကတ်သရင်း အက်ရှတန်ကတော့ မြန်မာနိုင်ငံမှာ ထူးခြားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်နေတဲ့ အကြောင်းနဲ့ လာမယ့် ဧပြီလမှာ သူ့အနေနဲ့မြန်မာနိုင်ငံကို သွားရောက် လည်ပတ်မယ်လို့ပြောပါတယ်။
အီးယူအဖွဲ့တွင်း မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှု ရုပ်သိမ်းရေးနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှု ရှိနေပြီး တချို့က ကြားဖြတ်ရွေးကောက်ပွဲ ပြီးတဲ့အချိန်ထိ စောင့်ချင်နေတယ်လို့လည်း ဆိုပါတယ်။
မြန်မာ အစိုးရ ကလည်း အထင်ကရ နိုင်ငံရေး အကျဉ်းသား တွေကို လွှတ်ပေး သလို ဒေါ်အောင်ဆန်း စုကြည်နဲ့လည်း ဆွေးနွေး ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့လည်း ငြိမ်းချမ်းရေး ဆွေးနွေး နေပါတယ်။
No comments:
Post a Comment