Monday, January 30, 2012

ဒီမိုကရေစီရေး မပြီးပြတ်သေးဟု ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် မြန်မာဝန်ကြီး ပြောကြား

ပီတာအောင

မြန်မာ နိုင်ငံမှာ ဒီမို ကရေစီ လုပ်ငန်းစဉ် မပြီးပြတ် သေးတဲ့ အကြောင်းနဲ့ လုပ်စ ရာတွေ အများကြီး ရှိသေး တယ်လို့​ ​မြန်မာ စက်မှု ၀န်ကြီး ဦးစိုးသိန်းက​ ​ပြောကြား လိုက်ပါ တယ်။

ဆွစ်ဇာလန် နိုင်ငံ ဒါဗို့စ်မြို့က ကမ္ဘာ့ စီးပွားရေး ဖိုရမ်မှာ ပထမဆုံး အကြိမ် တက်ရောက် နေတဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ၀န်ကြီး ဦးစိုး သိန်းက ရိုက်တာ သတင်း ဌာနဲ့ တွေ့ဆုံ မေးမြန်း ရာမှာ ပြောကြား လိုက်တာပါ။

ဝန်ကြီး ဦးစိုးသိန်းက “အတော် များများ လုပ်ခဲ့ပြီး ပါပြီ။ ဒါပေမယ့် လုပ်စ ရာတွေ အများကြီး ကျန်ပါ သေးတယ်။ မကြာခင် အနာဂတ် ကာလမှာ လုပ်စ ရာတွေ တပုံကြီး ရှိနေ ပါတယ်။ ဒီမို ကရေစီ လုပ်ငန်းစဉ် မပြီး သေးပါဘူး။ နိုင်ငံရေး မှာသာမက စီးပွားရေး ကဏ္ဍမှာ ရော ဥပဒေတွ၊ နည်းနာ၊ လုပ်ထုံး လုပ်နည်းတွေ၊ အဖွဲ့ အစည်းတွေ အတွင်း မှာပါ ပြုပြင်မှု၊ ပြောင်းလဲ မှုတွေ အများကြီး လုပ်ဆာင် ရပါ ဦးမယ်။ ဒါပေမယ့် ပိတ်ဆို့ ဒဏ်ခတ်မှု ရုပ်သိမ်းဖို့ ကိစ္စ ကတော့ ပိတ်ဆို့ ဒဏ်ခတ် သူတွေ အပေါ်မှာပဲ မူတည် ပါတယ်”လို့ ပြောပါ တယ်။

ဒါ့ပြင် မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေနဲ့ ရင်းနှီးနှီးဆက်ဆံဖို့ ကမ္ဘာ့ အသိုင်းအ၀န်း၊ ကမ္ဘာသူကမ္ဘာသားတွေ အားလုံးနဲ့ ၀င်ဆံ့အောင် ဆောင် ရွက်နေကြောင်းနဲ့ တရုတ်နဲ့ သာမက အမေရိကန်၊ အီးယူနဲ့ တခြား နိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနီးချင်ပါတယ်။ ထိုင်း၊ ဘင်္ဂလား ဒေ့ရှ်၊ အိန္ဒိယနဲ့ လာအိုတွေနဲ့ ရော ရင်းနှီးချင်ပါတယ်လို့ ပြောပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒါဗို့စ်ကမ္ဘာ့ စီးပွားရေးဖိုရမ်မှာ နိုင်ငံတကာက ခေါင်းဆောင်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်ပေါင်း ၂၀ လောက် နဲ့ တွေ့ဆုံကာ မြန်မာနိုင်ငံဟာ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံအကြားဆုံရပ်မှာ တည်ရှိပြီး စွမ်းအင်၊ ငါးဖမ်းလုပ်ငန်းနဲ့ ခရီးသွား လုပ် ငန်းတွေမှာ အလားအလာ ရှိတဲ့အကြောင်း ပြည်ပရင်းနှီးမြှုပ်နှံမူတွေ တိုးလာအောင် ဆွေးနွေးပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါ တယ်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒု-၀န်ကြီး သူရ ဦးသောင်းလွင်ကတော့ မြန်မာအစိုးရအနေနဲ့ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေကို ၈ နှစ် ကြာ အခွန် ကင်းလွတ်ခွင့် ပေးဖို့ စီစဉ်နေတယ်လို့ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့မှာ သတင်းထောက်တွေကို ထုတ်ဖော် ပြောကြား ခဲ့တဲ့အ ကြောင်း အေအက်ဖ်ပီ သတင်းမှာ ဖော်ပြပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေဟာ ကန့်သတ်ချက်တွေ ရှိတဲ့အတွက် ပြန်လည် စိစစ်ပြင်ဆင်မှာ ဖြစ်တဲ့ အ ကြောင်း၊ အိမ်နီးချင်း နိုင်ငံတွေထက် ရင်းနှီးမြှုပ်နှံမှုတွေ ပိုဆွဲဆောင်နိုင်ဖို့ နိုင်ငံခြားက အကြံပေးတွေ ငှားရမ်းပြီး ဥပဒေပြင်ဆင် ရေးဆွဲ ခိုင်းထားတယ်လို့ ၀န်ကြီးက ပြောပါတယ်။

ဒီဥပဒေမှာ ရင်းနှီးမြှုပ်နှံသူတွေကို ၈ နှစ်အထိ အခွန်ကင်းလွတ်ခွင့် ပေးမှာဖြစ်ပြီး​ ​မြန်မာနိုင်ငံအတွက် အကျိုးအမြတ် ရှိတယ်ဆိုရင် မက် လုံး တွေ ပိုတိုးပေးသွားမယ်လို့ ၀န်ကြီး သူရဦးသောင်းလွင်က ပြောပါတယ်။

ရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်း ရေးဆွဲပြီးသွားပြီ ဖြစ်ပြီး ဖေဖော်ဝါရီလလောက်မှာ ဥပဒေထွက်လာလိမ်မယ်လို့ မြန်မာဝန်ကြီးရဲ့ ပြောကြား ချက်အရ သိရပါတယ်။

No comments: