ဒီဗွီဘီ
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှာ တင်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဆိုင်းဘုတ် အဖျက်ဆီးခံခဲ့ရတယ်လို့ အယ်အယ် လ်ဒီပါတီက ပြောပါတယ်။
သောကြာနေ့ ညသန်းခေါင်ကျော်နဲ့ စနေနေ့မနက် အာရုံတက်ချိန်အတွင်းမှာ နေပြည်တော် ဆိတ်နံတုံး ကျေးရွာမှာ တင်ထားတဲ့ ပါတီဆိုင်းဘုတ်ကို ဓားနဲ့ခွဲခံခဲ့ရတာ ဖြစ်တယ်လို့ ဇမ္မူသီရိမြို့နယ်ကနေ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းက ဒီဗွီဘီကို ပြောပါတယ်။
“ဆိုင်းဘုတ်တင်ပြီး ၂ ရက်လောက်အကြာမှာ ရွာကို သမ္မတကြီး ဦးသိန်းစိန် လာစရာ ရှိတယ်ဆိုတော့ သောကြာနေ့ ည ၁ နာရီလောက်ထိ ကျမတို့ ဆိုင်းဘုတ်အောက်မှာ စောင့်နေကြသေးတယ်။ သမ္မတကြီး လမ်းကြောင်း ရှိတယ်ဆိုတော့ အားလုံးဘာမှ ပြဿနာတွေဘာတွေ မရှိအောင် စောင့်နေသေးတယ်။ တနာရီထိုးတော့ ကလေးတွေက အိပ်လိုက်ကြပြီ မနက် ၄ နာရီ ထိုးတော့ ထကြည့်လိုက်တော့ ဆိုင်းဘုတ်ခွဲခံ ထိထားတယ်။”
NLD ဆိုင်းဘုတ်ဟာ အမြင့် ၁၂ ပေ လူတရပ်ကျော်မြင့်ပြီး သေသေချာချာ ရည်ရွယ်ချက်ရှိရှိ ဥပဒေမဲ့ ဖျက်ဆီးသွားတာလို့လည်း အန် အယ် လ်ဒီက ပြောပါတယ်။
ဒါပေမယ့် ဘယ်သူက ဘာရည်ရွယ်ချက်နဲ့ ခုလိုလုပ်ဆောင်တာလဲ ဆိုတာတော့ မသိရှိသေးတဲ့အကြောင်းနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး နယ်မြေခံရဲကို တိုင်ကြားထားတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။ အရင်ကလည်း နေပြည်တော်ရပ်ကျေးတခုမှာ ဖွင့်လှစ်ထားတဲ့ NLD ပါတီရုံးက ဆိုင်းဘုတ် ဖျက်ဆီးခံရတဲ့ အလားတူ ဖြစ်ရပ်မျိုး ရှိခဲ့ဖူးပါတယ်။
No comments:
Post a Comment