ပီတာအောင်
မတူ ကွဲပြား ခြင်းနှင့် ငြိမ်းချမ်းရေး ပါတီဟာ လာမယ့် ဖေဖော်ဝါရီ ၂၉ ရက် မင်္ဂလာဒုံမြို့နယ်မှာ ကျင်းပဖို့ စီစဉ် ထားတဲ့ မြေယာနှင့်ဖွံ့ဖြိုးရေး ဟောပြောပွဲ ကိုမြို့နယ် အာဏာပိုင် တွေရဲ့ ခွင့်ပြုချက် မရလို့ ဖျက်သိမ်း ပစ်လိုက် ရတယ်လို့ ပါတီက ပြောပါတယ်။
ဒီဟောပြောပွဲကို ရွှေနံသာကျေးရွာက ဦးကျော်စိန်ရဲ့ လယ်ကွင်းထဲမှာ လူအင်အား ၂၀၀ လောက်နဲ့ ကျင်းပဖို့ စီစဉ်ထားရာကနေ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်နဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့က ခွင့်မပြုတဲ့အတွက် ဆွေးနွေးပွဲ ဖျက်သိမ်းလိုက်ရတာလို့ မတူကွဲပြားခြင်းနဲ့ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေက ပြောပါတယ်။
“သူတို့က မပေးချင် လို့ကို ခေါင်းစဉ် လိုက်ရွှေ့ တာလို့ ယူဆ နေရ တယ်။ ကျနော် ပုံမှန် ပါတီဟော ပြောပွဲ ပုံစံ ကျနော် တောင်းတာပဲ။ အဲ ဒါကို အဆင့်ဆင့် ရွှေ့သွားတာ ရဲဆီ ရောက်သွားတဲ့ အခါ ကျတော့ ကျနော်က ငြိမ်းချမ်းစွာ စုဝေး ဟောပြော ဆန္ဒ ဖော်ထုတ် ခွင့်ထိ ပါ လာ တယ်။”
မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့ကတော့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေ စည်းကမ်းများ မထုတ်ပြန် ရသေးလို့ ခွင့်မပြုတာလို့ အကြောင်းပြချက် ထုတ်ပြန်ထားပါတယ်။
ဆွေးနွေးပွဲမှာ ဦးနေမျိုးဝေနဲ့ လမ်းပြကြယ်အဖွဲ့က ဦးအေးမြင့်တို့က မြေယာနဲ့ဒေသဖွံ့ဖြိုးရေး ဘယ်လို ချိန်ဆပြီး လုပ်ကိုင်သင့်တယ်ဆိုတဲ့ ကိစ္စတွေနဲ့ လယ်မြေသိမ်းခံရတဲ့ လယ်သမားတွေရဲ့ အရေးကိစ္စတွေ ဟောပြောဖို့ စီစဉ်ထားပြီး မီဒီယာတွေကိုလည်း ဖိတ်ကြားတယ်လို့ သိရပါတယ်။
ဟောပြောပွဲ ပျက်သွားပေမယ့် သတင်းမရဘဲ ရောက်လာသူတွေကို အစားအစာတွေနဲ့ ဧည့်ခံသွားမယ်လို့ ပြောပါတယ်။
မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့တုန်းကလည်း စီးတီးစတားဟိုတယ်မှာ မြေယာကိစ္စ ဟောပြောပွဲ ကျင်းပစဉ် ကတော့ ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုခဲ့ပါတယ်။
ခုချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူထုဟောပြောပွဲတွေကို အစိုးရက ခွင့်ပြုထားပြီး မတူကွဲပြားခြင်းနဲ့ငြိမ်းချမ်းရေးပါတီရဲ့ လူထုဟောပြောပွဲကို ပိတ်ပင်ခံရတဲ့ အပေါ် ပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေက ခုလို သုံးသပ်ပြောပါတယ်။
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရနဲ့ ပဋိပက္ခဖြစ်တဲ့ နိုင်ငံရေးသတင်း Message တွေ မပေးသေးလို့၊ ပေးတာနဲ့ ဖမ်းပိတ်မှာ ခုဟာ က ဗိုလ်ရှု့ခံတဲ့ အဆင့်အထိပဲ အန်အယ်လ်ဒီက လုပ်နေတဲ့ပုံစံမျိုး ရှိတယ်။ အဲဒီထက်ကျော် လာရင်တော့ အစိုးရက လက်ခံမယ့်ပုံစံမျိုး မပေါ်ဘူး။ ခုထက်ထိ အရင်အတိုင်းပဲ။ ပုံစံနှစ်မျိုး မဟုတ်ဘူး။ ပုံစံတမျိုးတည်းပဲ အန်အယ်လ်ဒီ လူအုပ်ကြီးကနေပြီးတော့ တခုခု ဘာလုပ်ပေးပါလို့တောင်းဆိုလာပြီဆိုရင် ပြဿနာရှာဦးမှာပဲ။”
No comments:
Post a Comment