Saturday, February 25, 2012

အပစ်အခတ်ရပ်စဲရေးလက်မှတ်မထိုးခင် လူထုကြား ကွင်းဆင်းဟောပြော

ဖဲမော့

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPPနဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီ လက်မှတ်ရေးထိုးမယ့်အဆင့် တွေ့ဆုံဆွေးနွေးမှုကိုလာမယ့် မတ်လမှာပြုလုပ်မယ်လို့ သိရတယ်။

သဘောတူညီလက်မှတ်ရေးထိုးတဲ့ အဆင့်မသွားခင်မှာ ကေအဲန်ပီပီအနေနဲ့ လူထုကြား ဖြစ်ပေါ်လာမည့် အပစ် ခတ်ရပ် စဲရေး အခြေ နေ တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းဟောပြောမှုတွေ ပြုလုပ်နေတာကို တွေ့ရတယ်။

ဒါကတော့ ဖေဖေါ်ဝါရီလ ၂၀ရက်နေ့ ထိုင်းမြန်မာနယ်စပ်တနေရာက ကရင်နီလူထုကြားဟောပြောပွဲတခု ဖြစ်ပါတယ်။

“အခုမြန်မာတနိုင်ငံလုံး နိုင်ငံရေးအရှုပ်အထွေး ပြဿနာတွေ ဖြစ်တာ နှစ်ပေါင်း ၆၀ ကျော်ပြီပေါ့၊ အဲဒါကြောင့် ကျနော်တို့ပြည်သူ လူထု အားလုံးက အခက်အခဲတွေ ငတ်မွတ်ခေါင်းပါးမှုတွေ ဆင်းရဲမွဲတေမှုတွေ အိမ်မဲ့ယာမဲ့ (ဆိုးဒိုးဒေါဆိုးဒိုးဆို) တွေနဲ့ သူများ နိုင်ငံမှာ သွား နေတာ အနှစ်၂၀ ရှိပြီ၊ ရှည်ကြာနေပြီ မိဘညီကိုမောင်နှမတွေကော ကျနော်တို့ကော အားလုံး ကျနော်တို့ နေရပ်ဒေသကျေးရွာတွေ ပြည်တွင်းမှာကျန်နေခဲ့တဲ့ မိမိတို့ရဲ့မိဘညီကိုမောင်နှမတွေကို လွမ်းဆွတ်တမ်းတကြမှာပါ။ ကျနော်တို့အားလုံးက ကျနော်တို့ရဲ့နေရပ် ဒေသ မှာရှိတဲ့ အိမ်တွေယာတွေဆီကိုတနေ့နေ့ကျရင်ပြန်နိုင်ဖို့ ယုံကြည်မျှော်လင့်နေကြတာချည်းပါပဲ. ဒါပေမယ့် အခြေအနေက ကျ နော်တို့အတွက်သင့်တော်တာမျိုး တခါမှဖြစ်မလာခဲ့ဘူး။ ဒါပေမယ့် ဒီတကြိမ်က အရင့်အရင်တွေနဲ့ ခြားနားနိုင်မယ်လို့ ကျနော်တို့ ယုံကြည်ထားတယ်။ ဒါပေမယ့် တခါတလေကျနော်တို့ ယုံကြည်မှုက မှားယွင်းသွားတတ်ပါတယ် အခက်အခဲပြဿနာတွေ ရှိနေတတ် ပါတယ်”

ဖြစ်ပေါ်လာမယ့် အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ဟောပြောပွဲမှာ KNPP အတွင်းရေးမှူး ၁ ခူဦးရယ်ပြောကြားခဲ့တာဖြစ်ပါတယ်။

ဟောပြောပွဲမှာ ကရင်နီတပ်မတော်ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြကလည်း ယခုလိုပြောပါတယ်။

“ဘယ်သူက ကိုယ့်ရပ်ကိုယ့်ရွာကို မပြန်ချင်ပဲရှိမလဲ။ ကျနော်တောင်ခင်ဗျားတို့ထက် အရင်ပြန်ချင်တယ်။ အဲဒါတွေက ဘာအကြောင်း ကြောင့်ပြန်မလဲ နိုင်ငံရေးကိစ္စဆွေးနွေးတာ သင့်တော်ကောင်းမွန်မှ ကျနော်တို့ပြန်လို့ရမယ်။ အခုက ကျနော်ကြားရတယ် တအိမ် နှစ် အိမ်လောက်က သူများတွေလာခေါ်တော့ ပြန်သွားတာရှိတယ် တအိမ်နှစ်အိမ်တောင်ထင်တယ် သူတို့သားမြေးတွေအတွက် ဘယ်သူ တွေကကြည့်ပေးမလဲ”

ယခုဟောပြောပွဲကို ထိုင်း-မြန်မာနယ်စပ်က လူထု ၈၀၀ ၀န်းကျင် တက်ရောက်နားထောင်ခဲ့ပါတယ်။

“အကယ်၍ ကျနော်တို့သွားလို့ပြန်လို့ ရပြီဆိုလို့ရှိရင် ကျနော်တို့ဘယ်လိုလုပ်မလဲ။ ကျေးဟောင်းရွာဟောင်းတွေက ကျနော်တို့ပြန် နေ လို့မရတော့ဘူးဆိုရင် ကျနော်တို့ အုပ်စုလိုက် တအုပ်စု တအုပ်စု ပြန်နေရင် ကျနော်တို့ လူထုတွေက သဘောကျမကျ မသိသေးဘူး။ ပြီးတော့ စဉ်းစားကြည့်တာက သံလွင်အရှေ့ဖက်ကမ်းနဲ့ အနောက်ဖက်ကမ်းမှာ ဒီဗမာအုပ်စုမရှိတော့ဘူးဆိုရင် ရမလားမရဘူးလား။ အ ကယ်၍ သူတို့ရှိနေသေးလို့ လမ်းခရီးသွားလို့တိုးတဲ့အခါ ဟိုးခုနလိုမျိုး ကျနော်တို့လူကြီးတွေပြောသွားတဲ့ ကချင်တို့ ကရင်တို့အ ကြောင်းတွေထက် ပိုကောင်းလာနိုင်မလားဆိုတာ ကျနော်တို့ပြတ်ပြတ်လိုချင်တယ်။ အကယ်၍တကယ်ဖြစ်ပြီဆိုရင် ကျနော်တို့ရပ်ရွာကို နေ့ညမရွေးပြန်ချင်ကြပါတယ်။ နည်းလမ်းအရပြန်ရမယ်ဆိုရင် ပထမတချက်က ကျန်းမာရေးအတွက်၊ ဒုတိယတချက်က ပညာရေး အ တွက်၊ တတိယအချက်က စားဝတ်နေရေးအတွက် တွေကအရေးတကြီးလိုအပ်ပါတယ်။ အဲဒီနှစ်နှစ် သုံးနှစ်အတွင်း သူတို့ ဘယ်လို စီ စဉ်မလဲ ကျနော်တို့သားသမီးမြေးမြစ်တွေအတွက် ကျနော်တို့ နေထိုင်ဖို့အတွက်”

ဟောပြောပွဲအတွင်း လုထုကိုယ်စားလှယ် ရွာသူကြီးငါးရယ်က ပြောပါတယ်။

ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့မှာလည်း ထိုင်း-မြန်မာနယ်စပ်က ကရင်နီလူထုများနေထိုင်တဲ့ တခြားတနေရာကိုလည်း သွားရောက် ဟော ပြော မှုတွေပြုလုပ်မယ်လို့ သိရပါတယ်။

အပစ်အခတ်ရပ်ဖို့ ပြီးခဲ့တဲ့ဖေဖောဝါရီလ ၆ ရက်နေ့က အစိုးရနဲ့ KNPP တို့အကြား မဏာမတွေ့ဆုံမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ကေအဲန်ပီပီနဲ့အစိုးရတို့အကြား အပစ်ခတ်ရပ်စဲရေးအတွက် လက်မှတ်ရေးထိုးဖို့ကိစ္စကို လာမည့်မတ်လမှာ တွေ့ဆုံဆွေးနွေးဖို့ သဘောတူ ထားကြ တယ်လို့ ဆိုပါတယ်။

No comments: