Monday, January 30, 2012

အကျင့်ပျက် ခြစားနေသော ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ပညာရေးမှူးနှင့် ပညာရေး ၀န်ထမ်းများ အကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သိပါစေ

နိရဉ္စရာ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ချောင်းနွယ်ကျေးရွာရှိ ပညာရေးအခြေအနေမှာ အလွန်ပင်စိတ်ဆင်းရဲ စရာအကြောင်းများ ဖြစ်ပေါ် နေပါသဖြင့် အများပြည်သူများ သိစေရန်နှင့် ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပါတယ် ဆိုသော သမ္မတ ဦးသိန်းစိန် အစိုးရ သိရှိစေရန် တင်ပြလိုက်ရပါသည်။

ရခိုင်ပြည်နယ် ပေါက်တော့မြို့နယ် ချောင်းနွယ်ကျေးရွာမှာ အိမ်ခြေပေါင်း ငါးရာကျော်နီးပါး ရှိသော် လည်း အခုအချိန်ထိ အလယ်တန်း ကျောင်း မရှိသေးပါ။ ရွာရှိ ကလေးငယ်များမှာ အလယ်တန်း အဆင့်ကို ကောင်းမွန်စွာ သင်ကြားခြင်းမပြုရသည့်အပြင် ခေတ်အ ဆက် ဆက် အစိုးရ အထက်ထက် လက်ထက်တွင် အလယ်တန်းကျောင်းကို ရပ်မိရပ်ဖ များက လျှောက်ထားခဲ့သော်လည်း ယနေ့အချိန်ထိ အ လယ်တန်း ကျောင်းကို ချပေးခြင်း မရှိသေးပါ ။

ယခုကဲ့သို့ အခြေအနေတွင် အခုအခါ အလယ်တန်း အဆင့်သာမက မှုလတန်းအဆင့်ကို သင်ကြားနေသော ကျောင်းဆရာ ဆရာမ များ မှာ ကျောင်းကိုခြိတ်ပိတ်ပြီး စာလာမသင်သည်မှာ ၅ လ နီးပါး ရှိနေပါသည်။ အဲဒီ အကြောင်းကို မြို့နယ် ပညရေးမှူး ပြည်နယ် ပညာ ရေး မှူး နှင့် ဌာနဆိုင်ရာ အဆင့်ဆင့်သို့ တင်ပြ လျှောက်ထားခဲ့သော်လည်း ယခုအချိန်ထိ ၄င်းကျောင်းဆရာ ဆရာများမှာလာရောက်စာ သင် ကြားမရှိခဲ့ပါ။

လွန်ခဲ့သည့် ၉ လပိုင်း ၁၈ ရက်နေ့ကတည်းကနေ .. ယခု အချိန်အထိ ဆရာ ဆရာများဖြစ်သော ... (၁) စိန်စိန်ဌေး (ပေါက်တောမြို့သူ) ၊ (၂) ဖြူဖြူထွေး (၃) ခင်ခင်ကျော် (၄) ဥမ္မာဝင်း (၅) ခင်မောင်သန်း ဆိုသော ကျောင်းဆရာ ဆရာမများသည် ယနေ့ထိတိုင် စာမ သင် ကြား သည်မှာ ငါးလနီးပါးရှိနေပါသည်။ ကျောင်းတက်အရွယ် စာမသင်ရသော ကလေးငယ်များအတွက် အင်မတန်မှ စိတ်မကောင်း ဖြစ် မိပါသည်။

၎င်း ချောင်းနွယ်ကျေးရွာသည် .. လူဦးရေ ၄ ထောင်နီးပါးရှိပြီး .. ပေါက်တောမြို့နယ် ကျေးရွာများ ထဲမှာ .. ဒုတိယ အကြီးဆုံး ကျေးရွာ တစ်ရွာဖြစ်ပါသည်။ ရခိုင်ပြည်နယ်၏ ပညာရေးစနစ်သည် .. အုပ်ချုပ်သူ လူတန်းစားများက လူမျိုးရေးအရ နှိမ်တဲ့ကြားထဲက မြို့နယ် အုပ်ချုပ်သူများနှင့် မြို့နယ်ပညာရေးမှုးများသည်လည်း တာဝန်ကျ ဆရာ/ ဆရာမ များထံမှ လာဘ်ထိုးသော ငွေကိုယူပြီး ဆရာ ဆရာမ များ စာသွားမသင်ပဲ သူတို့ စီးပွားရေး သူတို့ လုပ်နေသည်ကို နားလည်မူ ပေးပြီး နေနေကြပါသည်။

ယခုအခါ ၄င်းကျေးရွာသူရွာသားများက လက်မှတ်ထိုးပြီး ပြည်နယ်ပညာရေးမှုနှင့် အခြေခံ ပညာ ဦးစီးဌာနစသော တိုင်းနှင့် ပြည်နယ် ပညာရေး တာဝန် အဆင့် ရှိသူများထိ စာတင်ထားသော်လည်း အကြောင်းတစ်စုံတစ်ရာ မထူးပဲ ယနေ့ထိတိုင်အောင် ကလေးငယ် များ အား စာလာသင်ကြားမရှိသေးပါ ။

ဒါတွေကို အထက်အာဏာပိုင်တွေ က မသိတာလား။ တမင်သက်သက် ဒီလိုအကျင့်ပျက် ခြစားနေတဲ့ ပညာရေးဝန်ထမ်းတွေကို အားပေး အားမြှောက်ပြုပြီး ရခိုင်ပြည်နယ် ပညာရေးကို ဖျက်ဆီးနေတာလား မေးလိုက်ပါရစေ။ ဒီလို တိုင်းပြည်ဝန်ထမ်းများက လုပ်နေရင် သူတို့ကို ... အားကိုးပြီးတော့ ဘယ်လို ဘယ်နည်းနဲ့ ဒီပညာရေးစနစ်နဲ့ တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းကို မြှင့်တင်သွားမှာပါလဲ။ အုပ်ချုပ်သူတွေရဲ့ လုပ်ရပ်ကြောင့် မြန်မာပြည်ထဲက ရခိုင်ပြည်နယ်ပညာရေးကို ရင်လေးမိပါသည်။

ဒါတွေလား .. Clean Government, Good Governance ဆိုတာ .. လားလို့ ဦးသိန်းစိန် သမ္မတကြီးကို မေးလိုက်ရပါရေစေ။

ချောင်းနွယ်ရွာသား
ကျောင်းသားဟောင်းတစ်ယောက် ...

No comments: