Monday, April 29, 2013

HRW အစီရင်ခံစာ ရခိုင် အဖွဲ့အစည်းများ မကန့်ကွက်

နိရဉ္စရာ

အမေရိကန် အခြေစိုက် Human Rights Watch (HRW) က များမကြာမှီက ထုတ်ပြန်သော ရခိုင် ပဋိပက္ခ အစီရင်ခံစာနှင့် ပတ်သက်ပြီး သမာသမတ် မကျဘဲ ဘက်လိုက် ရေးသားထားသည်ဟု ဆိုကာ မြန်မာ အစိုးရ အပါအ၀င် မြန်မာ အဖွဲ့အစည်းတော်တော်များက ဆန့်ကျင် ကန့်ကွက်ကြသော်လည်း ရခိုင် အဖွဲ့အစည်း တစ်ခုခုမှ ယနေ့တိုင် တစ်စုံတရာ တရားဝင် ကန့်ကွက်မူ မရှိသေးကြောင်း သတင်း ရရှိသည်။

HRW (လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့) က ထုတ်ပြန်သော အစီရင်ခံစာတွင် စကား အသုံး အနုန်းများကို ပြင်းပြင်းထန်ထန် သုံးနုန်းလျှက် လွန်ခဲ့သောနှစ် အောက်တိုဘာလ အတွင်းက ဖြစ်ပွာခဲ့သော ရခိုင်အရေးအခင်းတွင် ရခိုင်လူမျိုးများသည် ဘင်္ဂလီ မူဆလင် (သူတို့အခေါ် ရိုဟင်ဂျာ) လူမျိုးများကို လူမျိုးတုန်း သတ်ဖြတ်မူများကို ကျူးလွန်ခဲ့ကြသည်ဟု စွပ်စွဲ ဖေါ်ပြထားသည်။

ဧပြီလ၂၂ရက် နေ့က ထုတ်ပြန်ခဲ့သည့် စာမျက်နှာ ၁၅၃ မျက်နှာပါ အစီရင်ခံစာ ခေါင်းစဉ်အား “ ခင်ဗျားတို့ အတွက် ဆုတောင်းရုံမှ အပ ဘာမှ မရှိ” “All You Can Do is Pray” ဟု ပေးထားပြီး မြန်မာ အာဏာပိုင်များ၊ ဒေသ အာဏာပိုင်များနှင့် ရခိုင်လူမျိုးများသည် ရခိုင်ပြည်နယ်မှ သူတို့ အခေါ် ရိုဟင်ဂျာ မူဆလင်များအား လူမျိုးရေး တိုက်ခိုက်မှုနှင့် လူသား မဆန်သော ရာဇဝတ်မှုများ ကျူးလွန် ခဲ့ကြသည်ဟု စွပ်စွဲပြစ်တင်ထားသည်။

ယခုကဲ့သို့ စွပ်စွဲရေးသားချက်နှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင် တစ်ဦးလည်း ဖြစ် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးလည်း ဖြစ်သော ဦးကို ကိုကြီးက လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ အာရှရေးရာ လက်ထောက်ညွန်ကြားရေးမှူး ဖီးရီလ်း ရောဘတ်ဆင်နှင့် မတ်သရူးစမစ်တို့နှင့် ဧပြီလ ၂၈ ရက်နေ့က ရန်ကုန်တွင် တွေ့ဆုံစဉ် အစီရင်ခံစာမှာ မျှတမူ မရှိ၊ ဘက်လိုက်သည်ဟု တုန့်ပြန် ပြောဆိုခဲ့ကြောင်း ဘီဘီစီ မြန်မာပိုင်းက ဖေါ်ပြသည်။

“ လူ့အခွင့်အရေး ချို့ဖောက်မှုလို့ပြောရင် နိုင်ငံအနှံ့အပြားမှာရှိနေတယ်။ အဲလို ရှိနေတဲ့ကြားမှာမှ ရခိုင်ဒေသ အကြောင်းပြောရင်လည်းဘဲ ဒေသခံ ရခိုင်လူမျိုးတွေ ဘာသာရေး အဆောက် အဦးတွေ မီးချို့ဖျက်ဆီး ခံရတာတွေ၊ သေကြေပျက်စီးဒါတွေ အဲဒါတွေလည်း ရှိနေပါလျှက်နဲ့ တစ်ဘက် တည်းကို ဖော်ပြတယ် ဆိုတာမျိုးက ကျွန်တော်တို့ ဒီမှာ အင်မတန် သတိကြီးစွာ ထားပြီး ပြဿနာ ဖြေရှင်းဖို့ ကြိုးစားနေတဲ့ ကြိုးပမ်းမှုကအတွက်ကို အကျိုးမပြုရုံ မကဘူး။ ကျွန်တော်တို့ဒါ ပြောရရင် တော်တော်လည်း အနှောင့်အချက်ဖြစ်တယ်။ ဘာကြောင့်လည်း ဆိုတော့ သာမန်မြန်မာပြည်သူတွေရဲ့ စိတ်ထဲမှာကိုက ဒီလိုမျိုး တစ်ချိန်တုန်းက ကိုယ့်လူ့အခွင့် ရေးချိုး ဖောက်ခံရတုန်းက ရပ်တည် ပေးခဲ့တယ် ဆိုပြီးတော့ အင်မတန် လေးစားနေတဲ့ အဖွဲ့ အစည်းတွေရဲ့ သတင်းဖော်ပြချက်တွေမှာ အခုအပြောင်းအလဲမှာလည်း ကျတော့ စိတ်ထဲမှာ မကြေမနပ်ဖြစ် လာတယ်။ ဆန့်ကျင် တဲ့ သဘောထားတွေ ဖြစ်လာမယ်ဆို တာမျိုးကို ကျွန်တော်တို့ ကိုယ်တိုင်က မဖြစ်စေချင်ဘူးလို့ ကျွန်တော် သူတို့ကို ပြောပြတယ်” ဟု ဦးကိုကိုကြီးက ဆိုခဲ့သည်။

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုမင်းဇေယျကလည်း အင်တာဗျူး တစ်ခုတွင် HRW အစီရင်ခံစာနှင့် ပတ်သက်ပြီး မဇ္ဈိမ သတင်းဌာနကို ယခုလို ပြောသည်။

“ကျနော်တို့ ၈၈ မျိုးဆက်တွေက နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာခဲ့တဲ့ လူတွေဖြစ်တဲ့အတွက် လူ့အခွင့်အရေး အပေါ်မှာ အလေးအနက် တန်ဖိုးထားတဲ့ လူတွေပါ။ လိပ်ပြာသန့်သန့်နဲ့ ခံယူထားပြီးသားပါ။ Human Rights Watch ရဲ့အစီရင်ခံစာမှာ ဖော်ပြခဲ့တဲ့ စကားလုံး အသုံးအနှုန်း တွေဟာ ကျနော်တို့ စိတ်မကောင်း ဖြစ်ရတယ်။ စကားလုံး တွေက ကျနော်တို့ နိုင်ငံကို စော်ကား နေတယ်လို့ ခံစားရတယ်။ ကျနော်တို့ ကတော့ ကန့်ကွက်မှာပါ ” ဟု ဆိုသည်။

ယခုကဲ့သို့ မြန်မာ အစိုးရ အပါအ၀င် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ လူ့အခွင့် အရေး ပညာပေးဌာန (မြန်မာနိုင်ငံ)၊ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) တို့မှ HRW တို့မှ အစီရင်ခံစာနှင့် တုန့်ပြန် ဝေဖန် ပြောကြားနေချိန်တွင် စွပ်စွဲခံထားရသော ကာယကံရှင် ရခိုင်အဖွဲ့အစည်းများ ထံမှ တစ်စုံတစ်ရာ တုန့်ပြန်ချက်များ ထွက်ရှိလာခြင်း မရှိဘဲ ဖြစ်နေသည်။

ရခိုင်ပြည်နိုင်ငံရေး ပါတီများ ဖြစ်ကြသော ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ၊ ရခိုင်ပြည် အမျိုးသား ညီညွှတ်ရေး ပါတီ၊ ရခိုင်ပြည် ဒီမိုကရက်တစ် ပါတီ၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ) ၊ ရခိုင်အမျိုးသားကောင်စီ၊ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းနှင့် လူငယ်များ အစည်းအရုံး၊ ရက္ခိုင့်တပ်မတော်နှင့် ပြည်တွင်း မှတ်ပုံတင်ခွင့် ရရှိထားသော ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၊ ၀ံလက် ဖေါင်ဒေရှန်းနှင့် ရခိုင်အမျိုးသားကွန်ရက်တို့မှ ယနေ့ အချိန်ထိ အဆိုပါ အစီရင်ခံစာနှင့် ပတ်သက်ပြီး တစ်စုံတရာ တုန့်ပြန် ပြောကြားမူ မရှိသေးဟု ဆိုသည်။

ယခုကဲ့သို့ ရခိုင်လူမျိုးများ အပေါ် ရစရာ မရှိအောင် ကမ္ဘာ့ အရိုင်းအစိုင်း လူမျိုး တစ်မျိုး အဖြစ် ပုံညွှန်း ဖေါ်ပြထားသော HRW ၏ အစီရင်ခံစာနှင့် ပတ်သက်ပြီး ရခိုင် အဖွဲ့အစည်းမှ ယနေ့အချိန်ထိ တစ်စုံတရာ တုန့်ပြန်မူ မပြုလုပ်ကြဘဲ ရေငုံနုတ်ပိတ် နေကြခြင်းမှာ ရခိုင်လူမျိုးများအတွက် တိုက်ပွဲဝင်နေပါသည်ဆိုသော အဆိုပါ အဖွဲ့အစည်းများ အတွက် အထူး ၀မ်းနည်း စရာ ကောင်းနေပါကြောင်း ပြည်တွင်း ပြည်ပရှိ ရခိုင်အမျိုးသားများက ဝေဖန် ပြောဆိုလျှက် ရှိနေကြသည်ဟု သတင်း ရရှိသည်။

No comments: