Sunday, February 26, 2012

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ မကြာခင် မှတ်ပုံပြန်တင်တော့မည်

ပီတာအောင်

၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင် ရရှိ ခဲ့တဲ့ ရှမ်း တိုင်းရင်း သားများ ဒီမို ကရေစီ အဖွဲ့ ချုပ် (အက်စ်အန် အယ်လ်ဒီ ) ပါတီ ဟာ မကြာခင် သီတင်းပတ် အတွင်းမှာ ပါတီ မှတ်ပုံတင် ပြန်လည် လျှောက်ထား တော့မယ်လို့ ပါတီက ထုတ်ဖော် ပြောကြား လိုက်ပါ တယ်။

ပါတီ ပြောရေး ဆိုခွင့် ရှိသူ ဦးစိုင်း လိတ်က “ကျနော်တို့ ပါတီ တည်ထောင်လိုသူများ ကတော့ ၁၅ ယောက် အဆင် သင့်ရှိ နေပါပြီ။ ကျ နော်တို့ ရှေ့လ ထဲမှာ အပြီး တင်မှာပါ။ တကယ်လို့  ဒီကြား ထဲမှာ တစုံ တရာ အခက် အခဲ မရှိ ရင်တော့ ပထမ ပတ်ထဲမှာ တင်ဖြစ်ဖို့ ရှိပါ တယ်။ မှတ်ပုံတင် တယ်ဆို တာကတော့ တခြား ကျနော်တို့ မှာ​ ​ရွေးစရာ လမ်းလည်း​ မရှိ ဘူးလေ။ နိုင်ငံရေး လုပ်မယ် ဆိုရင် တရားဝင် မှတ်ပုံ တင်ထားတဲ့ အဖွဲ့ အစည်း ကသာလျှင် လုပ်ပိုင် ခွင့်ရှိတဲ့ အနေ အထား မျိုးကို ရောက်နေတဲ့ အခါ ကျတော့ ကျနော် တို့က မှတ်ပုံ တင်ကို တင်ရမယ့် အနေ အထား မျိုးမို့ လုပ်တာပါ”လို့ ဒီဗွီဘီကို ပြောပါ တယ်။

လာမယ့် ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အချိန်မမှီတော့တဲ့အတွက် ရွေးကောက်ပွဲဝင်မယ့် ဒီမိုကရက်တစ် အင်အားစုတွေအားလုံးကို ကူညီအားပေး ၀န်းရံသွားမယ်လို့လည်း အက်စ်အန်အယ်လ်ဒီ ပါတီက ပြောပါတယ်။

ဦးခွန်ထွန်းဦး ခေါင်းဆောင်တဲ့ အက်စ်အန်အယ်လ်ဒီ ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အမတ်နေရာ ဒုတိယ အများဆုံး ရရှိခဲ့တဲ့ပါတီ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ ပါတီခေါင်းဆောင်တွေ အကျဉ်းကျခံထားရပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံတဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနဲ့ အတူ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။

နှစ်ရှည်ထောင်ဒဏ်တွေကျခံနေရတဲ့ ပါတီခေါင်းဆောင်တွေ ပြီးခဲ့တဲ့လကမှ ပြန်လွတ်လာပြီး မဟာမိတ် အန်အယ်လ်ဒီပါတီကလည်း ပါ တီမှတ်ပုံပြန်တင်ကာ​ ​ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ပြင်နေချိန်မှာ အက်စ်အန်အယ်လ်ဒီ ပါတီကလည်း ပါတီမှတ်ပုံတင် ပြန်လျှောက် ထား ဖို့ အခြေအနေ ဖြစ်လာခဲ့တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ အက်စ်အန်အယ်လ်ဒီ အပါအ၀င် ရှမ်းနိုင်ငံရေး အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေဟာ ရန်ကုန်မြို့က ဦးခွန် ထွန်းဦး နေအိမ်မှာ လက်ရှိ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ အက်စ်အန်အယ်လ်ဒီ ပါတီခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)က ခေါင်းဆောင်တွေ၊ ရှမ်းလက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်ဆေထင်၊ ဗိုလ်ချုပ်ကိုင်ဖနဲ့ ဥရောပမြန်မာရုံးက ညွှန်ကြား ရေးမှူး ဦးဟန်ညောင်ဝေ စသူတို့ ပါဝင် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲမှာ ရှမ်းနိုင်ငံရေးပါတီတွေရဲ့ ရှေ့ဆက် လက်တွဲ လုပ်ဆောင်သွားရမယ့် အနေအထား၊ ငြိမ်းချမ်းရေး ယူထားကြတဲ့ ရှမ်းပြည် တပ်မတော်မြောက်ပိုင်း​ (အက်စ်အက်စ်ပီပီ)၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း အာစီအက်စ်အက်စ်နဲ့ အသွင်ပြောင်းထားတဲ့ ရှမ်းပြည် သူ့ စစ်အဖွဲ့တွေ အားလုံး တစုတစည်းတည်း ဘယ်လို တူညီတဲ့ရည်မှန်းချက်တခု ထားပြီး အလုပ် ဆက်လုပ်မလဲ​ ဆိုတဲ့ကိစ္စတွေ ဆွေးနွေးကြ တယ်လို့ ဦးစိုင်းလိတ်က ပြောကြားခဲ့ပါတယ်။

No comments: