Monday, January 30, 2012

မူစယ် ခရိုင် အတွင်း တိုက်ခိုက်မှု နှင့် ဗုံးကွဲမှုများ ဆက်တိုက် ဖြစ်ပွား

သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်နှင့် မုံးကိုး မြို့များတွင် နှစ်ရက် ဆက်တိုက် လူထိခိုက် သေဆုံးမှု မရှိသည့် ဗုံးကွဲမှု နှစ်ကြိမ် နှင့် ပစ်ခတ် တိုက်ခိုက်မှု တစ်ကြိမ် ဖြစ်ပွား ခဲ့ကြောင်း မူစယ် ဒေသ ခံများ အဆို အရ သိရသည်။

ယခုလ၂၅ ရက်နေ့ ညပိုင်း ၉ နာရီခန့်က အေးရှားဝေါလ်တိုးလ်ဂိတ် ၀န်ထမ်းအိမ်ရာဝင်းအတွင်း ဗုံးကွဲမှုတစ်ခုအပါ အဝင် မုံးကိုးမြို့တွင်း ဗုံးကွဲမှုနှင့် တပ်စခန်းအား ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ဗုဒ္ဓဟူးနေ့ ညပိုင်း ၉ နာရီလောက်က မူစယ်မြို့တော်ခန်းမမှာ ဦးဖုန်း (ဓါတုဗေဒ) စာပေဟော ပြောပွဲလုပ်နေတယ် အဲဒီအချိန်မှာပဲ အေး ရှားဝေါဂိတ် ၀န်ထမ်းအိမ်ရာထဲကို ဗုံးတစ်လုံးပစ်သွင်းသွားတယ် လူအသေအပျောက်တော့ မရှိဘူး အဆောက်အဦ တချို့ဗုံးစ ထိမှန်တာ လောက်ပဲ ရှိတယ် ” - ဟု မူစယ်မြို့ခံ တစ်ဦးက ဆိုသည်။

၂၄ ရက်နေ့ ညပိုင်းတွင် မုံးကိုးမြို့တွင်းရှိ နေအိမ်ခြံဝန်းတစ်ခုအတွင်း အလားတူဗုံးပစ်သွင်းပေါက်ကွဲခဲ့ပြီး နံနက်ပိုင်း၌ ခလရ ၂၃၉ ရှိရာ မုံးကိုးတပ်စခန်းအား အမည်မသိအဖွဲ့များက လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သေးကြောင်း ဒေသခံများ က ဆိုသည်။

No comments: