ရွှေဟင်္သာ
ထောင်နှင့် ချီသော ရဟန်း သံဃာများသည် အစ္စလမ် နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OI C) အဖွဲ့ မြန်မာနိုင်ငံ တွင်း လာရောက် ရုံးဖွင့်ခြင်းကို ကန့်ကွက်သည့် အနေဖြင့် ရန်ကုန် မန္တလေး စစ်တွေမြို့များနှင့် ပခုက္ကူမြို့များတွင် ဆ န္ဒပြ ခဲ့ကြပါ သည်။
ထောင်နှင့်ချီသည့် မန္တလေးမြို့ရှိ ရဟန်း သံဃာများသည် မန္တလေးမြို့ အိမ်တော်ရာ ဘုရားမှ နေ့လည် တစ်နာရီတွင် စတင် လမ်းလျှောက် ခဲ့ပြီး ၄င်းမှ တဆင့် ဈေးချို လမ်းအတိုင်း ချီတက်လာခဲ့ပြီး ဆီဒိုးနား ဟိုတယ် အနီးမှ ပြန်လှည့်၍ နေလည်၂နာရီခွဲတွင် ဆန္ဒဖော်ထုတ်မှု ပြီးဆုံးခဲ့ပါသည်။
အလားတူ ထောင်နှင့်ချီသော ရန်ကုန်မြို့မှ ရဟန်း သံဃာများနှင့် ပြည်သူများသည်လည်း ရွှေတိဂုံ ဘုရား အရှေ့ ဘက်မုခ်ဖက်မှ ဆူးလေ ဘုရားကြီးသို့ မေတ္တာပို့ လမ်းလျှောက် ချီတက် ဆန္ဒပြခဲ့ကြပါသည်။ ထို့အတူ စစ်တွေမြို့နှင့် ပခုက္ကူ မြို့များတွင်လည်း ရဟန်းများ အတူ လူ ထုများပါ ပါဝင် ဆန္ဒပြခဲ့ကြပါသည်။
အစိုးရသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် တွင်းမှ အကြမ်းဖက်မှုကြောင့် ဖြစ်ပေါ်နေသော လူမှုဒုက္ခသည် များကိုကူညီရန် OIC ၏ တောင်း ဆိုမှုကို လက်ခံပြီး ရုံးဖွင့်ခွင့် ပေးလိုက်သည့်အပေါ် ရဟန်း သံဃာ များက ကန့်ကွက် ဆန္ဒပြ နေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင် ဘင်္ဂလားဒေခ်ျ့နိုင်ငံ ကော့ကဇာရှိ ဗုဒ္ဒဘာသာ အဆောက်အဦး များကို မီးရှို့ဖျက်ဆီးခဲ့သည့်အပေါ် မြန်မာနိုင်ငံ အပါအ၀င် ပြည်ပ နိုင်ငံမှ ရဟန်းသံဃာများက ကန့်ကွက်မှုများ ဖြစ်ပွားခဲ့ပါသည်။
ဤအခြေ အနေကြောင့် မြန်မာ အစိုးရသည် OIC အဖွဲ့ ရုံးဖွင့်ခြင်းကို လက်မခံတော့ကြောင်း တရားဝင် ထုတ်ပြန်လိုက်ရပါ သည်။ http://www.president-office.gov.mm/briefing-room/news/2012/10/15/id-1581

No comments:
Post a Comment