ရွှေအာင်
မြန်မာ နိုင်ငံမှာ အမေ ရိကန် ဒေါ်လာ ပိုင် ဆိုင် သူတွေ အနေနဲ့ ဒေါ်လာ ၁ သောင်း အထိ ဘာစာရွက် စာတမ်းမှ တင်ပြ စရာ မလိုဘဲ ငွေလဲ လှယ်နိုင် ပြီ ဖြစ်ပါ တယ်။
ဖေဖော်ဝါရီ ၁ ရက် နေ့က စြပီး နိုင်ငံခြား ငွေလဲလှယ် ရောင်းဝယ်ခွင့် ရထား ကြတဲ့ ဘဏ် တွေက ငွေလဲ ကောင်တာ တိုင်းမှာ လဲလှယ် နိုင်ကြပီ ဖြစ်ပါတယ်။
အရင်က ငွေလဲ ကောင်တာ တွေမှာ ငွေလဲရင် နိုင်ငံခြား သားဖြစ် ပါက ပတ်စ်ပို့ပြ ရြပီး၊ ဒေါ်လာ ၂၀၀၀ ကျော် လဲရင် အကောက်ခွန် ကြေ ညာလွှာ တင်ပြ ရပါ တယ်။
မြန်မာ နိုင်ငံ သားဆိုရင် နိုင်ငံခြား ငွေရ ရှိရာ ငွေဝင် ရင်းမြစ်ကို တင်ပြရြပီး ဝယ်ယူမှာ ဆိုရင်တော့ ဘယ်နေ ရာမှာ သုံးမယ် ဆိုတာ သက်သေ တင်ပြ ရတာတွေ ရှိခဲ့ ပါတယ်။
အခု အဲ့ဒီလို စာရွက်စာတမ်း တင်ပြရတာတွေကို အမေရိကန်ဒေါ်လာ ၁ သောင်းတန်ဖိုးအထိ ပြုလုပ်ရန် မလိုအပ်တော့ဘူးဆိုတဲ့ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်နဲ့ ဖြေလျှော့ပေးခဲ့တာ ဖြစ်ပါတယ်။
အခုလို ဒေါ်လာ ၁ သောင်းအထိ စာရွက်စာတမ်း ပြစရာမလိုဘဲ ငွေလဲနိုင်တဲ့အပေါ် ဖြစ်ပေါ်လာနိုင်တဲ့ ကောင်းကျိုး ဆိုးကွက်တချို့ကို စီးပွားရေးနဲ့ဘဏ္ဍာရေးဆိုင်ရာ ဆောင်းပါးတွေရေးနေတဲ့ ဆရာဦးဟန်ထွန်း (အခွန်) က အခုလို သုံးသပ် ပြောကြားပါတယ်။
“နိုင်ငံခြားငွေ အတန်အသင့်ရြပီးတော့ အဲ့အပေါ်မှာ အသက်မွေးဝမ်းပြုနေရတဲ့ လူတွေ။ ဥပမာ နိုင်ငံခြားပို့တဲ့ ငွေနဲ့ စားဝတ်နေရေးဖြေရှင်းနေရတဲ့ လူတွေအတွက်တော့ ကောင်းတာပေါ့။ သို့သော်လည်း ငွေကြေးကစားတဲ့လူတွေအတွက် အခွင့်အရေးဖြစ်သွားမှာကို နည်းနည်း ကြည့်ထိန်းရမယ့် သဘောတော့ရှိတယ်။ လူ ၁၀ ယောက် ဒါမှမဟုတ် လူ ၄၊ ၅ ယောက်က နှစ်ခါ သုံးခါပြန်လဲတာတို့ ဘာတို့ ဆိုတဲ့ ပြဿ နာတွေလည်း ဖြစ်လာနိုင်တယ်။ ဒါပေမယ့် တခုရှိတာပေါ့။ အစိုးရရဲ့ ဗဟိုဘဏ်က ဒီကိစ္စအပေါ်မှာ လက်လွတ်စပယ် မထားလောက်ဘူးလို့တော့ ထင်တာပဲ။ ဆိုလိုတာကတော့ ဘယ်သူတွေ ဘယ်လောက် လဲ ပြီးပြီလဲ။ ဘယ်လောက်ခြေရှုပ်နေသလဲ ဆိုတာကိုတော့ နည်းနည်း စုံစမ်းထောက်လှမ်းမှု နောက်ကလိုက်ကြည့်တာတို့ လုပ်ဖို့ လိုအပ်လိမ့်မယ်လို့ ထင်တယ်။”
လောလောဆယ် အမေရိကန်ဒေါ်လာနဲ့ ကျပ်ငွေလဲနှုန်းကို ရန်ကုန်မြို့ သိမ်ဖြူငွေလဲကောင်တာနှုန်းနဲ့ သတ်မှတ်လဲလှယ် ရောင်းဝယ်နြေက တာ ဖြစ်ပါတယ်။
မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲဖို့အတွက် ငွေလဲနှုန်းတခု သတ်မှတ်ဖို့နဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို လွတ်လပ်တဲ့ အဖွဲ့အစည်းအြဖစ် ပြောင်းဖို့ ပညာရှင်အများစုက အြကံပြုထားကြပါတယ်။
No comments:
Post a Comment