သျှမ်းသံတော်ဆင့်
နံရံ၌ ချိတ်ဆွဲထားသော ဓါတ်ပုံ ကြောင့် သျှမ်းပြည်အလယ်ပိုင်း ကျေးလက်ဒေသခံ တဦးအား ခလရ ၁၃၁ ကဖမ်းဆီး ပြီး ကျေးသီးမြို့အ ချုပ် ခန်း၌ လဝက်ကျော်ချုပ်နှောင်ထားကြောင်း ဒေသခံများပြောပြချက်အရ သိရပါသည်။
“လူထုဆိုတာ ဘယ်လက်နက်ကိုင်တပ်ဖွဲ့ကိုမှ ရှောင်လို့မရဘူး။ RCSS/SSA စစ်ဝတ်စုံနဲ့ဆင်တူတဲ့ ပျောက်ကျားဝတ်စုံ ဝတ်ထားတဲ့လူနဲ့ တွဲပြီး ဓါတ်ပုံရိုက်ထားတယ်။ ခလရ ၁၃၁ တူးအိုင်စီ ဗိုလ်မှူးထွန်းနောင်က အဲဒီဓါတ်ပုံကိုတွေ့တော့ သူတို့ကို ဧည့်ခံနေတဲ့အိမ်ရှင် စိုင်းလျဲန်းကို ဖမ်း လိုက်တာ။ လဝက်ကျော်သွားပြီ ခုထိပြန်မလွတ်ပေးသေးဘူး။” - ဟု မိုင်းကိုင်မြို့ ရောက် မိုင်းနောင်သားတဦးက ပြောပါ သည်။
ယခုလ ၅ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်း ကျေးရွာအုပ်စုဝင် နော်ဆိုင်ရွာသား စိုင်းလျဲန်း၏ အိမ်အား အမှတ် ၂ တပ်ခွဲ ခလရ ၁၃၁ မှ ဗိုလ်မှူးထွန်းနောင် နှင့် အဖွဲ့ရောက်ရှိစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထို့အတူ ဂျွန်လဆန်းပိုင်းက တပ်မှထွက်ပြေးသော တပ်သားနှစ်ဦးကလည်း သျှမ်းပြည်တပ်မတော် RCSS/SSA ထံရောက် ရှိစဉ် အပြင်း ဖျား သောကြောင့် ၎င်းတို့အား သျှမ်းတပ်တွင်း ဆေးမှူးဖြစ်သည့် အိမ်ရှင် စိုင်းလျဲန်းက ဆေးကုပေးခဲ့ဖူးကြောင်း ၎င်းတို့တပ်မှူးထံပြော ကြား ခဲ့ သည်ဟု နီးစပ်သူတဦးက ပြောပါသည်။
“ ဗမာစစ်တပ်ကို ယုံကြည်မှုမထားဖို့ သင်္ခန်းစာတခု ရတာပေါ့ဗျာ။ သူ့ကိုနေကောင်းအောင်ပြုစု ပေး တဲ့သူကိုတောင် သူက ပြန်ဖမ်းတယ်ဆို တော့လွန်တာပေါ့ဗျာ။ စိုင်းလျဲန်းက သူကိုယ်တိုင်ကလဲ သျှမ်းတပ်ဖွဲ့ ဝင်မဟုတ်လို့ ဒီစစ် ကြောင်း လှည့်လာတဲ့ အဖွဲ့ကို ဧည့်ခံကြိုဆိုရဲတာ ပေါ့။ သူသာသျှမ်းတပ်ဖွဲ့ဝင် တယောက် တကယ်ဖြစ်ခဲ့ရင် သူရှောင်ပုန်းနေရောပေါ့။ နောက်ပြီး သျှမ်းတပ်ဘက်ကလဲ သူတို့လူမ ဟုတ် လို့ တစုံတရာလာပြောပြီး အာမခံထုတ်ပေးတာ ဘယ်လုပ်မလဲ” ဟု ဆိုပါ သည်။
ဂျွန်လဆန်းက သျှမ်းပြည်တပ်မတော် RCSS/SSA ၏ ဟိုခိုင်းမြို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဗိုလ်စံဖှထံရောက်သွားသော အဆို ပါ မြန်မာစစ် တပ် ၏ တပ်ပြေး ၂ ဦးနှင့် မြို့နယ်ရဲတပ်ပြေး မှာ SSA ထံရောက်သွားပြီးမကြာခင် အဆိုပါ ရဲတပ်ပြေးက SSA ၏ M 79 တလက်နှင့် တရုတ်ဆိုင် ကယ်တစီးခိုးယူပြီး ၎င်း၏ စခန်းထံ ပြန်လည်ထွက်ပြေးခဲ့ကြောင်း၊ ခလရ ၁၃၁ ကလည်း အဆိုပါ လက်နက်များဖြင့် ၎င်းတို့လူ အားပြန်လည် လဲလှယ်ယူခဲ့ ကြောင်းထိုစဉ်က သျှမ်းပြည်တပ်မတော်နှင့်နီးစပ်သည့် ဒေသခံများက သျှမ်းသံတော်ဆင့်အား ပြောပြခဲ့ဖူး သည်။
ယခု အဖမ်းခံထားရသော ဟမ်းငိုင်းသား စိုင်းလျဲန်းအား မိသားစုမှတွေ့ခွင့်ရရန် အမျိုးမျိုးကြိုးစားနေသော်လည်း အချည်း အနှီးသာဖြစ် နေသ ဖြင့် စိုးရိမ်ပူပန်နေကြကြောင်း သူငယ်ချင်းဖြစ်သူက ပြောပါသည်။
No comments:
Post a Comment