Sunday, February 26, 2012

ကြားဖြတ်ရွေးကောက်ပွဲ မျှတရေး ဦးစားပေးလုပ်ရန် ကုလသတိပေး

ပီတာအောင်


မြန်မာ အစိုးရ အနေနဲ့ ပထမ ဦးစားပေး​ တာဝန် အဖြစ် လာမယ့် ဧပြီလ ကြားဖြတ်​ ရွေးကောက် ပွဲကို လွတ်လပ် တရား မျှတမှု ရှိစွာ​ ကျင်းပ ပေးဖို့​ ကုလ သမဂ္ဂက တောင်းဆို လိုက်ပါ တယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းက​ ​မြန်မာ နိုင်ငံကို သွားရောက် ခဲ့တဲ့ ကုလ သမဂ္ဂ အတွင်း ရေးမှူး ချုပ်ရဲ့​ ​မြန်မာ နိုင်ငံ ဆိုင်ရာ အထူး အကြံ ပေး ပုဂ္ဂိုလ် ဗီဂျေး နမ်ဘီး ယာက နယူး ယောက်မြို့က ကုလ သမဂ္ဂ ဌာနချုပ်မှာ မြန်မာ ခရီး စဉ်နဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်း လင်း ပွဲမှာ​ ​ပြောကြား လိုက်တာ ပါ။

မစ္စတာ ဗီဂျေးနမ် ဘီးယာက မြန်မာ အစိုးရ ဦးစား ပေးလုပ် ရမယ့် အချက် ၃ ချက်ကို တိုက်တွန်း ပြောကြား ခဲ့ရာမှာ​ ​ကြားဖြတ် ရွေး ကောက်ပွဲကို လွတ်လပ် တရား မျှတမှု ရှိဖို့နဲ့​ ပွင့်လင်း မြင်သာမှု ရှိဖို့ ပထမ ဦးစားပေး လုပ်ဆောင်ဖို့ လိုတဲ့ အကြောင်းနဲ့ ဒီရွေးကောက် ပွဲဟာ အစိုးရရဲ့ ဒီမို ကရေစီ ဖော်ဆောင် နေမှုကို အများက ယုံကြည် လက်ခံမှု ရဖို့  အရေးပါတဲ့ စမ်းသပ် မှုဖြစ် တယ်လို့ ပြောပါ တယ်။

မြန်မာအစိုးရ နောက်ထပ် ဦးစားပေးလုပ်ရမယ့် အလုပ်တွေကတော့ အစိုးရနဲ့  တိုင်းရင်းသား လက်နက်ကိုင်တွေအကြား အမျိုးသား ပြန် လည်သင့်မြတ်ရေး လုပ်ဆောင်ဖို့ကိစ္စနဲ့  မြန်မာပြည်သူတွေအတွက် ကျန်းမာရေး၊ ပညာရေးနဲ့ အလုပ်အကိုင်တွေ အမြန်ဆုံး ဖန်တီးပေး ပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ အသွင်ကူးပြောင်းရေးရဲ့ အစပဲရှိသေးပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရဖို့နဲ့ ကာလရှည်ကြာကြုံတွေ့နေရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေကို ကိုင်တွယ် ဖြေရှင်းနိုင်အောင် ဆက်လုပ်ရဦးမယ်လို့လည်း ကုလသမဂ္ဂအရာရှိက သတင်းစာ ရှင်း လင်း ပွဲမှာ ပြောကြားခဲ့ပါတယ်။

No comments: