Sunday, January 29, 2012

ရခိုင်တော်လှန်ရေးသမား သက်ကြီးရွယ်အိုများအား ဂုဏ်ပြုပူဇော်ပွဲကို ARG က နိုင်ငံသုံးခုတွင် တပြိုင်တည်းပြုလုပ်မည်

နိရဉ္စရာ

၂၀၁၂-ခုနှစ် ဧပြီလ သင်္ကြန် အပြီး ရခိုင် နှစ်ဆန်း တစ်ရက် နေ့၌ ရခိုင် တော်လှန်ရေး သမား သက်ကြီး ရွယ်အို များအား ဂုဏ်ပြု ပူဇော်ပွဲ များကို ရခိုင် မျိုးစောင့် အုပ် စု က ဘင်္ဂလား ဒေ့ခ်ျ၊ ထိုင်းနှင့် အိန္ဒိယ သုံးနိုင် ငံတွင် တပြိုင်တည်း ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။

" အသက်၊ ဘ၀တို့ကို ပေးဆပ်ကာ ရခိုင်အမျိုးသား ရေးအတွက် ဘ၀တ လျှောက်လုံး စွမ်းစွမ်း တမံ လုပ်ဆောင် လာပြီး ယခု အခါ အို မင်း မ စွမ်းဖြစ် နေကြသော ရခိုင် တော်လှန်ရေး သမား သက်ကြီး ရွယ်အို များကို အထောက် အပံ့ပြု လုပ်လို ၍၄င်း၊ သူတို့၏ ကိုယ်ကျိုး စွန့် အနစ် နာခံ ဆောင်ရွက် လာခဲ့မှုကို ရခိုင်ပြည်သူ များက ကျေးဇူးတင် အသိ အမှတ် ပြုခြင်း အား-ထို ပုဂ္ဂိုလ်များ သိဟိပြီး-ပီတိ အ ကျိုး ကို ခံစား စေလိုခြင်း ကြောင်း၎င်း- ယခုကဲ့သို့- အခမ်း အနားများ ပြုလုပ်ရခြင်းဖြစ် ကြောင်း" နယ်သာလန် နိုင်ငံတွင် နေထိုင်သူ ARG အဖွဲ့ဝင် ဦးချစ်မောင်က ပြောသည်။

အဆိုပါ အခမ်းအနား၌- မကျန်းမမာဖြစ်နေသော တော်လှန်ရေးသမား တချို့ကို၎င်း၊ တော်လှန်ရေးတွင် ထိခိုက်ဒဏ်ရာရပြီး မသန် မစွမ်း ဘ၀ ရောက်နေသူတချို့ကို၎င်း၊ ဘာသာခြားများ၏ ဖျက်ဆီးခြင်းခံရသော ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း သုံးကျောင်းနှင့် ဘာသာခြား များက မိသားစုလိုက် သတ်ဖြတ်၍ ကျန်ရစ်သူ တစ်ဦးကို၎င်း၊ အထောက်အပံ့များ ချီးမြှင့်သွားမည် ဖြစ်ကြောင်းလည်း ဦးချစ်မောင် က ပြောသည်။

မူလက ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင်ရှိနေသော တော်လှန်ရေးသမား သက်ကြီးရွယ်အိုများကိုသာ ပူဇော်ပွဲကျင်းပသွားရန် ရည်ရွယ် ခဲ့သော် လည်း-ယခုဇန္န၀ါရီလ-ARG - နိုင်ငံတကာအစည်းအဝေးတွင် သုံးနိုင်ငံ၌ တပြိုင်တည်းပြုလုပ်ရန် ဆုံးဖြတ်လိုက်ကြောင်း ဂျပန်နိုင်ငံမှ ARG - အဖွဲ့ဝင် ဦးလှရွှေကပြောသည်။

" ကျွန်တော် အစပိုင်းကတော့ ဘင်္ဂလာဒေခ်ျ့ တစ်နိုင်ငံတည်းမှာဘဲ လုပ်ဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမယ့်လည်း ထိုင်း၊ အိန္ဒိယ စတဲ့ နိုင်ငံ တွေ မှာလည်း သက်ကြီးရွယ်အို တော်လှန်ရေးသမားတွေ ရှိနေတဲ့ အတွက် သူတို့ကိုလည်း ဂုဏ်ပြု ပူဇော်ထိုက်တယ်ဆိုပြီး အခုလို နိုင်ငံ သုံး နိုင်ငံမှာ ကျင်းပ ပြုလုပ်ဖို့ စီစဉ်လိုက်ရတာ ဖြစ်ပါတယ်" ဟုပြောသည်။

ARG - ခေါ် "ရခိုင်မျိုးစောင့်အုပ်စု" (ARAKAN RAKKHITA GROUP) မှာ တော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်း မဟုတ်သော်လည်း ရခိုင် အမျိုး သားရေး ဘက်စုံ တိုးတက်ရေးအတွက်- နိုင်ငံတကာတွင် ရောက်ရှိနေသော ရခိုင်အမျိုးသားများ ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။

No comments: