Wednesday, February 29, 2012

ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ကေအန်ပီပီ လွိုင်ကော်သွားမည်

နော်နိုရင်း

မြန်မာ အစိုး ရကို နှစ်ပေါင်း များစွာ လက်နက် ကိုင်တိုက် နေတဲ့ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (ကေအန်ပီပီ) နဲ့ မီးရထား ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်း ရေး ကိုယ်စား လှယ်အဖွဲ့ တွေ လာမယ့် မတ်လ ၇ ရက်နေ့ ကယား ပြည်နယ် လွိုင်ကော်မြို့မှာ တွေ့ဆုံ မယ်လို့ ကေအန် ပီပီက ပြောပါ တယ်။

အစိုး ရနဲ့ လွိုင်ကော် မြို့မှာ သွားရောက် တွေ့ဆုံ ဆွေးနွေး ဖို့အတွက် ကေအန်ပီပီ က ဗဟို ကော်မတီ ၀င်နဲ့ စစ်ဘက် အရပ်ဘက် ဆိုင်ရာ ပုဂ္ဂိုလ်တွေ စုစုပေါင်း ၁၁ ဦး ရွေးချယ် ထားတယ်လို့ ပါတီ အတွင်း ရေးမှူး (၁) ခူးဦးရယ်က ပြောပါတယ်။

အစိုးရ ကိုယ်စား လှယ်နဲ့ တွေ့ဆုံ တဲ့အခါ နှစ်ဘက် သဘောထား အပေါ် မူတည်ပြီး အပစ် အခတ် ရပ်စဲရေး လက်မှတ်ထိုး၊ မထိုး ဆုံး ဖြတ် မယ်လို့ ခူးဦး ရယ်က ပြောပါတယ်။

“ဦးအောင်မင်းနဲ့ တွေ့စဉ်တုန်းကတော့ လက်မှတ်ထိုးဖို့ ကိစ္စကိုတော့ ပြောပါတယ်။ သို့သော် ကျနော်တို့က တင်ပြဆွေးနွေးမယ့် အ ကြောင်းအရာတွေက အဓိကကျမယ်လို့ ထင်ပါတယ်။ ကျနော်တို့ တင်ပြဆွေးနွေးချက် အပေါ်မှာ နှစ်ဖက် သဘောတူလို့ရှိရင်တော့ စဉ်း စားမှာပါ။”

ကေအန်ပီပီအနေနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ ပြီးခဲ့နှစ် နိုဝင်ဘာ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ၁ ကြိမ်၊ အခု ဖေဖော်ဝါရီ ၆ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မှာ ၁ ကြိမ်၊ စုစုပေါင်း၂ ကြိမ် ပဏာမ တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။

အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ကရင်နီပြည်သူတွေရဲ့ သဘောထား ကောက်ခံထားတာ မရှိပေမယ့် ယေဘုယျ အား ဖြင့် အများစုက ငြိမ်းချမ်းမှုကို လိုလားနေကြတယ်လို့ ကေအန်ပီပီက ပြောပါတယ်။

No comments: