Sunday, February 19, 2012

ကရင်နီတပ်သားသစ်တွေ စစ်သင်တန်းဆင်း

ပါးရယ်

ကရင်နီပြည်တပ်မတော်က ဖွင့်လှစ်ထားတဲ့ အပတ်စဉ် ၆ဝ အခြေခံ စစ်သင်တန်းကို တက်ခဲ့တဲ့ သင်တန်းသား အယောက် ၄၅ ယောက် က ဖေဖော်ဝါရီလ ၁၅ ရက်နေ့က သစ္စာရည် သောက်ပြီး စစ်သင်တန်း ဆင်းခဲ့ကြပါတယ်။

ကရင်နီပြည်တွင်းက သင်တန်းသား ၄၅ ယောက် တက်ခဲ့တဲ့ အဲဒီစစ်သင်တန်းကို ကရင်နီပြည်တပ်မတော် ထိန်းချုပ်နယ်မြေမှာ ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ၂ဝ၁၂ ခုနှစ် ဖေဖေါဝါရီလ ၁၅ ရက်နေ့မှာ ပြီးဆုံးခဲ့သဖြင့် ကရင် နီပြည် တပ်မ တော်က အဲဒီသင်တန်းသားတွေကို သစ္စာရည် တိုက်ပြီး ကရင်နီပြည်တပ်မတော်သားအဖြစ် အသိအမှတ် ပြုလိုက်ပါတယ်။

“ဒီနေ့ ကျနော်တို့ သစ္စာရည် သောက်ပြီးတဲ့ အချိန်က စပြီး ကျနော်တို့က ကိုယ့်ရပ်ကိုယ်ရွာနဲ့ ကိုယ့်တိုင်းကိုယ့်ပြည်ကို ကာကွယ် စောင့် ရှောက်ရတော့မယ်။ ကျနော်တို့ဟာ ရွာသူရွာသားတွေ မဟုတ်တော့ဘူး။ ကျနော်တို့ဟာ ရဲဘော်တွေ ဖြစ်သွားပြီ” လို့ ကရင်နီ ပြည်တပ် မတော် ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် အောင်မြတ်က စစ်သင်တန်းဆင်းပွဲ အခမ်းအနား မိန်းခွန်းမှာ တပ်သားသစ်တွေကို ပြောကြား သွားပါ တယ်။

ကရင်နီပြည်တပ်မတော် တပ်သားသစ်တွေဟာ မိမိတပ်ထဲမှာ နေတဲ့ အချိန်မှာ တပ်ဗိုလ်တပ်မှူးရဲ့ အမိန့်တွေကို လိုက်နာကြဖို့၊ လူထု ရပ် ရွာ ထဲမှာ ရောက်တဲ့ အချိန်မှာလည်း ရပ်မိရပ်ဖရဲ့ ပြောစကားတွေကို နားထောင်ကြဖို့နဲ့ စည်းစည်းလုံးလုံး နေသွားကြဖို့ ကရင်နီ တပ်မ တော် တပ်သားသစ်တွေကို ဗိုလ်ချုပ် အောင်မြတ်က ဆက်လက်မှာကြားခဲ့ပါတယ်။

ကရင်နီအမျိုးသားတွေဟာ မိမိကရင်နီပြည်နဲ့ လွတ်လပ်စွာ မိမိဖာသာ နေခဲ့ကြပေမဲ့ ဗမာအစိုးရက ကရင်နီပြည်ကို ဝင်ရောက် ကျူးကျော် ပြီး ကရင်နီပြည်သူလူထုတွေကို ဖိနှိပ်ချုပ်ချယ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းတွေကို ပြုလုပ်တာကြောင့် မိမိကရင်နီပြည်နဲ့ အမျိုးသားတွေကို ကာကွယ်ဖို့ ပြန်လှည်ခုခံတော်လှန်ရတာ ဖြစ်တယ်လို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ) အတွင်းရေး မှူး ၁ ခူဦးရယ်က စစ်သင်တန်းဆင်းပွဲ အခမ်းအနား မိန်းခွန်းမှာ ပြောကြားသွားပါတယ်။

“ကျနော်တို့ ကရင်နီအမျိုးသား အားလုံးတွေက အခု ကျနော်တို့ နေတဲ့ ဒီကရင်နီပြည်ကို ကာကွယ်ရမယ်၊ စောက်ရှောက်ရမယ်။ ကရင်နီ ပြည် ငြိမ်းချမ်းဖို့၊ စည်းလုံးဖို့အတွက် ကျနော်တို့ ကရင်နီအမျိုးသားအားလုံးတို့ဟာ တာဝန် ရှိတယ်။ အဲဒီကိစ္စတွေကြောင့် အခု ကျနော်တို့ ရဲဘော်တွေ ဖြစ်တယ်၊ လက်နက် ကိုင်တယ်၊ ကျနော်တို့ လက်နက် ကိုင်ချင်လို့ ကိုင်တာ မဟုတ်ပါဘူး။ ကျနော်တို့ သူများကို သတ်ချင်လို့ သူများကို သွားချောင်းပြီး ပစ်သတ်တာ မဟုတ်ဘူး။ လူတွေက ကျနော်တို့ကို လာရောက်ဖိနှိပ်လို့ နှိပ်စက်လို့ ပြန်ပြီး ခုခံတာ ဖြစ်တယ်။”

ကရင်နီပြည်တပ်မတော်ရဲ့ အပတ်စဉ် ၆ဝ အခြေခံ စစ်သင်တန်းကို တက်ခဲ့ပြီး ဆင်းခဲ့တဲ့ လွိုင်ကော်မြို့နယ် တီးလုံကျေးရွာအုပ်စုရှိ ဒေါစေ့ ကျေးရွာက အသက် ၂ဝ အရွယ်ရှိ ကရင်နီတပ်မတော် တပ်သားသစ်ဖြစ်သူ စေးရယ်က မိမိရပ်ရွာနဲ့ လူထုတွေကို ကာကွယ်ဖို့ စစ်ထဲ ဝင်ရ တာ ဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော် ရဲဘော် လုပ်တာက လုပ်ချင်လို့ လုပ်တာ မဟုတ်ဘူး။ သူများ ခေါ်လုပ်လို့ ကျနော်တို့ ကိုယ့်တိုင်းကိုယ့်ပြည် ဖြစ်တဲ့အတွက် ကျ နော် ရဲဘော် လုပ်တယ်။ ကြိုးစားလုပ်မယ်ပေါ့။ ကျနော်တို့ ရဲဘော် လုပ်တာလည်း မမှားပါဘူး ကျနော်တို့ တိုင်းပြည်အတွက်ပဲလေ” လို့ သူက ပြောပါတယ်။

ဖဆပလ အစိုးရက သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်ကို ၁၉၄၈ ခုနှစ် သြဂုတ်လ ၉ ရက်နေ့မှာ ကရင်နီပြည်ထောင်စုကောင်စီ ဥက္ကဌ ဦး ဘီတူရီ နေထိုင်တဲ့ မြလဲဒေါကို စတင်ဝင်ရောက်ပြီး ကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။ ဦးဘီတူရီနဲ့ အဖွဲ့တို့က ရရာ လက်နက်တွေ စွဲကိုင်ပြီး ကျူးကျော်တိုက်ခိုက်လာတဲ့ ဗမာစစ်အုပ်စုကို ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၄၈ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့မှာ ကရင် နီတပ်မတော် တပ်ရပ် အသွင်အဖြစ် စတင်ဖွဲ့စည်းခဲ့ပါတယ်။ စတင်ဖွဲ့စည်စဉ်မှာ လွတ်လပ်တဲ့ ကရင်နီပြည်ထောင်စု တပ်မတော် ဆို တဲ့ အမည်နဲ့ ဖွဲ့စည်းခဲ့ပြီး ၁၉၇၄ ခုနှစ် ကရင်နီ အမျိုးသား ကွန်ကရက်မှာ ကရင်နီပြည် တပ်မတော်လို့ အမည်ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။

No comments: