Monday, February 27, 2012

တောင်ကိုရီယားရောက် ရခိုင်များနှင့် မြန်မာ တိုင်ရင်းသားများက ဘီဘီစီ သတင်းဌာနကို ဆန္ဒပြကြပြန်ပြီ

နိရဉ္စရာ


တောင်ကိုးရီးယားတွင် ရောက်ရှိနေကြသော ရခိုင် အမျိုးသားများနှင့် တစ်ခြား မြန်မာ တိုင်းရင်းသားများ အတူ လက်တွဲပြီး ဘီဘီစီ သ တင်းဌာနနှင့် ဘီဘီစီ သတင်းထောက် Anna Jone တို့အား ကန့်ကွက်သော ဆန္ဒပြပွဲ တစ်ခုကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ဗြိတိ သျှ သံရုံးရှေ့တွင် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ပြုလုပ် ခဲ့ကြသည်။

ဆန္ဒပြပွဲကို တောင်ကိုရီးယားရှိ Arakan Association South Korea မှ ဦးဆောင် ပြုလုပ်ခြင်း ဖြစ်ပြီး တစ်ခြား မြန်မာ တိုင်းရင်းသား များ နှင့် ပူးပေါင်းကာ ဘီဘီစီ( အာရှ ပစိဖိတ် ဌာန)မှ မှားယွင်းဖော်ပြ လုပ်ကြံ ဖေါ်ပြထားသော သတင်း ဓါက်ပုံ အမှားများကို ကန့်ကွက် ဆန္ဒ ပြခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒပြပွဲကို ဦးဆောင် လှုပ်ရှား သူ တစ်ဦး ဖြစ်သည့် Arakan Association South Korean ( ရခိုင်အသင်း ကိုးရီးယား) မှ ဥက္ကဌ ကိုမင်း ဇော်က နိရဉ္စရာသို့ ယခုကဲ့သို့  ပြောသည်။

" ဘီဘီစီ (အာရှပစိဖိက် ဌာန) ကနေပြီးတော့ ကျွန်တော်တို့ မြန်မာနိုင်ငံက မြေပုံကို တိုင်းရင်းသား လူမျိုး တွေနဲ့ တကွ ဖေါ်ပြရာမှာ ရ ခိုင်လူမျိုးတွေ အဓိက နေထိုင်တဲ့ ရခိုင်ပြည်နယ်ရဲ့ နေရာမှာ ရခိုင် လူမျိုးပုံတွေ ဖေါ်ပြတာ မပာုက်ဘဲနဲ့ ရိုပာင်ဂျာ ဆိုသူတွေ ဘုရားဝက် ပြုနေတာတဲ့ ပုံတွေကို တင်ထားခဲ့ပါတယ်။ ကျွန်တော် တို့က အဲဒီလို လုပ်တာတွေကို မကြိုက်ဘူး။ မနှစ်သက်ဘူး။ မြန်မာ မြေပုံကို ပြည် နယ်တွေမှာ နေထိုင်တဲ့ လူမျိုး တွေရဲ့ ဓါက်ပုံ တွေ တင်လာခဲ့ရာမှာ ရှမ်းဆိုရင် လဲ ရှမ်းပုံ၊ ကရင်ဆိုလဲ ကရင်ပုံ၊ ကချင်ဆိုလည်း ကချင်ပုံ နဲ့ တင်ရာမှာ ရခိုင်ပြည်နယ် မြေပုံမှာကျတော့ ဘာလို့ မွတ်ဆလင် ၀က်ပြုနေတဲ့ ပုံတင်ထားတာလဲ။ ဒါဟာ ကျွန်တော်တို့ကို အကြီးအ ကျယ် စော်ကားတာ ဖြစ်တယ်။ သမိုင်း အဆက်ဆက်မှာ ရိုပာင်ဂျာ ဆိုတာ ရခိုင်ပြည်မှာ လူမျိုး တစ်မျိုး အနေနဲ့ မရှိခဲ့ဘူး။ နောက်ပြီး တော့ ဒီအမှားကို အခုထိလဲ ဘီဘီစီ သတင်းဌာနဲ့ အန်နာဂျူံး ကိုယ်တိုင်က ရခိုင်လူထုကို မတောင်ပန်သေးဘူး။ အဲဒါကြောင့် ဒီ ဆန္ဒ ပြပွဲ ကို လုပ်ရခြင်း ဖြစ်ပါတယ်" ပာု နိရဉ္စရာသို့  ပြောသည်။ တောင်ကိုရီယားနိုင်ငံ British သံရုံးရှေ့တွင် ဆန္ဒပြရန် အတွက် တောင်ကိုရီးယား အစိုးရက ခွင်ပြုချက်ပေးခဲ့ပြီး တစ်စုံတရာ ပြဿနာ မဖြစ်အောင် လုံခြုံရေး ယူပေးခဲ့သည်ဟု သိရသည်။

ဆန္ဒပြပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး ဗြိတိသျှ သံအမတ်ကြီးအား စာတစ်စောင်အားလည်း ရေးသား ပေးပို့ခဲ့ကြောင်း သိရသည်။ ဘီဘီ စီ (အာရှပစိဖိက်ဌာန)မှ Anna Jone မှားယွင်းစွာ ရေးသား ဖေါ်ပြထားသော ဆောင်းပါးနှင့် ရခိုင်ပြည်နယ် မြေပုံပေါ်တွင် မွတ်ဆလင်များ ဘုရားဝတ်ပြုနေသည့်ပုံများကိုလည်း အဆိုပါ စာနှင့် အတူ ပူးတွဲ ပေးပို့ခဲ့သည်ဟု ကိုမင်းဇော်က ပြောသည်။

ဆန္ဒပြရာတွင် ပါဝင်သည့် ရှမ်းအမျိုးသမီးတစ်ဦး ဖြစ်သူ မနေဇော်မောင်ဝင်းကလည်း ဆန္ဒ လာရောက် ပြရခြင်းကြောင်းနဲ့ ပက်သက်ပြီး နိရဉ္စရာသို့ ယခုလို သူမ အမြင်ကို ပြောသည်။

" ကျွန်မကတော့ ရှမ်းလူမျိုးတစ်ယောက်ဘဲရှင့်။ ရခိုင်လူမျိုးတွေနေတဲ့ ရခိုင်ကို ရိုဟင်ဂျာ ကုလားလူမျိုးတွေက ကျူးကျော်ပြီး ၀င်ရောက် လာတယ်။ အဲ့ဒီအတွက်နဲ့ ကျွန်မတို့ ရှမ်းလူမျိုးတွေလည်း တစ်ခြား တိုင်းရင်းသား တွေနဲ့ စည်းစည်းလုံးလုံးနဲ့ အားလုံးပေါင်းပြီး ရိုဟင်း ဂျာဟာ မြန်မာ တိုင်းရင်းသား မဟုက်ဘူး။ ဒီရိုဟင်ဂျာ တွေကို မြန်မာ တိုင်းရင်းသား မဟုက်ကြောင့် ကမ္ဘာက သိအောင် အခုလို လာ ရောက်ပြီး ဆန္ဒပြရခြင်း ဖြစ်ပါ တယ်" ဟုပြောသည်။

ယခုကဲ့သို့ နိုင်ငံတကာတွင် ဆန္ဒပြ တောင်းဆိုမှုများ ဖြစ်ပေါ်လာရခြင်းမှာ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့က Asia-Pacific ဌာနမှ သ တင်းထောက် Anna Jones ရေးသားသည့် Bleak outlook for Burma's ethnic groups ဆောင်းပါးတွင် သတင်းနှင့်အတူ အငြင်းပွား ဖွယ်ရာ ဓါတ်ပုံကို ရခိုင်ပြည်နယ် မြေပုံတွင် ပူးတွဲ ဖော်ပြခဲ့သည့် အတွက်ကြောင့် မကျေနပ်များ တိုးပွားလာရာမှ ပေါ်ပေါက် လာခြင်း ဖြစ် သည်။

ကမ္ဘာကျော် ဘီဘီစီ သတင်းဌာနမှ သတင်းထောက် Anna Jone ၏ မှားယွင်းစွာ ရေးသားဖော်ပြခဲ့သည့် သတင်းနှင့် ဓါတ်ပုံ အတွက် ရှုတ်ချ ကန့်ကွက်သည့် ဆန္ဒပြပွဲများကို အမေရိကန်၊ အင်္ဂလန်၊ မလေးရှားနှင့် ဂျပန် အစရှိသည့် နိုင်ငံ အသီးသီးတို့တွင် ပြုလုပ် ခဲ့ကြ သည်။ အဆိုပါကိစ္စ အတွက် ဘီဘီစီ ပစိဖိတ်ဌာနမှ ဖြေရှင်းချက်ပေးခဲ့သော်လည်း အဆိုပါ ဖြေရှင်းချက်ကို အများက လက်မခံဘဲ တောင်း ပန်ရန် လိုအပ်ကြောင်း ပြောဆိုနေကြသည်။

ဆိုးလ်ရှိ ဗြိတိသျှ သံရုံးတွင် ပြုလုပ်ခဲ့သော ဆန္ဒပြပွဲကို နေ့လည် ၂ နာရီ ၃၀ မှ ၃ နာရီ ၃၀ ထိ ပြုလုပ်ခဲ့ကြပြီး တောင်ကိုရီးတွင် ရောက်ရှိ နေသော ရှမ်း၊ ကရင်၊ ချင်း၊ မွန်နှင့် ရခိုင် တိုင်ရင်သား ၁၀၀ ခန့် ပူးပေါင်း ပါဝင်ခဲ့ကြသည်ဟု သတင်းရရှိသည်။

No comments: