Monday, January 30, 2012

ကိုဇာဂနာအပါအဝင် မြန်မာနိုင်ငံသား​သုံး​ဦး​ကို အ​မေရိကန် NED ဖိတ်ကြား

ကို​ထွေး

မြန်မာ့​ နိုင်ငံ​ရေး​နဲ့​ တိုင်း​ရင်း​သား​ ဒေသ အ​ခြေအ​နေ​တွေကို ​ဆွေး​နွေး​ဖို့​ ဟာသ သရုပ်​ဆောင် လူရွင်​တော် ဇာဂနာ အပါအဝင် မြန်မာ နိုင်ငံသား​ သုံး​ဦး​ကို အ​မေရိကန် အစိုး​ရနဲ့​ လွှတ်​တော်​နောက်ခံ အဖွဲ့​အစည်း​ NED (National Endowment for Democracy)က ဖိတ်ကြား ​ပါတယ်။

တိုင်း​ရင်း​သား​ ​ဒေသ​တွေမှာ ဖြစ်ပွား​နေတဲ့​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေအ​ကြောင်း​ တင်ပြဖို့​ NED က ကချင်ပြည်က လယ်သမား​နဲ့​ လူ့​အခွင့်​အ​ရေး​ လှုပ်ရှား​သူ ​ဒေါ်​ဘောက်ဂျာ၊​ လူရွှင်​တော် ဇာဂနာ၊​ အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ် အမျိုး​သမီး​ရေး​ရာ လှုပ်ရှား​သူ ​ဒေါ်ခင်သန်း​မြင့်​တို့​ ၃ ဦး​ကို ဖိတ်ကြား​ခဲ့​တာပါ။

သူတို့​ဟာ အ​မေရိကန်အစိုး​ရရဲ့​ ဒီမိုက​ရေစီ၊​ လူ့​အခွင့်​အ​ရေး​နဲ့​ လုပ်သား​ရေး​ရာ ​ကော်မတီ လက်​ထောက် အတွင်း​ဝန် မိုက်ကယ်ပိုဇနာနဲ့​ ​တွေ့​ဆုံမှာဖြစ်ပါတယ်။

ခရီး​စဉ်အတွင်း​ အ​မေရိကန်အထက်လွှတ်​တော်နဲ့​ ​အောက်လွှတ်​တော်ကိုလည်း​ သွား​လည်ပတ်မှာဖြစ်သလို အ​မေရိကန်​ရောက် ကချင် အသိုင်း​အဝိုင်း​ထံကိုလည်း​ လည်ပတ်မယ်လို့​ ​ဒေါ်​ဘောက်ဂျာက ​ပြောပါတယ်။

“မြန်မာပြည်ရဲ့​ လက်ရှိနိုင်ငံ​ရေး​ အ​ခြေအ​နေရယ်၊​ တိုင်း​ရင်း​သား​ ​ဒေသမှာဖြစ်​နေတဲ့​ လက်ရှိ အဖြစ်အပျက်ကို အ​ခြေခံပြီး​တော့​ ဒီလူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေ၊​ တိုင်း​ရင်း​သား​ ​ဒေသမှာ တိုက်ပွဲဖြစ်​နေတဲ့​ကိစ္စ မြန်မာပြည်ရဲ့​ အ​ခြေအ​နေကို နည်း​နည်း​ တင်ပြ​ပေး​ဖို့​ ဆိုပြီး​တော့​ ကမ်း​လှမ်း​ထား​တယ်။”

သူတို့​ကို ​ဖေ​ဖော်ဝါရီလ ၁ ရက်​နေ့​က​နေ ၇ ရက်​နေ့​အထိ ဖိတ်ကြား​ထား​တာ ဖြစ်ပါတယ်။ NED အဖွဲ့​ဟာ ကမ္ဘာတဝန်း​က ဒီမိုက​ရေစီ​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ လုပ်ငန်း​များ​ကို ​ထောက်ပံ့​နေတဲ့​ အဖွဲ့​အစည်း​တခု ဖြစ်ပါတယ်။

No comments: