Wednesday, January 25, 2012

မြန်မာပြည်တွင် ​မျှော်လင့်​ချက်အသစ်များ​ရှိ​နေ​ကြောင်း​ အိုဘား​မား​ပြော

နေသွင်

မြန်မာ ပြည်နဲ့​ ဆက်ဆံ​ရေး​ သစ်က​နေ ​မျှော်လင့်​ချက် အသစ်​တွေ ရှိ​နေ တယ်လို့​ အမေရိကန် သမ္မတ ဘား​ရတ် အိုဘား​မား​က နိုင်ငံ​တော် မိန့်​ခွန်း​မှာ ထည့်​သွင်း ပြောကြား​ သွား​ပါတယ်။

အ​မေရိကန် ပူး​တွဲ ကွန်ဂရက် လွှတ်​တော်ကို မ​နေ့​က ​ပြောကြား​တဲ့​ မိန့်​ခွန်း​မှာ အိုး​ဘား​က “အ​မေရိကန်ဟာ ပစိဖိတ်​ ဒေသရဲ့​ အင်အား​ဖြစ်ပြီး​၊​ မြန်မာ ပြည်နဲ့​ ဆက်ဆံ​ ရေး​သစ် ကလည်း​ ​မျှော်လင့်​ချက် အသစ်​ တွေကို ​ဆောင် ကြဉ်း​ နိုင်ခဲ့​တယ်” လို့​ ​ပြောပါ တယ်။

အ​မေရိကန် သမ္မတ ဘား​ရတ် အိုဘား​မား​ က သူသမ္မတ ဖြစ်တဲ့​ ၂၀၀၈ ခုနှစ် ​နောက်ပိုင်း​မှာ အရင် အ​မေရိကန် အစိုး​ရ အဆက် ဆက်က ချ မှတ် ထား​တဲ့​ မြန်မာ အစိုး​ရ အ​ပေါ် ဒဏ်ခတ် ပိတ်ဆို့​ မှုအပြင် ထိ​တွေ့​ ဆက်ဆံ​ရေး​ ​ပေါ်လစီ ကိုပါ တပြိုင်နက် ကျင့်​သုံး​ ခဲ့​တာပါ။

အ​မေရိကန်အစိုး​ရအ​နေဖြင့်​ ဒီမိုက​ရေစီနဲ့​ လူ့​ဂုဏ်သိက္ခာဘက်က​နေ ရပ်တည်သွား​မယ်လို့​ အိုဘား​မား​က သူ့​မိန့်​ခွန်း​မှာ ထည့်​ပြောပါတယ်။

“တည်ငြိမ်ပြီး​ ခိုင်မာတဲ့​ ဒီမို​ကရေစီစနစ်ကို ​ရှေး​ရှုပြီး​ ပွင့်​လင်း​တဲ့​ ​ဈေး​ကွက်စနစ်ကို ​ဖော်​ဆောင်မယ့်​ ​ပေါ်လစီ​တွေကို ကျ​နော်တို့​ အ​မေရိ ကန်အစိုး​ရက ဆက် ​ထောက်ခံသွား​ပါမယ်။ အာဏာရှင်စနစ်ဟာ လွတ်လပ်မှုနဲ့​ သဟဇာတ မဖြစ်ပါဘူး​။”

အ​မေရိကန်အစိုး​ရဟာ မြန်မာပြည်ကို နှစ်​ပေါင်း​ ၅၀ ​ကျော်ကြာ အဆင့်​မြင့်​ သံတမန် ဆက်ဆံ​ရေး​ ဖြတ်​တောက်ထား​ရာက​နေ ဒီဇင်ဘာ အတွင်း​က အ​မေရိကန် နိုင်ငံခြား​ရေး​ဝန်ကြီး​ ဟယ်လာရီကလင်တန်ကို ပြန်လည်​စေလွှတ်ခဲ့​ပြီး​ မကြာခင်မှာ မြန်မာပြည်ဆိုင်ရာ အ​မေရိ ကန်သံတမန်ကိုလည်း​ ပြန်လည်ခန့်​အပ်ဖို့​ ​ကြေညာထား​ပါတယ်။

မြန်မာပြည်အ​ပေါ် ဒဏ်ခတ်ပိတ်ဆို့​ထား​တွေ ပြန်လည်ရုပ်သိမ်း​ဖို့​ ကိစ္စကိုလည်း​ ဧပြီလ ကြား​ဖြတ်​ရွေး​ကောက်ပွဲ အပြီး​မှာ သုံး​သပ်သွား​ဖို့​ ရှိတယ်လို့​ ​ပြောဆိုထား​ပါတယ်။

သူ့​ရဲ့​ နိုင်ငံ​တော် မိန့်​ခွန်း​မှာ သမ္မတအိုဘား​မား​က အ​မေရိကန် ကျဆုံး​နေပြီဆိုတဲ့​ သုံး​သပ်ချက်​တွေဟာလည်း​ နား​မလည်လို့​ ​ပြောတာ ဖြစ် ပြီး​ အ​မေရိကန်ဟာ ကမ္ဘာ့​အ​ရေး​အရာ​တွေမှာ မရှိမဖြစ်တဲ့​ နိုင်ငံတခုအဖြစ် ဆက်ရှိနေပြီး​ သူသမ္မတအဖြစ် တာဝန်ယူ​နေတဲ့​အချိန်မှာ ဒီအ တိုင်း​ ဆက်ထိန်း​သွား​ဖို့​ ရည်ရွယ်တယ်လို့​ ​ပြောပါတယ်။

No comments: