Thursday, April 25, 2013

မြန်မာပဋိပက္ခအပေါ် စိုးရိမ်မကင်းလို့ အင်ဒိုနီးရှားပြော

ABC

အင်ဒိုနီးရှားနိုင်ငံ ​သမ္မတ ​ဆူဆီလို ​ဘမ်ဘန်ယူဒိုရိုနိုရဲ့ ​မြန်မာနိုင်ငံခရီးစဉ်အတွင်း ​မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ ​လူမျိုးရေး၊ ​ဘာသာရေးဆန်တဲ့ ​ပဋိပက္ခတွေအပေါ် ​စိုးရိမ်မကင်းဖြစ်မိကြောင်း ​ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ​ဖြစ်ခဲ့တဲ့ ​ပ ​ဋိ ​ပ ​က္ခ ​တွေ ​အ ​ကြောင်း ​နဲ့ ​မြန်မာနိုင်ငံမှာ ​ဖြစ်နေတဲ့ ​ဒီမိုကရေစီ ​ပြုပြင် ​ပြောင်းလဲမှုတွေ ​အကြောင်းကို ​အင်ဒိုနီးရှားနိုင်ငံ ​သမ္မတနဲ့ ​မြန်မာနိုင်ငံ ​သမ္မတတို့ ​ဆွေးနွေး ​ခဲ့ကြတယ်လို့ ​အင်ဒိုနီးရှား ​နိုင်ငံခြားရေးဝန်ကြီး ​မာတီ ​နာတာလယ်ဂါဝါက ​ပြောပါတယ်။

သမ္မတ ​ဆူဆီလို ​ဘမ်ဘန်ယူဒိုရိုနို ​နဲ့အတူ ​မြန်မာနိုင်ငံကို ​လိုက်ပါသွားတဲ့ ​နိုင်ငံခြားရေးဝန်ကြီး ​မာတီနာတယ်လယ်ဂါဝါက ​မြန်မာအစိုးရအနေနဲ့ ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခနဲ့ ​ပတ်သက်ပြီး ​အကောင်းဆုံး ​ဖြေရှင်းသွားမယ်လို့ ​အင်ဒိုနီးရှားအစိုးရက ​ယုံကြည်ကြောင်း ​ပြောခဲ့ပါတယ်။

လူဦးရေအားဖြင့် ​သန်းပေါင်း ​၂၅၀ ​လောက်ရှိတဲ့ ​အင်ဒိုနီးရှားနိုင်ငံဟာ ​ကမ္ဘာပေါ်က ​အစ္စလာမ်ဘာသာဝင်တွေ ​အများဆုံးရှိရာ ​နိုင်ငံ ​ဖြစ်ပါတယ်။

အင်ဒိုနီးရှားသမ္မတရဲ့ ​မြန်မာနိုင်ငံ ​ခရီးစဉ်အတွင်း ​နှစ်နိုင်ငံ ​ကုန်သွယ်ရေး ​တိုးမြှင့်ရေးနဲ့ ​နှစ်နိုင်ငံကြား ​နားလည်မှု ​စာချွန်လွှာတချို့လည်း ​လက်မှတ်ရေးထိုးခဲ့တယ်လို့ ​သိရပါတယ်။

No comments: