ABC
မန်မာနိုင်ငံက တရုတ်နိုင်ငံနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးဆက်လက် တည်မြဲအောင် လုပ်ဆောင်လိုကြောင်း မွန်ဂိုးလီးယားနိုင်ငံကို ရောက်ရှိနေတဲ့ အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က
ပြောလိုက်ပါတယ်။
မြန် မာ နိုင် ငံ မှာ ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်လာတာနဲ့ အမျှ အနောက်တိုင်း နိုင်ငံတွေနဲ့ ပိုမိုရင်းနှီးမှု ရှိလာချိန်မှာပဲ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ ထားရှိတဲ့ ရင်းနှီးမှုကို ဆက်လက် ထိန်း သိမ်း လို ကြောင်း ပြော သွား တာ ဖြစ်ပါတယ်။
မွန်ဂိုးလီးယားနိုင်ငံဟာ ပထဝီအနေအထားအရ မြန်မာနိုင်ငံနဲ့ ဆင်တူတဲ့အကြောင်း ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံကြားမှာ တည်ရှိနေတာဟာ တူညီတဲ့အချက်တွေ ဖြစ်တယ်လို့ ပြောပါတယ်။
သမိုင်းအစဉ်အလာအရ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ရော အိန္ဒိယနိုင်ငံနဲ့ပါ ရင်းနှီးမှုရှိခဲ့ပြီး ဒီအတိုင်း ဆက်လက်တည်မြဲအောင် လုပ်ဆောင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီစနစ်ထွန်းကားရေးအတွက် ဆွေးနွေးကြတဲ့ အစည်းအဝေးကို တက်ရောက်နေတာဖြစ်ပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ်အပါအဝင် နိုင်ငံပေါင်း တစ်ရာက ထိပ်တန်း ကိုယ်စားလှယ်တွေလည်း တက်ရောက်နေကြပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ထွန်းကားအောင် နိုင်ငံတကာက အကူအညီတွေ ပေးနေတဲ့အတွက် ဒါကို အလွဲသုံးစားမလုပ်ပဲ မြန်မာနိုင်ငံအနေနဲ့ တိုးတက်အောင်မြင်အောင်လုပ်ဖို့ လိုတဲ့အကြောင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆီရောက်အောင် ကြိုးစားသွားမယ်လို့လည်း ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုရှိဖို့၊ လူ့အခွင့်အရေးလေးစားလိုက်နာဖို့၊ ပြည်သူတွေဘဝ တိုးတက်ဖို့ကို စိတ်ထဲကသာ ရည်ရွယ်တာမဟုတ်ပဲ ဒါဟာ နိုင်ငံအတွက် တကယ်လိုအပ်လို့ ရအောင်လုပ်ဆောင်နေတာလို့လည်း ပြောပါတယ်။
ဒီမိုကရေစီမြင့်တင်ရေး အစည်းအဝေးအတွင်း မွန်ဂိုးလီးယားသမ္မတက ကိုးရီးယားကျွန်းဆွယ်မှာ ဖြစ်နေတဲ့ တင်းမာမှုတွေမှာ ကူညီလိုကြောင်း ဆန္ဒထုတ်ဖော်ပြောဆိုခဲ့တယ်လို့ ကျိုဒိုးသတင်းမှာ ပါရှိပါတယ်။
မွန်ဂိုးလီးယားနိုင်ငံဟာ မြောက်ကိုးရီးယားနိုင်ငံနဲ့ ဆက်ဆံမှုရှိတဲ့အကြောင်း တင်းမာမှု လျော့ချတဲ့အနေနဲ့ မြောက်ကိုးရီးယားနိုင်ငံကိုလည်း သူ့အနေနဲ့ သွားရောက်လည်ပတ်နိုင်ကြောင်း ဒီလိုမှမဟုတ်ရင် ကိုးရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုဟာ အာရှဒေသရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ မွန်ဂိုးလီးယားနိုင်ငံ သမ္မတ Tsakhia Elbegdori က ပြောလိုက်ပါတယ်။
No comments:
Post a Comment