Monday, February 27, 2012

ဘင်္ဂါလာဒေးရှ် အစိုးရ မှ ရိုဟင်ဂျာများ ကို ဖမ်းဆီး၊ ထောင်ဒဏ်ချ နှင့် ပြည်နှင်ဒဏ်ပေး

ကုလားတန်

ဘင်္ဂါလာဒေးရှ် အစိုးရ -- ရဲ နှင့် နယ်ခြား စောင့်တပ် -- တို့သည် ရိုဟင်ဂျာ လူမျိုး တို့ကို နယ်စပ် တလျှောက်တွင် ဖမ်းဆီးပြီး၊ တချို့ကို ထောင်ဒဏ် ချပြီး၊ နောက် တချို့ကို မြန်မာ ပြည်သို့ ပြည်နှင်ဒဏ် ပေးခြင်း ခံရ နေကြောင်း တဲခ်နာဖ်မြို့ မှ လူကြီး တဦးက ပြောပြသည်။

၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၇ ရက်နေ့ နံနက်ပိုင်း တွင် တဲခ်နာဖ် ရဲစခန်းမှ ရဲတပ်ဖွဲ့များသည် ရိုဟင်ဂျာ ၁၃ ဦးကို ဘင်္ဂါလာဒေးရှ် နိုင်ငံသို ရောင်ဂီခါလီရွာမှ တဆင့် ခိုးဝင်လာစဉ် ဖမ်းဆီးပြီး၊ ကောစ်ဘဇား အကျဉ်းထောင် သို့ ပေးပို့ခဲ့ကြောင်း ၎င်း လူကြီးမှ ပြောပြသည်။

၎င်းစစ်ဆင်ရေးကို ဒု ရဲအုပ် အာလာမ် မှ ဦးစီးပြီး သတင်းအရ ဖမ်းဆီးခဲ့ကြောင်း ရဲ အရာရှိ အသိုင်းအ၀ိုင်း မှ ပြောဆိုသည်။

ရဲမှ ဖမ်းဆီးထားသူများမှာ မရှာဂျီဒါ ဘေဂေါမ်၊ မရော်ဘီ အာရ်တာရ်၊ မိုဟာမတ် ဆော်လိမ်၊ အီလီယာစ်၊ ရှာအာလာမ်၊ ယာကုပ်အာလီ၊ အဘုလ်ဟူဆိန်၊ ဟာမိတ်ဟူဆိန်၊ အဒုလ်ဟာကိမ်း၊ အဒုလ်ရော်မာန်၊ အဒုလ်ဂေါ်နီ၊ ရှာအာလာမ် နှင့် အဘူဆီဒိက်တို့ဖြစ်ပြီးမောင်တောမြို့တွင် နေထိုင်သူများဖြစ်သည်။

တဲခ်နာဖ် ရဲစခန်းမှ ၎င်းတို့အတွက် တရားမ၀င်ခိုးဝင်မှုဖြင့် အမှုဖွင့် ထားပြီး၊ ၎င်းနေ့ ၁၁ နာရီ အချိန်တွင် ကောစ်ဘဇားအကျဉ်းထောင်သို့ပေးပို့ကြောင်း သိရသည်။

ထို့အပြင် ၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၇ ရက် နေ့ ၇ နာရီအချိန်တွင် နီလာ နယ်ခြားစောင်တပ်စခန်းမှ ဘင်္ဂါလာဒေးရှ်နိုင်ငံသို့ ခိုးဝင်လာ သော ရိုဟင်ဂျာ ၉ ဦးကို ဖမ်းဆီးခဲ့ပြီး ညနေ့ ၃ နာရီ အချိန်တွင် မြန်မာနိုင်ငံသို့ ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း ၎င်းနယ်ခြားစောင်တပ်မှ ပြော ပြသည်။

ထို့နည်တူ ၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ၁ နာရီအချိန်တွင် ၀ိုင်ကောမ်း နယ်ခြားစောင်တပ် စစ်ဆေးရေး ဂိတ်မှ ရိုဟင်ဂျာ ၁၀ဦး ကို ခရီးသွားယာဉ်မျိုးစုံမှ စစ်ဆေး ဖမ်းဆီးကြောင်း သိရသည်။

ဖမ်းဆီးခံရသော ရိုဟင်ဂျာ ၁၀ ဦးများမှာ ဟူဆိန်အာလီ ၏သား ရှော်ဖိက်အာလာမ် ၂၂ နှစ်၊ အဒုလ်ကူဒုစ် (ကွန်လွန်) ၏သား ရော်ဟိမ် အုလ္လာ ၂၅ နှစ်၊ ကော်ရိမ်အုလ္လာ ၏သား ဆော်ဘုစ်မျာ ၃၀ နှစ်၊ ဆော်ဒေါရ်အာလီ ၏သား ရော်ဖိက် ၂၇ နှစ်၊ အာကာစ်မျာ ၏သား ရော်ဘီ အာလာမ် ၂၀ နှစ်၊ ရှာဟိဒ်အာလီ ၏သား မိုဖိစ် အာလာမ် ၂၃ နှစ်၊ အဒုလ်ရော်ရှိတ်၏သား မောင်ဇူရ်အာလာမ် ၃၀ နှစ်၊ တော်ဖိက်၏သား မူဆလင်အူဒ္ဒိန် ၂၆ နှစ် နှင့် မူရှိန်အာလီ ၏သား ဆာဂေါရ် အာမတ် ၁၇ နှစ်တို့ဖြစ်ပြီး၊ ၎င်းတို့ကို ၂ နာရီကျော် အချိန်တွင် လာမ်ဘာဘိလ် ကျေးရွာ မှ မ်ြနမာနိုင်ငံသို့ ပြည်နှင်ဒဏ်ပေးခြင်း ခံရကြောင်းသိရသည်။

ရဲ နှင့် နယ်ခြားစောင့်တပ် တို့သည် ရိုဟင်ဂျာလူမျိုး ၃၂ ဦးကို နယ်စပ် တလျှောက်တွင် ဖမ်းဆီးခဲ့ကြောင်း၊၎င်း တို့မှ ၁၃ ဦးကို ကောစ်ဘ ဇား အကျဉ်းထောင်သို့ ပေးပို့ခဲ့ပြီး၊ကျန် ၁၉ ဦးကို မြန်မာနိုင်ငံသို့ ပြည်နှင်ဒဏ် ပေးခဲ့ကြောင်း အမှတ် ၄၂ နယ်ခြားစောင်တပ်ရင်း၊ တပ် ရင်းမှူး ဒု ဗိုလ်မှူးကြီး ဇာဟိတ်ဟူဆိန် နှင့် တဲခ်နာဖ် ရဲစခန်းမှူးတို့ မှ အတည်ပြုသည်။

No comments: