Thursday, January 26, 2012

တိုင်းရင်းသားဒေသများတွင် အစိုးရတပ်အချို့ ရုပ်သိမ်း

အေး​နိုင်

ကချင် ပြည်နယ်နဲ့ ရှမ်းပြည် နယ်အ တွင်းမှာ စစ်ဆင်ရေး လုပ်နေတဲ့ မြန် မာ့ တပ်မတော် တပ်မ ၉၉ ကို လွန်ခဲ့တဲ့ ရက်ပိုင်း ကစပြီး ရုပ်နေ တယ်လို့ စစ်ဘက် သတင်း ရပ်ကွက် တွေက ပြောပါတယ်။

မြန်မာ့ တပ်မ တော်က တိုင်းရင်းသား အဖွဲ့ တွေနဲ့ အပစ် အခတ် ရပ်စဲရေး ပျက်ပြီး တဲ့နောက် တပ်မ ၉၉ ကို လွန်ခဲ့တဲ့ သုံးရက်ခန့်ကစပြီး ရုပ်သိမ်း နေတယ်လို့ ကချင် လွတ်လပ်ရေး အဖွဲ့ ပြောခွင့် ရသူ ဦးလနန်းက ပြောပါ တယ်။

“တပ်မဟာ ၉၉ ကတော့ ကချင် ပြည်နယ် မန်စီမြို့ နယ်ရယ်၊ ရှမ်းပြည် မြောက်ပိုင်း မန်တုံ ဒေသ တွေရယ်မှာ တပ်ရင်း တွေခွဲ ပြီးတော့ စစ်ဆင် ရေး လုပ်ကြတယ်။ သူတို့ သက်တမ်း ကတော့ တနှစ် လောက်ကျော် သွား ပြီ။ ဒီဘက် ရောက်တာ။ ပြန်ဖို့ အစီ အစဉ် ရှိတယ်။ ပြန်ဖို့ သတင်း ထွက်နေ တာ ကြာပြီ။ ဒီ ၃၊ ၄ ရက် မှာတော့ တချို့ ဆင်းသွား ကြပြီ။ တခြား တပ်မ ဟာ တွေကတော့ ရှိတုန်း ပါပဲဗျ။ တပ်မ ၈၈ လည်း ကျန်သေး တယ်။ တခြား ဒေသက တတ်လာတဲ့ စခခ တွေလည်း ရှိသေးတယ်။”

တပ်ရုပ်သိမ်းမှုနဲ့အတူ မြန်မာ့တပ်မတော်ဘက်က အောက်ခြေတပ်တွေကို အပစ်အခတ်မလုပ်ဖို့ ညွှန်ကြားတယ်ဆိုတာ သိရတယ်လို့ ဆိုပါ တယ်။

အစိုးရဘက်က တပ်ရုပ်မှုဟာ တရုတ်နိုင်ငံ ရွှေလီမြို့မှာ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ကေအိုင်အိုကိုယ်စားလည်အဖွဲ့ ပဏာမ တွေ့ဆုံခဲ့ပြီးတဲ့နောက် ဖြစ်ထွန်းမှု ဖြစ်ပါတယ်။

ရွှေလီဆွေးနွေးပွဲမှာ နှစ်ဘက်က နိုင်ငံရေးနည်းနဲ့ ဆက်ဆွေးနွေးဖို့နဲ့ စစ်ရေးအရှိန်ကို ထိန်းသိမ်းပြီး ထိတွေ့မှုဖြစ်နိုင်မယ့် နေရာက တပ် တွေ အခြေအနေကို ညှိနှိုင်းမယ်လို့ သဘောတူခဲ့ကြပါတယ်။ ဒါ့အပြင် လာမယ့်လအတွင်းမှာလည်း နှစ်ဘက်ထပ်တွေ့ဖို့ စီစဉ်ထားကြပြီး ရက် မသတ်မှတ်ရသေးဘူးလို့ ကေအိုင်အို ပြောခွင့်ရသူက ဆိုပါတယ်။

အလားတူ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ (အက်စ်အက်စ်ပီပီ) ၀မ်ဟိုင်းဌာနချုပ် အနီးမှာ အခြေစိုက် ထား တဲ့ မြန်မာ့တပ်မတော်တပ်ဖွဲ့ တချို့ ပြန်ရုပ်သွားတယ်လို့ ပါတီရဲ့ ပြောခွင့်ရသူ အတွင်းရေးမှူး -၂ ဗိုလ်မှူးကြီး စိုင်းထူးက ပြောပါတယ်။

တပ်ရုပ်သိမ်းဖို့ အက်စ်အက်စ်ပီပီ က အစိုးရ တာဝန်ရှိသူတွေကို နေပြည်တော်မှာ သွားရောက်တွေ့ဆုံတုန်းက တောင်းဆိုခဲ့ဖူးပါတယ်။

လာမယ့် ၂၈ ရက်နေ့မှာ သူတို့ပါတီက ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စုအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ်တွေ တောင်ကြီးမှာ တွေ့ဆုံဖို့ ချိန်းထားပြီး အပစ်ရပ်ရေး၊ ဆက်ဆံရေးရုံးဖွင့်ရေးနဲ့ အစိုးရတပ်တွေ ပြန်ရုပ်ရေးကိစ္စ ဆွေးနွေးမယ်လို့ ဆိုပါ တယ်။

မွန်ပြည်သစ်ပါတီကလည်း ဒီလကုန်ပိုင်းမှာ အစိုးရဘက်က ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံးကတော့ ဘားအံမှာ အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီချက်ရထားပြီး အစိုးရ ကိုယ်စား လှယ်တွေ နဲ့ တလခွဲအတွင်း ထပ်တွေ့ဖို့ သဘောတူထားပါတယ်။

No comments: