Tuesday, February 28, 2012

နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​ ရဟန်း​တပါး​ ​ကျောင်း​က နှင်ထုတ်ခံရ

မင်းလွင်

လွတ်ငြိမ်း​ ချမ်း​သာ ခွင့်​နဲ့​ မကြာ ခင်ကမှ ပြန် လည်လွတ်​မြောက်လာတဲ့​ ရဟန်း​တော်တပါး​ကို သံဃမဟာနာယကအဖွဲ့​က ​ကျောင်း​ကနှင်ထုတ်လိုက်ပါတယ်။

အကျဉ်း​ထောင်က ပြန်လည်လွတ်​မြောက်လာတဲ့​ ရန်ကုန် ဗဟန်း​မြို့​နယ် လိပ်ပြာကန်တိုက် အလယ်​ကျောင်း​က ဦး​ဇင်း​ ဦး​ဃောသိတကို ​ကျောင်း​အတွင်း​ တရား​မဝင် ဝင်​ရောက်​နေထိုင်မှုနဲ့​ အဲဒီ​ကျောင်း​ထိုင်ဆရာ​တော်က နိုင်ငံ​တော် သံဃမဟာနာယကကို တိုင်ကြား​တဲ့​အ တွက် သံဃမဟာနာယက​နေ ​ကျောင်း​က ထွက်ခွာဖို့​ ညွှန်ကြား​လာတာပါ။

နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​ ဦး​ဃောသိတက​တော့​ သူဟာ ​ကျောင်း​ထိုင်ဆရာ​တော် ဦး​ဇောတိကဟာ ​ကျောင်း​ပိုင်​မြေ​တွေ ​ရောင်း​စား​တာကို ​ပြောဆိုတဲ့​အတွက် အခုလို သံဃမဟာနာယကကို တင်ပြီး​တော့​ မတရား​ နှင်ထုတ်ခံရတာပါလို့​ မိန့်​ကြား​ပါတယ်။

“ဒီ​ကျောင်း​မှာ ဦး​ဇင်း​က ၂၀၀၆ ထဲက​နေလာတာ၊​ ၂၀၀၉ မှာ ဦး​ဇင်း​ကို ထိုင်ဝမ်အဖွဲ့​က​နေ အကျွတ်အလွတ်ပွဲ​တော်ဆိုပြီး​ ပင့်​တယ်၊​ နာဂစ်အပြီး​မှာ​ပေါ့​။ အဲဒီက​နေ ပြန်လာပြီး​တော့​မှ ဦး​ဇင်း​ကို ၁၃/၁၊​ ၁၇/၁၊​၂၄/၁ တို့​နဲ့​ဆွဲပြီး​တပ်​တော့​ ဦး​ဇင်း​ထောင်ထဲ​ရောက်သွား​တယ်။ ​ထောင်ထဲမှာ ၂ နှစ်ခွဲ​လောက်​နေခဲ့​ရတယ်။ အခုလွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ ဦး​ဇင်း​ပြန်လွတ်လာတယ်။ ပြန်လွတ်လာပြီး​နောက်ပိုင်း​ ​ကျောင်း​မှာစာချတယ်။ ​ကျောင်း​တိုက်​ရောက်တဲ့​အခါမှာ ​ကျောင်း​ထိုင်ဆရာ​တော်က နိုင်ငံ​တော်ပိုင်၊​ သံဃာ့​အဖွဲ့​ပိုင် ​ကျောင်း​မြေ​တွေကို ​ရောင်း​စား​တယ်။ အခြား​ကျောင်း​က​နေပြီး​ ဦး​ဇင်း​တို့​ပိုင်တဲ့​ကျောင်း​ထဲကို ဝင်​ဆောက်တယ်။ ​ဆောက်တဲ့​အခါကျ​တော့​ တိုင်း​နာယက​တွေကို ဦး​ဇင်း​က တား​မြစ်စာပို့​လိုက်တယ်၊​ တိုင်း​နာယက​တွေက တား​မြစ်စာထုတ်​ပေး​တယ်။ ​ကျောင်း​ဘုန်း​ကြီး​နဲ့​ ​ရောင်း​တဲ့​ဘုန်း​ကြီး​နဲ့​က ​ပေါင်း​ပြီး​တော့​ မဟနကို သွား​တယ်။ မဟနမှာ ဘယ်လိုနည်း​နဲ့​ လုပ်ခဲ့​လည်း​တော့​မသိဘူး​။ ဦး​ဇင်း​ကို မဟန က​နေပြီး​တော့​ ၃ ရက်အတွင်း​ ဒီ​ကျောင်း​တိုက်က​နေ ထွက်​ပေး​ရမယ်ဆိုပြီး​ အမိန့်​စာ​ရောက်လာတယ်။”

ဦး​ဃောသိတဟာ လိပ်ပြာကန်တိုက် အလယ်​ကျောင်း​က စာချကိုယ်​တော် တပါး​လည်း​ဖြစ်ပါတယ်။ ​ကျောင်း​က နှင်ထုတ်ခံရ​ပေမယ့်​လည်း​ ​ကျောင်း​က​နေ ထွက်ခွာမှာ မဟုတ်ဘူး​လို့​လည်း​ မိန့်​ကြား​ပါတယ်။

“ဦး​ဇင်း​က​တော့​ မထွက်ခွာပါဘူး​။ ဘယ်အဖွဲ့​ပဲလာလာ ဦး​ဇင်း​က​တော့​ ရှင်း​ပြ​ပေး​ပါမယ်၊​ ​တောင်း​ဆိုပါမယ်၊​ ပြဿနာမဖြစ်နိုင်ဘူး​လား​ဆို​တော့​ ​ကျောင်း​ထိုင်ဘုန်း​ကြီး​နဲ့​တော့​ ပြဿနာမဖြစ်နိုင်ပါဘူး​။ သူလည်း​ဦး​ဇင်း​ကို မ​ပြောရဲပါဘူး​။ သူသည်ပြစ်ချက်​တွေ အများ​ကြီး​ရှိပါ တယ်။ သူတိုက်ထဲမှာ ​နေသမျှ ကာလပတ်လုံး​ အရှုပ်အ​ထွေး​တွေများ​စွာရှိပါတယ်။ လက်ရှိလည်း​ အရှုပ်အ​ထွေး​တွေ ရှိ​နေတဲ့​အတွက် ဦး​ဇင်း​ကို မရင်ဆိုင်ရဲပါဘူး​။ သံဃမဟာနယက ဆရာ​တော် ဘုရား​ကြီး​တွေအ​နေနဲ့​က ​အောက်​ခြေကို ​သေ​သေချာချာ ဆင်း​ပြီး​တော့​ ​လေ့​လာပြီး​တော့​ ဘယ်သူ​တွေက မှန်ကန်တယ်၊​ ဘယ်သူ​တွေက မမှန်ကန်ဘူး​ဆိုတာကို ဆုံး​ဖြတ်သင့်​ပါတယ်လို့​ မဟန ဆရာ​တော် ဘုရား​ကြီး​တွေကို ဦး​ဇင်း​က ​လျှောက်ထား​ချင်ပါတယ်။”

No comments: