Tuesday, February 12, 2013

မောင်တောမြို့နယ်တွင် တူမီးသေနတ်နဲ့ ဓါးမြတိုက်ဟန်ဆောင်၍ လူသတ်မှုဖြစ်ပွား

မိုးဇော်

ရခိုင်ပြည်အနောက်ဘက် မောင်တော်ခရိုင် မောင်တောမြို့နယ် ငခူရရွာသစ်ကျေးရွာအနီး ယောင်ဘွယ်ကျေးရွာတွင် ၄င်းအနီးအနားဘင်္ဂလီ ကျေးရွာများမှ ဘင်္ဂလီ ၁၅ ယောက်ခန့်သည် ယမန်နေ့ ည ၁၀ နာရီ ၁၅ မိနစ်တွင် တူမီးသေနတ်ဖြင့် ဓါးမြတိုက်ဟန်ဆောင်၍ အကြမ်းဖက် ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် တစ်ဦးသေ သုံးဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ သေဆုံးသူနှင့် ဒဏ်ရာရရှိသူများမှာ " ဦးမောင်အေး(၅၄)နှစ် (သေဆုံး)၊ (ဘ) ဦးစံထွန်းအောင်၏သား ဦးဘတင် (၅၄)နှစ် (အရေးပေါ် အခြေအနေ)၊ ကိုစောညွန့်အောင် (၃၉)နှစ်နှင့် ကိုနေထွန်းအောင် (၂၂)နှစ် " တို့ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာများနှင့် အသက်အန္တရာစိုးရိမ်ရသူ ဦးဘတင်၏ ညီဖြစ်သူ ဦးဘသန်းက " မနေ့က ည ၁၀ နာရီကျော်လောက်ရှိမယ်ထင်တယ်။ ကုလား တွေ ၁၅ ယောက်လောက် ပေါ့ ဓါးမြတိုက်မယ်လိုလိုနဲ့ လာကြတယ်။ ဦးဘတင်အိမ်ကိုလာပြီးတော့ ဗမာလိုခေါ်ကာ ဦးဘတင်ထွက်လာတာနဲ့ ကုလားတွေက လိုက်ခုတ်ကြတယ်။ ဦးဘတင်အသတ်ခံနေရတာကိုကြားလို့ ဧည့်သည်ဖြစ်တဲ့ ဦးမောင်အေးကလာကြည့်တာမှာ ဘင်္ဂလီတွေက သတ်ပစ်လိုက်ကြတယ်။ အဲဒီဘင်္ဂလီတွေက ဒီအနီးအနား ဘင်္ဂလီကျေးရွာတွေကပဲဖြစ်တယ်။ သေဆုံးသွားတဲ့ ဦးမောင်အေးဆိုင်ရင် ခုတ်သတ် ပစ်လိုက်ကြတာ ခုတ်ချက်က အများကြီးပဲ။ လက်မှာဓါးဒဏ်ရာ၊ ရင်အုံတွင်လှံဓဏ်ရာ၊ ဝမ်းဗိုက်တွင် သေနတ်ဒဏ်ရာစတဲ့ ဒဏ်ရာတွေနဲ့ ပွဲချင်း ပြီးသေဆုံးသွားတယ်။ ဦးဘတင်မှာကျတော့ ဦးခေါင်း၊ ပေါင်၊ ခြေ၊ လက် တကိုယ် လုံး ဒဏ်ရာတွေနဲ့ ပြည့်နှက်နေတာပါပဲ။ " ဟုအာရ် ကန် တိုင်းမ်စ်သို့ ပြောသည်။

အခင်းဖြစ်ပွားနေစဉ်အတွင်း ဦးဘတင်မှ ရွာသားများကို ဝိုင်းဝန်းအကူအညီတောင်ခံခဲ့ရာ ကိုနေလင်းအောင်နှင့် ကိုစောညွန့်အောင်တို့က လာ ရောက်ကူညီခဲ့ရာမှ ဘင်္ဂလီများက ထိုသူနှစ်ဦးကိုပါ ဝိုးဝန်းခုတ် သတ် သဖြင့် သေနတ်ဒဏ်ရာနှင့် ရိုက်ချက်ဒဏ်ရာများ ရရှိထားကြောင်း ဆက် လက်ပြောကြားခဲ့သည်။

အဆိုပါ သေဆုံးသူမှာ ဦးစောလှမောင်၏သား ဦးမောင်အေးဖြစ်ပြီး စစ်တွေမြို့ ဘောက်သီးစုရပ်ကွက်မှ ဖြစ်သည်ကိုသိရပြီး ဒဏ်ရာရရှိထား သူ သူငယ်ချင်းလည်းဖြစ် ဦးဘတင်ထံသို့ အလုပ်ကိစ္စနှင့် ရောက်နေ စဉ် အသတ်ခံရခြင်းဖြစ်သည်။

ကျန်သုံးဦးမှာ ဒဏ်ရာများပြင်းထန်သောကြောင့် မောင်တောဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးကုသမှုကိုခံယူနေပြီး ၄င်းအထဲမှ အသက်အ န္တရာယ်စိုးရိမ်ရသော ဦးဘတင်ကို ခွဲစိတ်ဆရာဝန်ရှိသော ဘူးသီး တောင် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။




ထို့ဘင်္ဂလီများသည် RSO နှင့်အဆက်အသွယ်ရှိသည်သာမက ၄င်းအဖွဲ့ဝင်အကြမ်းဖက်သမားများဖြစ်ကြပြီးနယ်စပ်ဒေသလူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်တပ်ဖွဲ့ဝင်များအဖြစ် ယူနီဖောင်းများဝတ်ဆင်ပြီး မသမာသောနည်းဖြင့် ဝင်ရောက်လာကာယခုလိုဒေသခံများကိုအကြမ်း ဖက်နှိမ်နှင်းသတ်ဖြတ်သွားခဲ့ကြောင့် မောင်တောအခြေပြု လူမှုရေးလုပ်ငန်းအဖွဲ့အစည်းတစ်ခုမှ အမည်မဖေါ်လိုသည့် ရခိုင်အမျိုးသား တစ်ဦး က အတည်ပြုပြောကြားခဲ့သည်။

အဆိုပါ ယောင်ဘွယ်ကျေးရွာမှာ တိုင်းရင်းသားနေအိမ်(၁၃)ဆောင်ခန့်သာရှိပြီး နယ်စပ်ဒေသလူဝင်မှုစစ်ဆေးရေးကွပ်ကဲမှု ဌာနချုပ်၊ အမှတ်(၅)နယ်မြေနှင့် ကိုက်(၃၀၀)ခန့်သာ ကွာဝေးကြောင်း သိရသည်။


ယခုဖြစ်စဉ်သည် မောင်တောနယ်စပ်ဒေသ၌ ညမထွက်ရအမိန့်ထုတ်ပြန်ထားခြင်းနှင့် လုံခြုံရေးတင်းကျပ်ထားခြင်းကြားမှ ဖြစ်ပွားရခြင်းသည် နစကများ အားနည်းချက်ကြောင်း ဖြစ်သွားရသည်ဟု ဒေသခံများက ပြောဆိုကြသည်။

ပြီးခဲ့သည့်အပတ်များကလည်း မောင်တောမြို့နယ် ဗောဓိကုန်းကျေးရွာအနီးတွင် စစ်တပ်နှင့် ဘင်္ဂလီများ အခင်းဖြစ်ပွားခဲ့ပြီးနောက် ညနေ (၉)နာရီခန့်တွင် ၄င်းကျေးရွာအ နီးမှ အစိုးရပိုင်ဂေါက်ကွင်းရှိ လူနား ခိုရာ အဆောင်ငယ်များ မီးရှို့ခံခဲ့ရကြောင်းနှင့် ဖဖော်ဝါရီလ(၇)ရက်နေ့က လည်း မြောက်ဦးမြို့နယ် ဒုံဘွယ်ကျေးရွာမှ ရခိုင်မိသားစု တစ်စုကို ၄င်းအနီးအနားရှိ ဘင်္ဂလီကျေး ရွာ ရှင်းတောင်ရွာမှ အကြမ်းဖက်ဘင်္ဂလီ များ က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

No comments: