Monday, February 27, 2012

ဒေါ်အောင်ဆန်းစုကြည် သုံးခွမြို့ ကို စည်းရေးရေးခရီးသွားရောက်

ဒီဗွီဘီ

အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ခေါင်း ဆောင် ဒေါ်အောင်ဆန်း စုကြည် ဟာ ကချင် ပြည်နယ် စည်းရုံးရေး ခရီးစဉ်က ပြန်ရောက် လာပြီးနောက် ရန်ကုန်တိုင်း သုံးခွမြို့ ကို ဒီက နေ့ မွန်းလွဲ ပိုင်းက စည်းရုံးရေး ခရီး သွားရောက် ခဲ့ပါတယ်။

ဒီခရီးစဉ်မှာ သုံးခွမြို့ ဘောလုံးကွင်းအနီးမှာ ပရိတ်သတ်တွေကို အမျိုး သားဒီမို ကရေစီဖွဲ့ချုပ် ကိုယ်စား လှယ်လောင်းကို မဲပေးဖို့ မဲဆွယ် မိန့်ခွန်း ပြောကြား ခဲ့ပြီး မြို့ခံ လူထု တွေနဲ့ အနီးအနားကျေးရွာတွေက ရဟန်းရှင်လူ ထောင်ပေါင်းများစွာက သွားရောက် ကြိုဆို နှုတ်ဆက် ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မြို့ခံတွေက မွန်းလွဲပိုင်းကတည်းက စောင့်နေကြပြီး သုံးခွမြို့ကို ညနေ ၄ နာရီလောက်မှ ရောက်ရှိလာတယ်လို့ သုံးခွမြို့ခံ အမျိုးသမီးကြီးတဦးက ပြောပါတယ်။

“မြင်လိုက်ရပါတယ်။ လက်တွေလည်း ပြလိုက်ရပါတယ်။ နောက်ကလည်း ကားတန်းကြီးက မြင်မကောင်းရှူမကောင်းပဲ၊ ရှေ့က သွားထား တဲ့ကားတွေကလည်း မြင် မကောင်းရှုမကောင်း၊ လူတွေက တလမ်းလုံး ပြည့်ကျပ်နေတာပဲ။ သူလည်း ပျော်ပျော်ရွှင်ရွှင်ပဲ တမြို့လုံး က လည်း ပျော်ပျော်ရွှင်ရွှင်ပဲ၊ နဂိုကတည်းကလည်း လေးစားချစ်ခင်နေတာပဲ ၀မ်းသာပါတယ်။ အောင်မြင် စေချင်ပါတယ်။ သူတို့က ကိုယ် ကျိုး စွန့်ပြီး လုပ်ထားတဲ့သူတွေ ဆိုတော့ အန်တီတို့အနေနဲ့ သူတို့လိုလူတွေ အောင်မြင်သွားရင် ၀မ်းသာရတာပေါ့”

အလားတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်မိန့်ခွန်း သွားရောက် နားထောင်ခဲ့တဲ့ သုံးခွမြို့ခံ လူငယ် တဦး ကလည်း “ဒေါ်စုစုလွင် ကိုမဲ ပေးပါ။ မှန်မှန်ကန်ကန်ခြစ်ပါ။ သူတို့က ကျန်းမာရေးနဲ့ပညာရေးကို တိုးတက်အောင် လုပ်ပါ့မယ်တဲ့။ အဲ့လိုမျိုးတွေ ပြောတယ်။ လူကတော် တော်များတာမှ ရေတွက်လို့ မရအောင်ပဲ။ သုံးခွဘောလုံးကွင်းကို ဒေါ်အောင်ဆန်းစုကြည် ရောက်တဲ့အချိန်မှာ ဘောလုံးကွင်းကြီးလည်း အပြည့်ပဲ။ သုံးခွမြို့အထွက်မှာ လူတွေကကို မစဲသေးတာ။ လူတွေမှ အများကြီးပဲ ကျမတော့ ရေတွက်လို့တောင် မရဘူး။ ၀မ်းသာတာပေါ့။”

ရန်ကုန်တိုင်း သုံးခွမြို့နယ်ဟာ လာမယ့် ဧပြီလ တရက်နေ့မှာ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမယ့် ပြည်သူ့လွှတ်တော် လစ်လပ် မဲဆန္ဒ နယ်တခုဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်စုစုလွင်က ကြံ့ခိုင်ရေးပါတီက ဦးအောင်ကျော်မင်းနဲ့ အမျိုးသား ဒီမိုကရေစီ အင်အား စု ပါတီက ဦးကြည်သန်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

No comments: