Friday, January 27, 2012

ပဒိုမန်းငြိမ်းမောင်ကို အင်းစိန်တရားရုံးထုတ်

webteam

အင်းစိန် ထောင် မှာ အကျဉ်း ကျခံနေရတဲ့ ကရင် အမျိုးသား အစည်း အရုံး (ကေအန်ယူ) ဗဟို ကော်မ တီဝင် ပဒို မန်းငြိမ်း မောင်ကို ဒီကနေ့ အင်းစိန် ထောင် အထူး တရား ရုံးကနေ ရုံးထုတ် စစ်ဆေး တယ်လို့ သိရ ပါတယ်။

ပဒို မန်းငြိမ်း မောင်ကို လူဝင်မှု ကြီးကြပ်ရေး အက်ဥ ပဒေနဲ့ တရားစွဲ ထောင်ဒဏ် ချမှတ်ခံ ထားရတာ ရက်ပြည့် သွားပြီ ဖြစ်ပေမယ့် ကေ အန် ယူရဲ့ ဗဟို ကော်မတီ တဦး ဖြစ်တဲ့ အတွက် မတရား အသင်းမှာ ပါဝင်မှု ပုဒ်မ ၁၇ (၁)၊ နိုင်ငံတော် ပုန်ကန်မှု ၁၂၂-၁ နဲ့ တရား ဆက် လက် စွဲဆို ထားပြီး ဒီကနေ့ အင်းစိန်ထောင် အထူး တရား ရုံးမှာ စစ်ဆေး ကြားနာ တယ်လို့ သူ့ရဲ့ ဥပဒေ အကျိုးဆောင် ဦးကြီးမြင့်က ပြောပါ တယ်။

အမှု ကြားနာ စဉ်မှာ ပဒိုမန်းငြိမ်း မောင်ဟာ​ ​မြန်မာ အစိုးရနဲ့​ ​ကေအန်ယူ အကြား တွေ့ဆုံ ဆွေးနွေးပြီး ငြိမ်းချမ်းရေး လက်မှတ် ထိုးနိုင် အောင် နည်းလမ်းရှာ ကြိုးပမ်း ခဲ့သူ တဦး အဖြစ် တရား ရုံးမှာ လျှောက်လွှဲချက် ပေးခဲ့ တယ်လို့ ဥပဒေ အကျိုးဆောင် ဦးကြီးမြင့်က ပြော ပါတယ်။

“သူက ငြိမ်းချမ်းရေးကို ခင်ဗျားတို့ ဘယ်လို လိုချင်လဲ။ ကေအန်ယူကတော့ ဘာတွေ လိုလားတယ်။ အဲဒီ လိုလားချက်တွေ ရအောင် ခင် ဗျားတို့ဘက်က ကောင်းမွန်တဲ့​ ​စေတနာတွေ ဘယ်လိုအချက်တွေ ပြဖို့လိုတယ်။ အဲဒါဆိုရင် ဘယ်သူတွေနဲ့ ဆက်သွယ်ပြီးတော့ ငြိမ်းချမ်း ရေး ရအောင် ကြိုးပမ်းဆိုပြီး သူက ဆရာတော် တပါးကို ညွှန်လိုက်တယ်ဗျ။ အဲဒီဆရာတော်ကလည်း သိက္ခာ သမာဓိ ရှိတဲ့သူ ဖြစ်ရမယ်။ နှစ်ဖက်ကလည်း ယုံကြည်ရမယ်။ အဲဒီ သမာဓိရှိတဲ့ အကျိုးဆောင်မျိုး ကြားကလိုတယ်။ အဲဒီ အကျိုးဆောင်ဆိုရင် တောင် ကလေး ဆရာ တော် ဆိုလားပဲ သူ့အကူအညီနဲ့ ခင်ဗျားတို့ ဆက်လုပ်ကြလို့ ပြောလိုက်တဲ့ အခါ အဲဒီ ဆရာတော်ကိုလည်း ဆက်တယ်တဲ့။ အဲဒီ ဆရာ တော်နဲ့ တွဲရိုက်ထားတာ ဓာတ်ပုံတွေ ပဒို ဒေဗစ်ထောရယ်၊ ဦးအောင်မင်းရယ် အဲဒီ ဆရာတော်ရယ် တွဲရိုက် ဓာတ်ပုံတွေလည်း ဂျာနယ် တွေ မှာပါနေပြီ။ အဲဒီ ဆရာတော်ကိုလည်း မဟာသတ္တမ ဇော်တိက ဘွဲ့ ပေးလိုက်တယ်။ အကျိုးဆောင်ချင်း အတူတူ သူ့ကျတော့ ဘွဲ့ပေး တယ်။ ကျနော့်ကျတော့ ထောင်ထဲ ဒီပုဒ်မနဲ့ တရားစွဲတယ်ဗျာတဲ့။ သူက အဲဒီလို ပြောတယ်။”

အမှုကို လာမယ့် ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ထပ်မံ ကြားနာစစ်ဆေးဖို့ ရှိနေပါတယ်။ တရားရုံးကနေ ပဒိုမန်းငြိမ်းမောင်ကို အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင် ပုဒ်မ ၁၇ (၁) အတွက် ထောင်ဒဏ် ၂ နှစ်ကနေ ၃ နှစ်အထိ ပြစ်ဒဏ်ကျခံ နိုင်ပြီးတော့ ပုဒ်မ ၁၂၂-၁ အတွက်လည်း သေ ဒဏ်တကျွန်း​ ကျခံနိုင်တယ်လို့ ဥပဒေ ကျွမ်းကျင်သူတွေက ပြောပါတယ်။

No comments: