Monday, April 29, 2013

ရခိုင်ပဋိပက္ခအစီအရင်ခံစာ သတင်းစာရှင်းလင်းပွဲပြုလုပ်မယ်

ABC

မြန်မာနိုင်ငံ ​အနောက်ဖက်ခြမ်းက ​ရခိုင်ပြည်နယ်မှာ ​ဗုဒ္ဓဘာသာ ​ရခိုင်လူမျိုးတွေနဲ့ ​မွတ်စလင်ဘာသာဝင်တွေကြားမှာ ​ဖြစ်ပွားခဲ့တဲ့ ​ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ​ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင် ​အဖွဲ့က ​ပဋိပက္ခနဲ့ပတ်သက်တဲ့အစီရင်ခံစာအပေါ် ​ဒီကနေ့ ​သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမှာဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲကို ​ရန်ကုန်မြို့ ​ငြိမ်းချမ်းရေးစင်တာမှာ ​ပြုလုပ်မှာဖြစ်ပါတယ်။ ​ပြီးခဲ့တဲ့နှစ် ​ဇွန်လက ​စတင်ဖြစ်ပွားခဲ့တဲ့ ​ပဋိပက္ခနဲ့ ​ပတ်သက်ပြီး ​စုံစမ်းစစ်ဆေးရေးအဖွဲ့က ​ပြီးခဲ့တဲ့ ​တနင်္လာနေ့တုန်းက ​သမ္မတဦးသိန်းစိန်ဆီကို ​အစီရင်ခံစာပေးပို့ခဲ့ပြီးဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ​ဖြစ်ခဲ့တဲ့ပဋိပက္ခကြောင့် ​လူပေါင်း ​ရှစ်ဆယ်ကျော် ​သေဆုံးခဲ့ပြီး ​သိန်းနဲ့ချီ ​အိုးအိမ်မဲ့ ​ခဲ့ရပါတယ်။

မကြာသေးခင်ကပဲ ​လူ့အခွင့်အရေး ​စောင့်ကြည့်လေ့လာရေးအဖွဲ့က ​ရခိုင်ပြည်နယ် ​ပဋိပက္ခနဲ့ပတ်သက်ပြီး ​အစီရင်ခံစာ ​တစောင် ​ထုတ်ပြန်ခဲ့ပါတယ်။ ​အစီရင်ခံစာထဲမှာ ​ဖော်ပြထားတာကတော့ ​ဖြစ်ခဲ့တဲ့ပဋိပက္ခမှာ ​လူမျိုးတုန်းသတ်ဖြတ်မှုလို့ ​စွပ်စွဲထားပါတယ်။

ဒါပေမယ့် ​မြန်မာအစိုးရနဲ့ ​တချို့မြန်မာ့နိုင်ငံရေး ​လေ့လာသူတွေကတော့ ​လူ့အခွင့်အရေး ​စောင့်ကြည့်လေ့လာရေး ​အဖွဲ့ကထုတ်ပြန်တဲ့ ​အစီရင်ခံစာဟာ ​တရားမျှတမှုမရှိဘူးလို့လည်း ​သုံးသပ်ကြပါတယ်။

No comments: