Friday, October 19, 2012

OIC ကန့် ကွက်ဆန္ဒပြပွဲနှင့် သမ္မတ ဦးသိန်းစိန် ထောက်ခံပွဲ တောင်ကုတ်တွင် ပြု လုပ်

အာရ်ကန်တိုင်းမ်စ်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ တွင် ယနေ့ အောက်တိုဘာလ(၁၈) ရက် နေ့  နေ့ လည်(၁၁)နာရီခွဲတွင် OIC အစ္စလာမစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ မြန်မာနိုင်ငံအတွင်း ရုံးစိုက်မည်ကို ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲ နှင့် သမ္မတ ဦး သိန်း စိန်အစိုးရအား ထောက်ခံကြိုဆိုပွဲတစ်ရပ်ကို ရခိုင် လူမှုကွန်ယက်အသင်း(တောင်ကုတ်)က ဦးဆောင်၍ လူပေါင်း (၂၀၀၀) နီးပါးခန့် ငြိမ်း ချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရ ရှိသည်။

ပထမတွင် OIC ကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြမည်ဟု စီစဉ်ခဲ့သော်လည်း အိုအိုင်စီ ရုံးဖွင့်လှစ်ရေး ကိစ္စနဲ့ပတ်သက်၍ ရဟန်းသံဃာများနှင့် ပြည်သူ တွေက ဆန့်ကျင်ဆန္ဒပြပွဲများကို မြန်မာတစ်နိုင်ငံလုံးနီးပါး ပြုလုပ်ပြီး နောက် နိုင်ငံတော် သမ္မတရုံးမှ အိုအိုင်စီ ရုံးခန်းများ မြန်မာနိုင်ငံတွင်ဖွင့် လှစ်မည်မဟုတ်ကြောင်းကို သတင်းထုတ်ပြန်ပြီးသည့် နောက်ပိုင်းတွင် သမ္မတ ဦး သိန်းစိန်အစိုးရကိုပါ ထောက်ခံသည့်အ နေနဲ့ ထောက်ခံကြို ဆိုပွဲကို တစ်ပြိုင်တည်းပြုလုပ်ရခြင်း ဖြစ်ကြောင်း ရခိုင်လူမှုကွန်ယက် အသင်း (တောင်ကုတ်)မှ ကိုကျော်ကျော်လင်းက အာရ်ကန် တိုင်းစ်မ်သို့ ယခုလိုပြောကြားသည်။

ကျနော်တို့ ကြိုတင်စီစဉ်ထားတာက OIC မြန်မာနိုင်ငံအတွင်း ရုံးစိုက်မယ့်ကိစ္စကို ဆန့်ကျင်ကန့်ကွက်ဖို့ အတွက်ပါ၊ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ရက် လောက်က သမ္မတရုံးက အိုအိုင်စီ ရုံးခန်းများ မြန်မာနိုင်ငံမှာ ဖွင့်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ကြော်ငြာလိုက်တဲ့အခါ ကျနော်တို စီစဉ်ထားတဲ့ကိစ္စ ကိုဆက်လုပ်ဖို့ အခက်အခဲကြုံသွားရတဲ့အတွက် ခုလိုဆန္ဒဖော်ထုတ်ပွဲဟာ နိုင်ငံ တော်အစိုးရရဲ့ ကြော်ငြာချက်ကိုပါ ကြိုဆိုထောက်ခဲ့ အ နေနဲ့  ပြုလုပ်ရတာပါ" ဟု သူက ပြောကြားသည်။

သမ္မတကြီး ဦးသိန်းစိန် အစိုးရဟာ ဒီမိုကရေစီနှင့် ကောင်းသော အနာဂတ်အပြောင်းအလဲကို ပြည်သူသူထုဆန္ဒနဲ့အညီ ဖော်ဆောင်နေ တာ ကြောင့် အများပြည်သူရဲ့ တောင်းဆိုချက်ဆန္ဒများနဲ့အညီ အကောင်ကောင်အထည် ဖော်ပေးလိမ့်မည် သူ ယုံကြည်ကြောင်းလည်း ကိုကျော် ကျော်လင်းက ပြောဆိုသည်။

ဆန္ဒပြပွဲနှင့်ထောက်ခံကြိုဆိုပွဲကို အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ခွင့်ပြုမိန့်ထဲတွင် လူထုအင်အား (၂၀၀)ခန့်သာ ခွင့် ပြု ထားခြင်းကြောင့် နယ်ဘက်ကျေးရွာများမှ လူထုများအား အသိပေးတိုက်တွန်းနှိုးဆော်မှုများမရှိခဲ့ကြောင်း၊ ဆန္ဒဖော်ထုတ်ပွဲကို ဖောင် တော် ဦးဘုရားတွင် နေ့လည်(၁၁)နာရီခွဲတွင် စတင်စုဝေး၍ ဆိုင်းဘုတ်များ၊ လက်ကိုင်ပိုစတာများ၊ အိုအိုင်စီကို ဆန့်ကျင်ကန့်ကွက်သည့် အမှတ် တံဆိပ်ပါ တီချပ်အင်္ကျီများနှင့် ရခိုင်အရေးသည် ပြည်ထောင်စုအရေး၊ ရခိုင်ပြည်နယ်ကို ကာကွယ်ပါ စသည့် စာတန်းပါ တီချပ်အ င်္ကျီများ ကိုလည်း ၀တ်ဆင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသခဲ့ကြကြောင်း ကိုကျော်ကျော်လင်းက အခုလို ဆက်လက်ပြောကြားသည်။

"ခွင့်ပြုမိန့်ကျလာတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက လူထုအင်အား (၂၀၀)လာက်ပဲ ခွင့်ပြုပါ တယ်၊ တစ်ချို့ နယ်ဖက်တွေက ဆန္ဒထုတ် ဖော်ချင်ကြတဲ့လူတွေရှိပေမဲ့ ကျနော်တို့ ကမ်းလှမ်းတိုက်တွန်းမှုတွေ မလုပ်နိုင်ခဲ့ပါဘူး၊ ကျနော် တို့ ကန့်သတ်လူဦးရေ (၂၀၀)လောက်ကို တောင်ကုတ်မြို့  မြို့ မဈေးအနီးရှိ ဖောင်တော်ဦးဘုရားနားမှာ နေ့လည် (၁၁)နာရီမှာ စစုပြီး တော့ကျနော်တို့ လူ (၂၀၀)လောက်က အိုအိုင် စီကို ဆန့်ကျင်ကန့်ကွက်တဲ့ အမှတ်တံဆိပ်ရယ် ရခိုင်အရေးသည် တိုင်းရင်းသားအရေး၊ ရခိုင်ပြည်ကိုကာကွယ်ပါလို့စာတန်းရေး ထိုးထားတဲ့ တီချပ် အင်္ကျီတွေကို ၀တ်ဆင်ကြပြီးတော့ မြို့ ထဲသို့ လှည့်လည်ကာ ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်ခဲ့ကြတာပါ " ဟု ကိုကျော်ကျော် လင်းက ဆက် ပြောသည်။

ဆန္ဒပြပွဲစတင်ပြီး မိနစ်အနည်းငယ်အတွင်းမှာပင် သံဃာအပါး(၃၀)ကျာ်နှင့် မြို့ခံလူထု စုစုပေါင်း(၂၀၀၀)နီးပါးက မိမိတို့၏ အသိစိတ် ဓာတ် ဖြင့် ပူးပေါင်းပါဝင်လာကြကာ ဘင်္ဂလီ(လုံးဝ)မလိုမရှိ၊ အကြမ်းဖက်ဝါဒ (လုံးဝ)အလိုမရှိ၊ အိုအိုင်စီ ထွက်သွား (OIC GET OUT)၊ သမ္မတကြီး အား ထောက်ခံသည်၊ ရခိုင်အရေးသည် ပြည်ထောင်စုအရေး၊ ရခိုင်ပြည်ကို ကာကွယ်ပါ စသည့် ဆိုင်းဘုတ်၊ ပိုစတာများ ကိုင် ဆောင်ကာ ကြွေးကြော်တောင်းဆိုခဲ့သည်။ ဆန္ဒဖော်ထုတ်ပွဲကို မြို့ နယ် အာဏာပိုင်တွေအနေနဲ့ တားဆီးနှောက်ယှက် ပိတ်ပင်မှုတစ်စုံ တစ်ရာ မရှိခဲ့ ကြောင်း သိရသည်။

မြန်မာနိုင်ငံ မည်သည့်ဒေသအစိတ်အပိုင်းတွင်မဆို အိုအိုင်စီ ရုံးစိုက်လာမည်ဆိုပါကအမျိုးဘာသာ သာသနာအရေးဖြစ်သည့်အတွက်လူတန်း စားပေါင်းစုံ အလွှာပေါင်းစုံက နည်းလမ်းပေါင်းမျိုးစုံနဲ့ ဆန့်ကျင် တော်လှန်သွားမည်ဖြစ် ကြောင်း၊ လူသားချင်းစာနာသည့် အနေနဲ့ စေတနာ အမှန်ဖြင့် အကူအညီပေးချင်သည်ဆိုလျှင် ဒေါက်တာအေးမောင် အကြံပြုခဲ့သည့်အ တိုင်း ပြည်ထောင်စုအစိုးရက လက်ခံပြီးမှ ပြည်နယ် အစိုးရကလည်း ပစ္စည်းလှူတဲ့ လူတစ်ဦးချင်းအပေါ်မှာ အသေအချာစီစစ်ပြီးမှ ဒုက္ခ သည်တွေဆီ ဖြန့်ဝေပေးတဲ့ နည်းလမ်းမျိုးကို ထောက်ခံ သ ဘောတူကြောင်း အာရ်ကန်တိုင်းစ်မ်သို့ ကိုကျော်ကျော်လင်းက ရှင်းလင်း ပြောကြားသည်။

ဆန္ဒဖော်ထုတ်ပွဲကို နေ့လည် (၁)နာရီကျော်တွင် မြို့မဈေးအနီးရှိ ဖောင်းတော်ဦးဘုရားတွင် ပြန်လည် အဆုံးသတ်ခဲ့ကြောင်း၊ ဆန္ဒဖော် ထုတ်ပွဲကို မြို့ နယ် အာဏာပိုင်တွေအနေနဲ့ တားဆီးနှောက်ယှက် ပိတ်ပင်မှုတစ်စုံတစ်ရာ မရှိခဲ့ကြောင်းလည်း သတင်းရရှိသည်။

No comments: