Wednesday, February 29, 2012

အိန္ဒိယ လုပ်သားများ တိုက်ခိုက်မူကြောင့် မြန်မာ ကုမ္ပဏီ ၀န်ထမ်းများ ဒဏ်ရာရ

နိရဉ္စရာ


ကျောက်ဖြူ ရွှေဂတ်စီမံကိန်း လုပ်ငန်းခွင် တစ်ခုတွင် အိန္ဒိယ လုပ်သားများ၏ ၀ိုင်းဝန်း တိုက်ခိုက်မူကြောင့် မြန်မာ ကုမ္ပဏီ တစ်ခုမှ ၀န် ထမ်းများ ထိခိုက် ဒဏ်ရာ ရရှိသွားခဲ့သည်။

အိန္ဒိယမှ အလုပ်သမား ၁၀၀ ခန့်သည် ကျောက်ဖြူမြို့နယ် ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေး အခြေခံစခန်း အမှတ် ( ၁ - ပြတဲရွာ ကျေးရွာ)တွင် ရေဖြန့်ဖြူးရေး ၀န်ဆောင်မူ အလုပ်ကို လုပ်ကိုင်နေသော ပါရမီ ဆောက်လုပ်ရေး ကုမ္ပဏီရုံးခန်းအား ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ ည ၁၀ နာရီ ခန့်တွင် ကျောက်ခဲများ တုတ်များဖြင့် ၀ိုင်းဝန်း တိုက်ခိုက်ခဲ့ကြသည်။

" သူတို့တိုက်ခိုက်တာက ရေမရဘူးဆိုပြီး ပါရမီ ကုမ္ပဏီရုံးခန်းကို ၀ိုင်းဝန်း တိုက်ခိုက်ကြတာ ဖြစ်ပါတယ်။ မှန်ပြတင်းတွေကို ရိုက်ချိုး တယ်။ တံခါးတွေကို ကန်ကျောက်တယ်။ မြန်မာဝန်ထမ်းတွေကို ၀ိုင်းထိုးပါတယ်။ မြန်မာ ကုမ္ပဏီ ၀န်ထမ်း ၅ ဦး ဒဏ်ရာ ရရှိခဲပါတယ်" ဟု ကန်ထရိုက် လုပ်နေသူ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

ထိုခိုက် ဒဏ်ရာ ရရှိသွားသူများမှာ ကိုဇော်ဇော်သိန်း(ရုံအုပ်)၊ ကိုသူအောင်(အင်ဂျင်နီယာ) နှင့် ဝန်ထမ်း တချို့ ဖြစ်ပြီး အိန္ဒိယ အလုပ် သ မား တချို့လည်း ဒဏ်ရာ ရရှိသွားခဲ့သည်။ အိန္ဒိယ အလုပ်သမား ၄ ဦးနှင့် မြန်မာ အလုပ်သမား တစ်ဦးတို့အား ဆေးရုံ တင်ပို့ခဲ့ရ သည် ဟု ဆိုသည်။

" အခင်း ဖြစ်တုန်းက ရုံးခန်းထဲမှာ ရုံအုပ် ကိုဇော်ဇော်သိန်း ရှိနေတော့ သူက အပြင်ထွက်ပြီး ရှင်းပြဖို့ ကြိုးစား ရာကနေ အိန္ဒိယ အလုပ် သမားတွေရဲ့ လက်သီးနဲ့ မျက်နှာကို အထိုးခံလိုက်ရတဲ့ အတွက် သူ ဒဏ်ရာ ရသွားပါတယ်။ တခြားအဆောင်မှ အလုပ်သမာတွေလည်း ထွက်လာကြတဲ့ အတွက် အပြန်အလှန် ရိုက်နက်ပွဲ ဖြစ်ခဲ့ကြပါတယ်။ နောက် လုံခြုံရေး တာဝန်ယူထားတဲ့ ကိုပါလေးနဲ့ ရဲအဖွဲ့ ၅ ဦးက ဝင်ရောက် ဟန့်တား ခဲ့ရပါတယ်။ ကျောက်ဖြူမြို့မှမြို့မစခန်းမှူးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူး တို့လည်း အခင်းဖြစ်ပွားပီး မကြာခင် အချိန် အ တွင်း ရောက်လာ ခဲ့ကြပါတယ်။ ဒါမှ ရန်ပွဲက ရပ်သွားပါတယ်" ဟု သူက ဆက်ပြောသည်။

ပါရမီ ဆောက်လုပ်ရေး ကုမ္ပဏီ သည် အလုပ်စခန်း အနီးရှိ မင်းတက်တောင် ရေထွက်စမ်းမှ ရေကို ရေသန့် စက်ဖြင့် သန့်စင်ပြီး ပြတဲ ကျေးရွား အခြေခံစခန်း ရေ ရရှိရေးကို တာဝန်ယူထားသည်။ အလုပ်သမား ၄၀၀ အတွက်တစ်နေ့ သောက်ရေ သုံးရေ အဖြစ် ရေဂါလံ ၁၀၀၀၀ ပို့ပေးရန် တာဝန် ယူထားရကြောင်း သိရသည်။ နွေရောက်လာပြီဖြစ်၍ ရေစမ်းက ရေထွက် နည်းလာရာမှ တစ်နေ့ကို ဂါလံ (၈၀၀၀) လောက်သာ ဖြန့်ဖြူး ပေးနိုင်သဖြင့် ရေကို ဖေါဖေါသီသီ သုံးလိုသော အိန္ဒိယ အလုပ်သမားများ ရေအလုံအလောက် မရရှိရာမှ ရေပေးဝေနေသော ပါရမီ ကုမ္ပဏီကို ပြဿနာရှာပြီး ယခုလို တိုက်ခိုက်ခြင်း ဖြစ်ကြောင်း တခြား တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရဲအဖွဲ့မှ ယခု ဖြစ်ရပ်နှင့် ပတ်သက်ပြီး အမူဖွင့်ထားသော်လည်း ဖမ်းဆီး အရေးယူခြင်း မရှိကြောင်း သိရသည်။ အခင်း ဖြစ်ပွားမူကို ပြင်ပ မီဒီယာများသို့ သတင်း မပေါက်ကြားရန် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကုမ္ပဏီ ၀န်ထမ်းများကို တင်းတင်းကျပ်ကျပ် တားမြစ် ထား ကြောင်း ကုမ္ပဏီ ၀န်ထမ်း တစ်ဦးက ပြောသည်။

No comments: