သျှမ်းသံတော်ဆင့်/စိုင်းလုံ
သျှမ်းပြည်မြောက်ပိုင်း မန့်တုန့်မြို့နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အား ထပ်မံတိုက်ခိုက်ရန် စစ်ဆင်ရေးကွပ်ကဲ မှုဌာန ချုပ် (စကခ)မှူး ကိုယ်တိုင် ကွင်းဆင်းကွပ်ကဲနေသည်ဟု စုံစမ်းသိရှိရပါသည်။
“တိုက်ပွဲ ငြိမ်နေတာတော့ ၄ ရက်တော့ရှိနေပြီ။ ဒါပေမဲ့ (ကျောက်မဲ အခြေစိုက်) စကခ ၁ က ဗိုလ် မှူးကြီးအောင်ဇော်ဦး ကိုယ်တိုင် နမ့်ဆန်မှာ ရှိတဲ့ တပ် စခန်းကိုလာပြီးကြီးကြပ်ကွပ်ကဲတယ်။ စစ်ဆင်ရေးထပ်လုပ်ဖို့စီစဉ်နေတယ်။ အစိုး ရတပ် အင်အား လျော့သွားတာ လဲမရှိဘူး။ ပုံမှန် ပါပဲ” ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပြောခွင့်ရ မိုင်ဖုန်းကျော်က ပြောပြသည်။
အစိုးရတပ်များသည် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည့် နမ့်ဆန် နှင့် မန့်တုံမြို့နယ်အတွင်း တပ်ရင်း ၁၀ ရင်း ကျော်ရှိ ကြောင်း၊ မိုးဦးကတည်းကလည်း နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင်မြို့နယ်သို့ တပ်ရင်းအများအပြား ပို့ဆောင်ထား ကြောင်း ပြောပါသည်။
“ဒီလ ၄ ရက်နေ့က ကျနော်တို့တပ်ချထားတဲ့ (ပန်စလွပ်တပ်စခန်း) တောင်ကုန်းတခုကို အစိုးရ တပ်က လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်လို့ ဆုတ်ပေးလိုက်တာတော့ရှိတယ်၊ကျနော်တို့ ဆုတ်ရင်း ပစ်ရင်းနဲ့ အစိုးရဘက်က ဗိုလ်ကြီး ၁ ယောက် တပ်သား ၆ ယောက်ကျ တယ်၊ ဒုတပ် ရင်းမှူး ၁ ယောက်လဲဒဏ်ရာ အပြင်းအထန် ရသွားတယ်” ဟု TNLA ပြော ခွင့်ရ မိုင်ဖုန်းကျော်က ပြောပြသည်။
မန်တုံမြို့နယ်အတွင်း၌ အစိုးရတပ်နှင့် တိုင်းရင်းသားပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲကြောင့် စစ်ဘေးသင့်ဒုက္ခသည် ၃၀၀ ကျော်အတွက် ခရိ ယာန် ကုန်း နှင့် မန့်စပ်ရွာတို့၌ ဒုက္ခသည်စခန်းများ ဖွင့်လှစ်ပေးထားကြောင်း၊ ရွှေလီမြစ်ဝှမ်း နမ့်ခမ်းမြို့နယ် ဒုက္ခသည်စခန်း ၌လည်း သွားရောက်ခို လုံကြောင်း တအာင်းအမျိုးသားပါတီ TNP မှ မိုင်အုန်းခိုင်က ဆက်ပြောပါသည်။
“ပလောင်စစ်ဘေးဒုက္ခသည်တွေအတွက် Unicef က ဆန်ထောက်ပံ့ပေးတာတွေတော့ရှိတယ်။ မလောက်ဘူး။ TNP ပါတီ ကနေ ဒေသခံတွေ ဆီက အလှူခံပြီး သူတို့ကိုထောက်ပံ့ကျွေးမွေးနေရတယ်၊ကလေးတွေလဲ စာမသင်ရတော့ ဘူးဒီနှစ်။ ဒုက္ခသည် စခန်းထဲတော့ က လေး နဲ့  သက်ကြီးရွယ်အို အများဆုံးဘဲ။ လူလတ်ပိုင်း တွေကတော့ တရုတ်နိုင်ငံဘက် အလုပ် သွား လုပ်ကြနေရတယ်၊ ၀မ်းရေးလဲမ လောက်တော့ ဘူး” ဟု ၄င်းက ပြောသည်။
အစိုးရဘက်ကထပ်ပြီးစစ်ဆင်ရေးပြုလုပ်လာပါက TNLA ဘက်က လည်း ခုခံတိုက်ခိုက်ရန် စစ်ရေးအသင့်ပြင်ဆင်ထားပြီးဖြစ် သည်ဟု မိုင် ဖုန်း ကျော်က ပြောပြ သည်။

No comments:
Post a Comment