Wednesday, October 17, 2012

အစိုးရတပ်တွင်း အချင်းချင်းအငြင်းပွားမှုဖြစ်ပြီး ပစ်ခတ်မှုကြောင့် သေဆုံး

KNG

ရှမ်းပြည်မြောက်ပိုင်း မွန်ဂိုးဒေသရှိ မြန်မာအစိုးရ တပ်ပေါင်းစုံစစ်ကြောင်းသည် မုန်လုံ (Munglung) တွင် အောက်တိုဘာလ ၁၂ ရက် သော ကြာနေ့ ညနေတွင် တပ်အတွင်း အချင်းချင်းအငြင်းပွားမှုဖြစ်ပွားပြီး ပစ်ခတ်ကြရာ တပ်သား ၄ ဦးနှင့် လမ်းပြ ၁ ဦး သေဆုံးခဲ့ ကြောင်း အ ရာရှိတဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။

အဆိုပါအငြင်းပွားမှုသည် မြန်မာအစိုးရတပ် ခလရ ၆၉ မှ အသက် ၅၀ ကျော်ရှိသည့် တပ်ကြပ်ကြီးသည် ရှေ့တန်းသို့ ၁၀ ကြိမ် ထက်မ နည်း သွားရခြင်းကြောင့် ၎င်းတပ်သို့ အသစ်ပြောင်းလာသော ဗိုလ်နှင့် စကားများပြီး ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“စကားများကြပြီး ပစ်ကြတယ်။ ဗိုလ်ကြီးကိုလဲ လက်မှာ ထိတယ်။ ပြီးတော့ တပ်သား ၂ ဦးနဲ့ ဒေသ ခံ ပြည်သူ လမ်းပြ ၁ ဦးသေသွား တယ်။ ပြီးတော့ သူ့ကိုသူ ပစ်ပြီးအဆုံးစီရင်လိုက်တယ်။” ဟု ၎င်းနှင့် နီးစပ်သူတဦး KNG က ချင်သတင်းဌာနသို့ ပြောသည်။

ထို့အတူ မုန်ဘော်တွင်ရှိနေသောမြန်မာတပ်ရင်းတွင်လည်း ထိုညတွင် အရက်မှုးပြီး အချင်းချင်းစကားများပြီး တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ထိုသို့ အချင်းချင်း ပစ်ခတ်ကြစဉ် မုန်ဘော်ပြည်သူ့စစ်မှ ၁ ဦး ထပ်မံ သေဆုံးခဲ့ ကြောင်း သိရသည်။

၎င်းမွန်ဂိုးဒေသရှိ တပ်ပေါင်းစုံ စစ်ကြောင်းတွင် ခလရ ၄၅၊ ၆၉၊ ၁၂၃ တပ်သားများ၊ တီခွန်မြတ် ဦး ဆောင်သော ကွတ်ခိုင်ပြည်သူု့စစ်အဖွဲ့နှင့် ဒူ မွန်းဦးဆောင်သော မုန်ဘော်ပြည်သူ့စစ်အဖွဲ့များလည်း ပါဝင်ကြောင်းသိရသည်။

ယခုအချိန် ရှမ်းပြည်မြောက်ပိုင်းဒေသတွင် အစိုးရစစ်အင်အား ၅၀၀ နီးပါးတိုးချဲ့ထားကြောင်း ပန်ဆိုင်း (ကြူကုတ်) ဒေသဆိုင်ရာ KIA အရာ ရှိတစ်ဦးဆိုသည်။

No comments: