Monday, February 27, 2012

၈၈ မျိုး​ဆက်များ​ တက်​ရောက်မည့်​ စာအုပ်မိတ်ဆက်ပွဲ ဖျက်ခံရ

နေသွင်

ကိုမင်း​ကို နိုင်နဲ့​ ၈၈ မျိုး​ဆက်​တွေ တက်​ရောက်လက်မှတ်ထိုး​ ​ရောင်း​ချမယ့်​ မန္တ​လေး​က ရာပြည့်​ စာ​ပေတိုက်ရဲ့​ စာအုပ်မိတ်ဆက်ပွဲအစီအစဉ်ကို သက်ဆိုင်ရာက ဖိအာ​ပေး​လို့​ ဖျက်လိုက်ရတယ်လို့​ စာအုပ်ဆိုင်ပိုင်ရှင် ကိုပုည​ဆွေက ​ပြောပါတယ်။

ကိုမင်း​ကိုနိုင်တို့​အဖွဲ့​ မန္တ​လေး​ကို​ရောက်​နေတုန်း​မှာ “၈၈ မျိုး​ဆက်​ကျောင်း​သား​များ​ သတင်း​စာရှင်း​လင်း​ပွဲ” စာအုပ်မိတ်ဆက်ပွဲကို မနက် ဖြန်လုပ်ဖို့​ စီစဉ်ထား​တာကို ဖျက်လိုက်ရတဲ့​အပြင် စာအုပ်တိုက်ကိုလည်း​ ဒီနှစ်အကုန်မှာ ​နေရာ​ပြောင်း​ဖို့​ ကြိုတင်သတိ​ပေး​ခဲ့​တယ်လို့​ ကိုပု ည​ဆွေက ​ပြောပါတယ်။

“ကျ​နော့်​ဆိုင်ခန်း​က အဆင့်​မြင့်​ပညာဦး​စီး​ဌာနက ပိုင်တဲ့​ ​မြေ​ပေါ်မှာ ​ဆောက်ထား​တဲ့​ ဆိုင်ခန်း​။ အဲ့​လိုဖြစ်တဲ့​အတွက် မ​နေ့​က ည​နေ ၄နာ ရီမှာ ကျ​နော့်​ကို ​ခေါ်​တွေ့​ပြီး​တော့​ အဆင့်​မြင့်​ပညာဦး​စီး​ဌာန ပိုင်တဲ့​ ​မြေ​ပေါ်မှာ သူတို့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​တွေရဲ့​ စာအုပ်လက်မှတ်​ရေး​ထိုး​ပွဲကို ခွင့်​မပြုနိုင်ဘူး​ဆိုပြီး​ ​ခေါ်ပြီး​ ပိတ်ပင်တယ်။ ကျ​နော်တို့​ဘက်က လိုက်ညှိနှိုင်း​တာလည်း​ အဆင်မ​ပြေဘူး​။ အဆင်မ​ပြေတဲ့​အ တွက် ​နောက် စာချုပ်ကုန်ရင် ရာပြည့်​ မန္တ​လေး​စာအုပ်တိုက်ကို ဆက်လက်ငှား​ရမ်း​ခွင့်​မပြု​တော့​ဘူး​ဆိုတဲ့​ နှုတ်မိန့်နဲ့​ ထွက်လာတယ်။ ဒီပွဲက​တော့​ ဖျက်လိုက်ရပြီ​ပေါ့​။”

ငှား​ရမ်း​စာချုပ်က ဒီနှစ်ကုန်ပိုင်း​မှာ သက်တမ်း​ကုန်မှာဖြစ်ပါတယ်။ စာအုပ်မိတ်ဆက်ပွဲ ပျက်သွား​ပေမယ့်​ “၈၈ မျိုး​ဆက်​ကျောင်း​သား​များ​ သတင်း​စာရှင်း​လင်း​ပွဲ” စာအုပ်ကို​တော့​ ဆက်​ရောင်း​ချ​နေပြီး​ လူ​တွေလည်း​ စိတ်ဝင်တစား​ ဝယ်ယူ​နေကြတယ်လို့​ ကိုပုည​ဆွေက ​ပြော ပါတယ်။

ကိုမင်း​ကိုနိုင်၊​ ကိုကိုကြီး​တို့​ ဦး​ဆောင်တဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​များ​ အဖွဲ့​ဟာ ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​က ကချင်ပြည်နယ် မြစ်ကြီး​နား​ကို သွား​ရောက်ခဲ့​ပြီး​နောက် အပြန်မှာ မန္တ​လေး​ကို ​ရောက်​နေတာပါ။

ဒီ​နေ့​မှာ မန္တ​လေး​မြို့​က ဘုန်း​ကြီး​ကျောင်း​တွေကို သွား​ရောက်ဖူး​မျှော်တဲ့​အခါမှာ လမ်း​တ​လျှောက်မှာ မြို့​ခံ​တွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့​ကြပါတယ်။

ဒါ့​အပြင် မန္တ​လေး​မြို့​ပေါ်က နာမည်​ကျော် သဘင်ပညာရှင်​တွေနဲ့​လည်း​ ​တွေ့​ဆုံခဲ့​တယ်လို့​ မန္တ​လေး​မြို့​က လူရွှင်​တော် ဦး​ပါပါ​လေး​က ​ပြော ပါတယ်။

“ကိုမင်း​ကိုနိုင်က မန္တ​လေး​ကို တာဝန်တခုနဲ့​လာတဲ့​အခါကျရင် ဦး​ပါ​လေး​တို့​ အိမ်ကိုလာပြီး​ သဘင်အနုပညာရှင်​တွေနဲ့​ ​တွေ့​ချင် ဆုံချင် ပါ တယ်တဲ့​။ ဦး​ပါ​လေး​က ကမကထလုပ်ပြီး​ ဆုံ​ပေး​ပါဆိုလို့​ ကျ​နော် စီစဉ်​ပေး​လိုက်တာပါ။ ရယ်စရာ ​မောစရာ ​ရှေး​ဟောင်း​နှောင်း​ဖြစ်​တွေ ​ပြောကြတာပါ။”

ကိုမင်း​ကို​နိုင်​တို့​ကို​ ဦး​ပါပါ​လေး​ ​အပါအဝင် သဘင်အနုပညာရှင်​တွေဖြစ်ကြတဲ့​ နှုတ်ခမ်း​မွှေး​၊​ လူ​မော်၊​ လူ​ဇော်၊​ ​ကျော်ကြား​၊​ တက်တူး​၊​ ချစ်စရာ၊​ လူရွှင်​တော်​တွေနဲ့​ မင်း​သမီး​တွေက​ ကြိုဆို​တွေ့​ဆုံခဲ့​ကြပါ​တယ်​။

ကိုမင်း​ကိုနိုင်တို့​ အဖွဲ့​ဟာ မနက်ဖြန်မှာ မြို့​မိမြို့​ဖ​တွေနဲ့​ ​တွေ့​ဖို့​ စီစဉ်ထား​ပြီး​ ၂၉ ရက်​နေ့​မှာ ရန်ကုန်ပြန်ဆင်း​မယ်လို့​ သိရပါတယ်။

No comments: