Thursday, April 25, 2013

တန်ဖိုးနည်း ဆင်းမ်ကဒ်တွေကို ရောင်းပြီ

ABC

မြန်မာနိုင်ငံမှာ ​၁၅၀၀ ​တန် ​တန်ဖိုးနည်း ​sim ​card ​ဆင်းမ်ကဒ်တွေကို ​စတင်ရောင်းချပေးနေပြီး ​နယ်တွေမှာတော့ ​အဓိကကျတဲ့ ​မြို့တွေမှာသာ ​အဓိက ​ရောင်းချပေးနေကြောင်း ​သိရပါတယ်။

တနိုင်ငံလုံးအတွက် ​ဆင်းမ်ကဒ် ​သုံးသိန်းကျော်ကို ​ရောင်းချပေးတာဖြစ်ပြီး ​ရန်ကုန်မြို့တစ်ခုတည်း ​တစ် ​သိန်း ​ကျော် ​ဖြန့် ​ချီ ​ရောင်း ​ချ ​တာ ​ဖြစ်ပါတယ်။

ကယား ​ပြည်နယ် ​မှာတော့ ​လွိုင်ကော်မြို့နယ်နဲ့ ​ဌာနဆိုင်ရာ ​တွေကိုသာ ​အဓိက ​ရောင်းချ ​ပေးသွားတာ ​ဖြစ်ပါတယ်။

ကယားပြည်နယ် ​အတွက် ​ဆင်းမ်ကဒ် ​အခု ​၅၅၀ ​ထဲက ​သုံးပုံတပုံကို ​ဌာနဆိုင်ရာအတွက် ​ချပေးထားပြီး ​လွိုင်ကော်မြို့အတွက် ​၃၅၀ ​နဲ့ ​ကျန်မြို့နယ်တွေအတွက် ​၂၅၀ ​ချမှတ်သွားမယ်လို့ ​ကယားပြည်နယ် ​လမ်းပန်း ​ဆက်သွယ်ရေး ​ဝန်ကြီး ​ဦးချစ်လှက ​ကန္တာရဝတီထိုးမ်စ် ​သတင်းဌာနကို ​ပြောသွားခဲ့ပါတယ်။ 

တနင်္သာရီတိုင်း ​မြိတ်မြိုကနယ်မှာလည်း ​တန်ဖိုးနည်း ​၁၅၀၀ ​ကျပ်တန် ​CDMA ​800 ​MHz ​ဖုန်း ​ဆင်းမ်ကဒ်တွေကို ​စတင်ရောင်းချပေးနေပြီး ​မြိတ်မြို့နယ်အတွက် ​ဆင်းမ်ကဒ် ​၃၀၉၀ ​ချပေးတာဖြစ်ပါတယ်။

အဲဒီထဲက ​တပ်မတော်က ​အခု ​၅၁၀၊ ​ဌာနဆိုင်ရာဝန်ထမ်းတွေအတွက် ​အခု ​၈၀၀ ​နဲ့ ​ပြည်သူတွေအတွက် ​၁၇၈၀ ​ခွဲတမ်းချပေးထားကြောင်း ​သိရပါတယ်။

ဆင်းမ်ကဒ် ​လိုလားသူတွေအနေနဲ့ ​အိမ်ထောင်စုစာရင်းတွေ၊ ​မှတ်ပုံတင်တွေ၊ ​ဓာတ်ပုံတွေနဲ့ ​စာရင်းသွင်းရတာဖြစ်ပြီး ​ထင်သာမြင်သာမှုရှိအောင် ​မဲနှိုက်တဲ့စနစ်ကို ​အသုံးပြုတာဖြစ်ကြောင်းလည်း ​ဌာနဆိုင်ရာ ​ကြော်ငြာတွေမှာ ​တွေ့ရပါတယ်။

တန်ဖိုးနည်းဖုန်းအတွက် ​တာဝါတိုင်တွေကို ​ ရွှေဘေးရွာရှိ ​တာဝါတိုင်နဲ့ ​ မြိတ်ဒေသခံတွေရဲ့အခေါ် ​ကန်ငယ်တောင်မှာ ​တာဝါတိုင်တွေ ​ထားရှိပြီး ​အဲဒီ ​တာဝါတိုင်တွေဟာ ​(၅) ​မိုင် ​ပတ်လည် ​အတွင်းသာ ​အသုံးပြုနိုင်ကြောင်းလည်း ​သိရပါတယ်။

ဒီလိုအခြေအနေကြောင့် ​တချို့ ​ရပ်ကွက်တွေမှာ ​လိုင်းမမိတဲ့အတွက် ​အသုံးပြုဖို့ ​ခက်ခဲနိုင်တယ်လို့ ​ယူဆနေကြပါတယ်။

အဲဒီထဲက ​ကလွင်အုပ်စု၊ ​မြိတ်တောင်အုပ်စု၊ ​စန္ဒ၀တ် ​အုပ်စု၊ ​ကျောက်ဖျာ ​အုပ်စုတွေကတော့ ​လိုင်းအားကောင်းမွန်စွာ ​ရရှိနိုင်တယ်လို့ ​ယူဆနေကြကြောင်းလည်း 

အလွတ်သတင်းထောက် ​ရွှေမြိတ်သားလေး ​ဇော်ဇော်က ​သတင်းပေးပို့ ​ခဲ့ပါတယ်။

MECTel ​အမှတ်တံဆိပ်ပါ ​ဖုန်းတွေရဲ့ ​အထွက်ခေါ်ဆိုမှုက ​တစ်မိနစ်မှာ ​ကျပ် ​၅၀ ​ကုန်ကျမှာဖြစ်ပြီး ​အဝင်ခေါ်ဆိုမှုကတော့ ​အခမဲ့ဖြစ်ကြောင်း ​မြန်မာ ​သတင်းစာတွေအရ ​သိရပါတယ်။

ပြည်ပခေါ်ဆိုဖို့အတွက် ​နိုင်ငံခြားငွေ ​ကြိုတင်ငွေဖြည့်ကဒ်တွေနဲ့ ​အသုံးပြုရမှာဖြစ်ပြီး ​အင်တာနက် ​အသုံးပြုဖို့အတွက် ​သက်ဆိုင်ရာကို ​လျောက်ထား ​ငွေကြေးပေးသွင်းရမှာဖြစ်ကြောင်းလည်း ​ဖော်ပြထားပါတယ်။

No comments: