Friday, February 24, 2012

ပဒိုမန်း​ငြိမ်း​မောင်အမှု သက်​သေ ၆ ဦး​ ပယ်ချခံရ

အေး​နိုင်

အင်း​စိန်​ထောင် မှာ ရုံး​ထုတ်တဲ့​ ​ကေအန်ယူ​ခေါင်း​ဆောင် ပဒိုမန်း​ငြိမ်း​မောင်အမှုမှာ စွပ်စွဲခံရသူဘက်က သက်​သေ ၈ ဦး​ တင်တဲ့​အနက် ပြည်​ထောင်စုငြိမ်း​ချမ်း​ရေး​အဖွဲ့​ခေါင်း​ဆောင် ဦး​အောင်မင်း​ အပါအဝင် ၆ ဦး​ကို မ​နေ့​က ရုံး​ချိန်း​မှာ ပယ်လိုက်ပါတယ်။

မ​နေ့​ကရုံး​ကို သွား​တဲ့​ ပဒိုမန်း​ငြိမ်း​မောင်ရဲ့​ ​ရှေ့​နေ ဦး​ကြီး​မြင့်​က ခုလို ​ပြောပါတယ်။

“တရား​ခံပြသက်​သေ ၈ ​ယောက် တင်တယ်​ပေါ့​ဗျာ။ အဲဒါကို ၆ ​ယောက် ပယ်လိုက်တယ်​ပေါ့​။ ပယ်လိုက်တယ် ဆိုတာက​တော့​ အမှု ထပ် ကြာမှာ စိုး​လို့​ ဆိုပြီး​တော့​ ပယ်လိုက်တယ်​ပေါ့​နော်။ ကျ​နော်တို့​ဘက်က အင်း​စိန် ​ထောင်ပိုင်ကြီး​ ၂ ​ယောက်​ပေါ့​ဗျာ။ ယခင်နဲ့​ ယခု ​ထောင် ပိုင်ကြီး​ ၂ ​ယောက်ကို စစ်မယ်။ အဲဒါကို မတ်လ ၁ ရက် ကြာသပ​တေး​နေ့​မှာ စစ်မယ်၊​ အဲဒါ မ​နေ့​တုန်း​က ထူး​ခြား​ချက်ပါပဲ။”

ပဒိုမန်း​ငြိမ်း​မောင်ဟာ ထိုင်း​နိုင်ငံက​နေ တရုတ်နိုင်ငံကို ​လေ​ကြောင်း​ခရီး​နဲ့​ အသွား​မှာ ထိုင်း​နိုင်ငံတွင်း​ ပြည်ဝင်ခွင့်​ ဗီဇာမရလို့​ တရုတ် နိုင် ငံမှာ ​သောင်တင်​နေရာက မြန်မာအာဏာပိုင်​တွေထံ လွှဲ​ပြောင်း​ပေး​ခံရပြီး​ ရုံး​တင်ခံ​နေရတာပါ။

သူ့​ကို ဖမ်း​မိပြီး​နောက် ​ကေအန်ယူ ​ခေါင်း​ဆောင်မှန်း​သိတဲ့​အခါ စစ်​ကြော​ရေး​မှာ ပြည်​ထောင်စု ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​အဖွဲ့​က ​ကေ အန်ယူနဲ့​ အစိုး​ရအကြား​ ငြိမ်း​ချမ်း​ရေး​ ရရှိ​အောင် သူ့​ထံက အကူအညီ ​တောင်း​ခဲ့​ပြီး​ တရား​မစွဲပါဘူး​လို့​ ကတိ​ပေး​ခဲ့​တယ်လို့​ ဆိုပါတယ်။

ဒါနဲ့​ပတ်သက်လို့​ ဦး​ကြီး​မြင့်​က “အင်း​စိန်​ထောင်ထဲ ​ရောက်တဲ့​အခါမှာ ​နေပြည်​တော်က အရာရှိ၊​ ​နောက် စစ်​ကြော​ရေး​ ကာလမှာလည်း​ ​ထောက်လှမ်း​ရေး​က အရာရှိကြီး​တွေက အကူအညီ ​တောင်း​တယ်​ပေါ့​ဗျာ။ ဖထီး​ဒီအချိန်မှာ အဖမ်း​ခံရတာ ဖထီး​ကံ​ကောင်း​တယ်​ပေါ့​။ ကျ​နော်တို့​ကို ငြိမ်း​ချမ်း​ရေး​ရ​အောင် ကူညီပါ။ ကျ​နော်တို့​ ဖထီး​ကို လုံး​ဝတရား​မစွဲဘူး​။ ဒါ​တွေ​မေ့​ထား​လိုက်လို့​ အဲဒီလို ​ပြောတယ်​ပေါ့​။ အဲဒီလို​ပြောပြီး​တော့​ တရား​စွဲတဲ့​အခါကျ​တော့​ ဖထီး​က စိတ်မ​ကောင်း​တဲ့​ အခါကျ​တော့​ သူက ဘာ​ပြောလဲဆို​တော့​ ကျ​နော် ဒီငြိမ်း​ချမ်း​ရေး​ ကိစ္စ အတွက် အတတ်နိုင်ဆုံး​ကူညီခဲ့​တယ် ဆိုတာကို သူက သူတို့​လည်း​ ဒီလို ကတိ​ပေး​ခဲ့​တယ် ဆိုတာကို သက်​သေပြချင်တာနဲ့​ သူတို့​ကို ​ခေါ် တာပါ။ ပယ်တဲ့​ အ​ကြောင်း​ရင်း​က​တော့​ ဦး​အောင်မင်း​က အလုပ်များ​တယ်။ အမှုကြန့်​ကြာမှာစိုး​လို့​ ဦး​အောင်မင်း​ကို ပယ်တယ်​ပေါ့​ဗျာ။ ​ထောက်လှမ်း​ရေး​အရာရှိ ၂ ​ယောက်နဲ့​ ​နေပြည်​တော်က အရာရှိကြီး​ ၂ ​ယောက် က​တော့​ နာမည် မ​ဖော်ပြနိုင်တဲ့​အတွက် ပယ်တယ်လို့​ ​ပြောတယ်။”

ပဒိုမန်း​ငြိမ်း​မောင်နဲ့​အတူ ကရင်ပြည်နယ် ဘား​အံမြို့​က ​တောင်က​လေး​ ဆရာ​တော်ဟာလည်း​ ​ကေအန်ယူနဲ့​ အစိုး​ရအကြား​ ငြိမ်း​ချမ်း​ရေး​ စကား​ပြော​အောင် ကူညီခဲ့​တယ်လို့​ ဆိုပါတယ်။

လာမယ့်​ သီတင်း​ပတ်ကျရင် ​တောင်က​လေး​ဆရာ​တော်က သက်​သေအဖြစ် ထွက်ဖို့​ စီစဉ်ထား​ပြီး​ ရုံး​ကလည်း​ ဆရာ​တော်ကြွလာရင် ခွင့်​ပြုဖို့​ ကတိပြုထား​တယ်လို့​ ​ပြောပါတယ်။

ပဒိုမန်း​ငြိမ်း​မောင်ကို အင်း​စိန်​ထောင်တွင်း​က တရား​ရုံး​မှာ နိုင်ငံ​တော်ပုန်ကန်မှု၊​ တရား​မဝင် အသင်း​အဖွဲ့​နဲ့​ ဆက်သွယ်မှု နှစ်ခုနဲ့​ တရား​စွဲ ဆိုထား​ပြီး​ ကြာသပ​တေး​နေ့​တိုင်း​ ရုံး​ထုတ်​နေတာပါ။

No comments: