Saturday, January 28, 2012

ဘူးသီးတောင်မြို့နယ်တွင် မီးလောင်၊ နေအိမ် ၁၆ ဆောင် မီးထဲပါ

မောင်အေး

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ရခိုင်ကျေးရွာတရွာဖြစ်သည့် ဇီးတုံး ကျေးရွာတွင် ဇန္န၀ါရီလ ၂၆ နေ့က မီးလောင်မှုတခု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁၆ ဆောင် မီးထဲပါသွားကြောင်း သိရှိရသည်။

မီးလောင်မှုမှာ ယမန်နေ့ ညနေ ၄ နာရီခွဲ ခန့်တွင် စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်ား ဒေသခံတဦးက ပြောသည်။

" မီးကညနေ ၄ နာရီကျော်ခန့်မှာ ဦးဒိုးဖေါက်အာင်နေအိမ်က စပြီးလောင်တာပါ။ အိမ်က ၁၆ ဆောင်ပါသွားတယ်။ ထမင်းချက်တာက စပြီးလောင်တာလို့ သိရပါတယ်။"

ဇီးတုံ ကျေးရွာတွင် စုစုပေါင် အိမ်ခြေ ၅၀ ခန့်ရှိပြီး ကျေးရွာ သားများမှာ အလွန် ဆင်းရဲကြ သည်။ မီးလောင် သွားသည့် နေအိမ် များမှာ ၀ါးဖြင့် ဆောက်လုပ် ထားသည့် နေအိမ်များ ဖြစ်ကြပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ၃ သိန်းဖိုးခန်းသာရှိကြောင်း အဆိုပါ ဒေသခံမှ ပြောသည်။

"မီးလောင်သွားတဲ့ မိသားစုတွေကိုတော့ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲက နီးစပ်ရာ ဆွေးမျိုး အိမ်တွေမှာ နေရာချပေးထားတယ်။ အစိုး ရပိုင်းက တာဝန် အကူအညီးပေးတာတွေတော့ မရှိ သေးဘူး။ လောလောဆယ်မှာ ဖြစ်သလို နေထိုင်နေကြရပါတယ် " ဟုသူ က ဆက် ပြောသည်။

ယခုအကြိမ် မီးလောင်မူမှာ မောင်တော ခရိုင်တွင် ယခုလအတွင်း ဒုတိယအကြိမ် မီးလောင်မှု ဖြစ်ပြီး ဇန်န၀ါရီလ ၁၄ ရက်နေ့ကလည်း မောင်တောမြို့ နယ်အတွင်း မူဆလင် အမျိုးသားများေ နထိုင်သည့် ဈေးကောက်ပင်ရင်းရွာနှင့် အောင်ဆိပ်ပြင် ကျေးရွာတွင် မီးလောင် မှုဖြစ်ပွားခဲ့သည်။

No comments: