Monday, January 30, 2012

အကျဉ်းကျသံဃာ အနည်းဆုံး ၆၀ နီးပါးကျန်ရှိနေ

ပီတာအောင်

သမ္မတ ဦးသိန်းစိန်အစိုးရက သံဃာ တော်တွေ အပါဝင် နိုင်ငံရေး အ ကျဉ်း သားတွေကို ပြန်လွှတ် ပေးလိုက် ပေမယ့် မြန်မာ နိုင်ငံ တွင်းမှာ အကျဉ်းကျ နေတဲ့ သံဃာတော် အရေ အ တွက် အ နည်းဆုံး ၅၀ ၀န်းကျင် ကျန်ရှိနေ သေးတယ်လို့ နိုင်ငံရေး အကျဉ်းသား တွေကို ကူညီ စောင့် ရှောက် ပေးနေသူ တွေက ထုတ် ဖော် ပြောကြား လိုက်ပါ တယ်။

အကျဉ်းကျ သံဃာ တွေရဲ့ ထောင်ဝင်စာ ရရှိရေး ကူညီ ဆောင်ရွက် ပေးနေတဲ့ ဒေါ်ရှုက “သိသလောက် ဆိုရင် တော့ အပါး ၅၀ လောက် တော့ ရှိတယ်။ ဒါ အန်တီ ဆီက စာရင်းနော်၊ ဒီပြင် စာရင်းတွေ ကတော့ မပြော တတ်ဘူး။ အနည်းဆုံး ကိုယ် မသိတာ တွေရော ဆိုရင် ၆၀ လောက် တော့ ရှိမှာပေါ့။ အဓိ ကတော့ မြစ်ကြီး နားထောင်၊ မန္တလေး ထောင်ထဲ မှာလည်း ကျောက်ဆည် ကိစ္စနဲ့ ပတ်သက်ပြီး ထည့် ထား တာတွေ ရှိ သေးတယ်။ မန္တလေး ထောင်မှာ ၄၅ ပါး ရှိတယ်။ ရန်ကုန် ထောင်မှာလည်း ရှိတယ်။ ဒီပြင် မြို့နယ်တို့ ပြည်နယ်တို့ ထောင် တွေ မှာလည်း ရှိ ဦးမှာပဲ။”

ဒီအရေအတွက်ဟာ လက်လှမ်းမီသလောက် ပြုစုထားတာဖြစ်ပြီး ဒီထက် ပိုများနိုင်သေးတယ်လို့ လည်း ဒေါ်ရှုက ပြောပါတယ်။

အကျဉ်းကျသံဃာအများစုဟာ မန္တလေးအိုးဘိုထောင်မှာ အကျဉ်းကျ နေတာဖြစ်ပြီး ၂၀၀၇ စက်တင်ဘာ သံဃာ့ အရေးအခင်း ကာလ အတွင်းက အဖမ်းခံရတဲ့ သံဃာတော်တွေသာမက ကျောက်ဆည် ဘာသာရေး အဓိကရုဏ်း ကာလတွင်းက အဖမ်းခံရတဲ့ သံဃာတော် တွေလည်း မလွတ်မြောက်ဘဲ ကျန်နေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၃ ရက်နေ့ က သမ္မတ ဦးသိန်းစိန်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်နဲ့  အကျဉ်းသားတွေကို ပြန်လွှတ်ပေးရာမှာ ရွှေဝါ ရောင် သဃာ့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ရှင်ဂမ္ဘီရအပါအ၀င် သံဃာတော်တချို့ ပြန်လွတ်လာခဲ့ပါတယ်။

ပြည်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို စာရင်းပြုစုကူညီပေးနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က မနှင်းနှင်းမွှေးကတော့ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့ သံဃာတော်အရေအတွက် အားလုံး ဘယ်လောက်ရှိမယ် အတိအကျ မသိပေမယ့် ပြန်လွှတ် လာတဲ့ သံဃာတော်တွေထဲက အပါး ၃၀ ကျော်ကို သိက္ခာ ထပ်ပေးခဲ့တယ်လို့ ပြောပါတယ်။

“ကျန်နေသေးတဲ့ သံဃာစာရင်းကို လောလောဆယ်တော့ ပြုစုနေဆဲပါ။ အခုတော့ လွတ်တဲ့သံဃာတွေ သိက္ခာထပ်ပွဲတွေ လုပ်ပေး တဲ့အ ခါ လာတဲ့ သံဃာ အပါးသုံးဆယ်ကျော်လောက်လာတယ်။ ဘုန်းကြီးတွေ ပြောကြတာကတော့ အပါး ၁၀၀ ကျော်လောက် အဖမ်းခံရ တယ် ပေါ့နော်။ အဲဒီမှာ အနည်းဆုံး လွတ်တဲ့ဟာက တ၀က်လောက်ပဲ ဆိုတော့လေ။ အဲဒီစာရင်းတွေကို ကျမတို့က သေချာ ပြန်လိုက် ကောက်ရ ဦးမှာ။ တချို့ ကျတော့လည်း ရဲဘက် စခန်းကို အပို့ခံ ရတယ်။ ၄၀ ကျော်လောက်တော့ ကျန်ဦးမယ်လို့ ခန့်မှန်းရတာပေါ့နော်။ တချို့ ကျတော့ တသက်လုံး ဘုန်းကြီးဝတ်လာတော့ မိသားစုနဲ့ အလှမ်းဝေးတဲ့ သံဃာတွေလည်း ရှိတာပေါ့။ တယောက် နှစ်ယောက် အဆက် အသွယ်က အလှမ်းဝေးနေတယ်။ လွတ်လာတဲ့ သူတွေဆီက ပြောစကားကို ပြန်ပြီး စာရင်းပြုစုရတာ ဆိုတော့။”

နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ကတော့ အကျဉ်းထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားပေါင်း ၃၇၀ ကျော် ကျန်နေသေးတယ်လို့ ပြောပါတယ်။

ပြည်ပအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီ-ဘီ ကတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်း သား တွေ ပြန်လွတ်မလာခင်အထိ အကျဉ်းကျသံဃာ အပါး ၁၉၀ လောက်ရှိတယ်လို့ ပြောပါတယ်။

No comments: