Sunday, February 26, 2012

မောင်တောမြို့တွင် နစက များ နှင့် ည ကင်းစောင်များ ကြား ခိုက်ရန်ဖြစ်ပွါး

ကုလားတန် ( မောင်တော)

ဇန်နိုဝါရီလ ၂၆ ရက်နေ့ ညတွင် နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး နှင့် ကွက်ကဲမှုဌာန(နစက) များသည် ည ကင်းစောင်များ အား မ တရား နှိပ်စက်နေသည့် အတွက် နစက နှင့် ည ကင်းစောင်များတို့ ခိုက်ရန် ဖြစ်ပွါး ခဲ့ ကြောင်း မောင်တောမြို့မှ အမည်မဖေါ်လိုသူ လူ ကြီးတဦး၏ ပြောပြချက်အရ သိရသည်။

ဇန်နိုဝါရီလ ၂၆ ရက်နေ့တွင် သရက်ဦး နစက စခန်းမှ နစက တပ်ဖွဲ့ဝင် ၄ ဦးသည် ၎င်းကျေးရွာရှိ ည ကင်းစခန် တခု အနီးသို့ လျှိုဝှက်စွာ ချည်းကပ်နေစဉ် ည ကင်းစခန်းရှိ ည ကင်းစောင်းများ၏ စစ်ဆေးမေးမှုအား မကျေနပ်၍ မတရား နှိပ်စက်နေသည့်အတွက် ည ကင်း စောင် သမားများမှ ပြန်လည် ခုံခ့ပြောဆိုရာမှ ခိုက်ရန် ဖြစ်ပွါးခဲ့ကြောင်း ကျေးရွာလူကြီးတဦး၏ပြောပြချက်အရ သိရသည်။

၎င်းခိုက်ရန်ဖြစ်ပွါးရာတွင် နစက တပ်ဖွဲ့ဝင် သုံးဦးမှာ အပြင်းအထန်း ဒဏ်ရာရှိပြီး ကျန်တဦး လွှတ်မြောက် သွား ပြီး၊ နစက စခန်းသို့ပြန် သွားကြောင်း၊ ဒဏ်ရာရရှိ သော နစကများအား ကျေးရွာ အုပ်ချုပ်ရေးမှူးက စခန်းသို့ ပြန်လည် ပေးပို့ခဲ့ကြောင်း ၎င်း ကပင် ပြောဆို သည်။

ခိုက်ရန် ဖြစ်ပွါး ပြီးနောက် ည ကင်းသမား ၁၀ ဦးမှာ ၎င်းကျေးရွာတွင် နစက များမှ ပြန်လည် ဖမ်းဆီးမည့် ကို မိမိအိမ်တွင် ည အိပ်ရန် မ၀ံကြောင်း၊ သို့သော် နစက ကင်းစခန်းမှ ညကင်းစောင်များအား ယခုထက်ထိ အရေးယူခြင်းမရှိကြောင်း နစက သတင်းပေးတဦးက ပြောပြသည်။

ညကင်းစောင် တာဝန်မှာ မည်ဆိုမဆို ကင်းစခန်းအနီးမှ ဖြတ်သန်းရာတွင် ၎င်း၊ အချိန်မတော် လှုပ်ရှားရာတွင် ၎င်း မေးမြန်း စစ်ဆေး ပိုင်ခွင့်သည့်ဟု ကျောင်းဆရာတဦးက ပြောပြသည်။

No comments: